သင့်ခန္ဓာကိုယ်မှာ ဟော်မုန်းမညီမျှကြောင်း ပြသနေသော လက္ခဏာများ

ဟော်မုန်းမညီမျှခြင်းဆိုတာက သင့်ရဲ့သွေးစီးဆင်းမှုမှာ ဟော်မုန်းတွေ လိုအပ်တာထက်ပိုပြီးများနေတာ၊ ဒါမှမဟုတ် ရှိသင့်တဲ့ဟော်မုန်းပမာဏထက်လျော့နည်းနေတာမျိုးတွေပဲဖြစ်ပါတယ်။ ဟော်မုန်းတွေက ကျွန်တော်တို့ခန္ဓာကိုယ်မှာ အခြားသောအဂါၤရပ်တွေနဲ့ ဆက်သွယ်ထားတာလည်းဖြစ်ပါတယ်။ ဘယ်လိုဟော်မုန်းမဆို များလွန်းပြန်ရင်လည်း မကောင်းဘဲ နည်းလွန်းပြန်ရင်လည်း အဆင်မပြေနိုင်ပါဘူး။ ဟော်မုန်းအပြောင်းအလဲတွေဖြစ်တဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဟော်မုန်းမညီမျှမှုတွေဖြစ်နေကြောင်းကို လက္ခဏာတွေပြသနေတတ်ပါတယ်။ ဘယ်လိုလက္ခဏာမျိုးတွေလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံး။


၁) မောပန်းလွယ်ခြင်း
ပုံမှန်မဟုတ်ဘဲ မောနေတာမျိုး၊ ဘာကိုမှ ပင်ပင်ပန်းပန်းမလုပ်လိုက်ရဘဲ မောပန်းနေတာမျိုး၊ လုံလောက်စွာအနားယူနေရင်းနဲ့တောင် မောပန်းနေတာမျိုးက သင့်ရဲ့ဟော်မုန်းတွေ မမျှတဘူးဆိုတာကို ပြသနေတာဘဲ ဖြစ်ပါတယ်။ အထူးသဖြင့် သင့်ရဲ့ သိုင်းဂွိုက်ဟော်မုန်းလိုမျိုးပေါ့။ နာတာရှည်မောပန်းလွယ်ခြင်းဟာ သိုင်းဂွိုင်းဟော်မုန်းနဲ့ပတ်သက်နေတယ်လို့ လေ့လာချက်တွေအရသိရပါတယ်။ သိုင်းဂွိုက်ဟော်မုန်းက စွမ်းအင်ထုတ်လုပ်ခြင်းနဲ့ ဇီဝဖြစ်ပျက်မှုတွေကို ပုံမုန်ဖြစ်ဖို့လုပ်ဆောင်ပေးတာဖြစ်ပါတယ်။ ________________________________________၂) ဝက်ခြံထွက်ခြင်း
ဟော်မုန်းမညီမျှတဲ့အခါ အရေပြားဟာ ပြောင်းလဲသွားနိုင်ပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်မှာ ပိုပြီးဖြစ်တတ်ပါတယ်။ ဟော်မုန်းတွေ ပိုပြီးဖွံ့ဖြိုးလာတဲ့အတွက်ကြောင့်ပါ။ လေ့လာချက်အရ dihydrotestosterone (DHT) နဲ့ DHEA ဟော်မုန်းတွေက အရေပြားမှာ အဆီထုတ်လုပ်ခြင်းကို အဓိကလုပ်ဆောင်ပါတယ်။ အဲဒါကြောင့် ဝက်ခြံတွေစြဖ်ပေါ်လာနိုင်ပါတယ်။ ထိုဟော်မုန်းနှစ်မျိုး မျှတနေတဲ့အခါမှာတော့ အဆီထုတ်လုပ်မှုက ပုံမုန်ဖြစ်စေပါတယ်။
၃) ခန္ဓာကိုယ်ဝိတ်အပြောင်းအလဲ ဖြစ်ခြင်း
ရုတ်တရက် သင့်ခန္ဓာကိုယ်ဝိတ်အပြောင်းအလဲဖြစ်သွားတာမျိုးဆိုရင်လည်း သိုင်းဂွိုက်ဟော်မုန်းကြောင့်ဖြစ်နိုင်ပါတယ်။ အစားအသောက်ကို အထူးတလည်ပြုပြင်ပြောင်းလဲလိုက်တာမျိုးမရှိဘဲ ချက်ချင်းကြီး အကြောင်းပြချက်မရှိ ဝိတ်ပြောင်းလဲသွားတာက သင့်ရဲ့သိုင်းဂွိုက်ဟော်မုန်း နည်းခြင်း သို့မဟုတ် များခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ သိုင်းဂွိုက်ဟော်မုန်းက သင့်ရဲ့ခန္ဓာကိုယ်အလေးချိန်ကိုလည်း ပုံမှန်ဖြစ်အောင် ထိန်းပေးပါတယ်။
၄) ခံစားချက်အပြောင်းအလဲများခြင်း
မရှင်းပြနိုင်ဘဲ သင့်စိတ်ခံစားချက်က ချက်ချင်းအပြောင်းအလဲဖြစ်နေတာမျိုးက estrogen ဟော်မုန်းမမျှတမှုကြောင့်ပါ။ လေ့လာချက်အရ estrogen ဟော်မုန်းက အာရုံကြောနဲ့သင့်ဦးနှောက်ကိုဆက်စပ်နေပြီး သင့်ရဲ့ခံစားချက်အပေါ်သက်ရောက်မှုရှိပါတယ်။ ထို estrogen ဟော်မုန်းများခြင်းနည်းခြင်းပေါ်မူတည်ပြီး သင့်စိတ်ခံစားချက်ကလည်း ပြောင်းလဲမှုရှိပါတယ်။
၅) အိပ်စက်ဖို့ခက်ခဲခြင်း
ဟော်မုန်းမမျှတခြင်းက အိပ်စက်မှုပေါ်လည်း သက်ရောက်စေပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ အိပ်စက်ချိန်နည်းခြင်း သို့မဟုတ် အိပ်မရခြင်းကဲ့သို့ ရောဂါမျိုးတွေကို ရာသီစက်ဝန်းဖြစ်ပေါ်စဉ် သို့မဟုတ် ကိုယ်ဝန်ဆောင်စဉ်မှာ ဖြစ်လေ့ရှိပါတယ်။ ထိုအချိန်မှာ ဟော်မုန်းပမာဏက အပြောင်းအလဲရှိနေတာကြောင့်ပါ။
၆) ရာသီစက်ဝန်းပြောင်းလဲခြင်း
ပုံမှန် ရာသီစက်ဝန်းဖြစ်ပေါ်တဲ့အခါ သင့်ရဲ့ဟော်မုန်းက ပုံမှန်ဖြစ်ပါတယ်။ သင့်ရဲ့ရာသီစက်ဝန်းပုံမှန်မဖြစ်နိုင်တဲ့အခါမှာတော့ ဟော်မုန်းမညီမျှမှုတွေဖြစ်လာပါတယ်။
အထက်ကလက္ခဏာတွေကတော့ ဟော်မုန်းမညီမျှတဲ့အခါ ဖြစ်တတ်တဲ့လက္ခဏာတွေဖြစ်ပါတယ်။ ဟော်မုန်းမညီမျှစေတဲ့ အနေအထိုင်အစားသောက်တွေကြောင့်လည်း ဟော်မုန်းဓာတ်မမျှတမှုဖြစ်နိုင်ပါတယ်။ နောက်ထပ်ဆောင်းပါးတွေမှာလည်း ဟော်မုန်းမညီမျှစေတဲ့ အပြုအမူအနေအထိုင်တွေကို သတိထားနိုင်အောင် ဖော်ပြပေးသွားပါအုံးမယ်။
https://blog.paleohacks.com/hormone-balancing-foods/# လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။