သင့်အစာခြေစနစ်ပိုမို ကောင်းမွန်စေရန် လုပ်သင့်တဲ့အရာများ

အစာခြေစနစ်ဆိုတာက လူတစ်ယောက်အတွက် အတော်အရေးပါတဲ့စနစ်တစ်ခုပါပဲ။ ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူးဆိုတဲ့စကားလို သမုဒ္ဒရာဝမ်းတထွာသာရှိပေမယ့် ထိုဝမ်းတထွာလောက်ကို ဂရုမစိုက်မိရင်တော့ သင့်ကိုဒုက္ခလှလှပေးပါလိမ့်မယ်။ အဲဒါကြောင့် ဖြစ်လာမှ ကုတာထက်စာရင် မဖြစ်ခင် ကိုယ့်ရဲ့နေ့စဥ်နေထိုင်မှုပုံစံကိုသာ သတိလေးနဲ့ဆင်ခြင်သွားနိုင်ပါတယ်။ ဘယ်လိုနေထိုင်သင့်သလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံးနော်။


၁) ရေများများသောက်ပါ။
ရေကို တစ်နေ့တာလိုအပ်တဲ့ပမာဏ ရအောင် သောက်ပေးသင့်ပါတယ်။ ရေသောက်နည်းတဲ့အခါ ခန္ဓာကိုယ်မှာလည်း ရေဓာတ်ဆုံးရှုံးပြီး အစာခြေဖို့အခက်အခဲဖြစ်စေနိုင်ပါတယ်။

၂) အမျှင်ဓာတ်ကြွယ်ဝအောင်စားပေးပါ။
အူမကြီးလှုပ်ရှားမှုပိုကောင်းစေဖို့ အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစ‌တွေပိုစားပေးသင့်ပါတယ်။ အသီးအရွက်၊ အသီးအနှံ၊ အစေ့အဆံတွေ စားပေးခြင်းက အမျှင်ဓာတ်ပိုရစေပြီး အစာခြေဖို့အထောက်အကူပြုတာမို့ အစာမကြေဖြစ်ခြင်းမှ ကာကွယ်နိုင်ပါတယ်။

၃) စိတ်ဖိစိးမှုကိုလျော့ချပါ။
စိတ်ဖိစီးမှုများတဲ့အခါ အစာမကြေဘဲ ရင်ပူခြင်း၊ လေပွခြင်းစတဲ့ပြဿနာတွေဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် အတတ်နိုင်ဆုံးစိတ်ဖိစီးမှုကို လျော့ချပါ။ တရားထိုင်ခြင်းကဲ့သို့ စိတ်တည်ငြိမ်စေတဲ့အရာတွေကို ပိုလုပ်ပေးပါ။

၄) ကိုယ်လက်လှုပ်ရှားမှုရှိပါစေ။
ကိုယ်လက်လှုပ်ရှားမှုက လုပ်တဲ့နေ့အပြင်းအထန်လုပ်ပြီး မလုပ်တဲ့နေ့ကျမလုပ်လို့ မရပါဘူး။ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုခြင်းကသာ ကျန်းမာရေးကိုအထောက်အကူပြုပြီး အစာခြေစနစ်ကို ကူညီနိုင်တာဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ပေးပါ။

၅) အစာကိုကြေညက်အောင်ဝါးစားပါ။
အစားကို အလောတကြီး နဲ့ ပလုတ်ပလောင်းစားခြင်းက အစာမကြေစေပါဘူး။ ပုံမှန်လေး ကြေညက်အောင်ဝါးခြင်းကသာ အစာပိုကြေဖို့ရာအထောက်အကူပြုပါတယ်။ အဲဒါကြောင့် အစာကို အချိန်မှန်နဲ့ ကြေညက်အောင်ဝါးစားပေးပါ။
နောက်ထပ်သတိထားသင့်တာကတော့ ဆီကြော်တွေ၊ အသင့်စားအစာတွေကို လျှော့စားပါ။ အရက်၊ ကဖင်း၊ ဆေးလိပ်တွေကိုလည်း လျှော့သင့်ပါတယ်လို့ အစာခြေလွယ်စေမယ့် အလွယ်ဆုံးနည်းလမ်းတွေကို ဖော်ပြပေးလိုက်ရပါတယ်.။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။