စံပယ်ပန်းရေနွေးကြမ်းရဲ့အကျိုးကျေးဇူးများ

စံပယ်ပန်းလက်ဖက်ရည်က နှလုံးရောဂါ၊ ဆီးချိုနဲ့ ကင်ဆာအပါအဝင် အခြားသောအဖျားအနာရောဂါအတော်များများကို ကာကွယ်နိုင်ပါတယ်။ antioxidants တွေပါဝင်ခြင်းကြောင့် အရေပြားကိုလည်းလှပကြည်လင်စေပြီး ခုခံအားလည်းတိုးစေပါတယ်။ စံပယ်ပန်းအဖူးလေးတွေကို နေလှမ်းပြီး ရေနွေးထဲထည့်ပြီး ခပ်သောက်ရတာဖြစ်ပါတယ်။ စံပယ်ပန်းရေနွေးကြမ်းရဲ့အကျိုးကျေးဇူးတွေကတော့…


၁) စွမ်းအင်တိုးစေခြင်း
ရေနွေးကြမ်းရဲ့အာနိသင်အရ သဘာဝကဖင်းဓာတ်ပါဝင်ခြင်းကြောင့် တစ်နေ့တာလုံးလန်းဆန်းကြည်လင်စေပြီး တက်ကြွနေစေကာ အာရုံစူးစိုက်မှုကောင်းမွန်စေပါတယ်။

၂) ဝိတ်ကျစေခြင်း
ကယ်လိုရီနဲ့အဆီတွေကို လောင်ကျွမ်းစေတာကြောင့် ဝိတ်ကျဖို့အကူအညီဖြစ်စေပါတယ်။ သဘာဝအရ ကယ်လိုရီနည်းတာကြောင့် ဝိတ်တက်မှာကိုလည်း စိုးရိမ်နေစရာမလိုတော့ပါဘူး။

၃) ကင်ဆာရောဂါဖြစ်ပွားမှုကို လျော့ကျစေခြင်း
ခန္ဓာကိုယ်ထဲက ်free radicals တွေကို ဖယ်ရှားပေးနိုင်တဲ့ antioxidants ကြွယ်ဝစွာပါဝင်တာကြောင့် အာရုံကြောရောဂါတွေနဲ့ ကင်ဆာဖြစ်ပွားနိုင်ချေလျော့ကျစေပါတယ်။

၄) နှလုံးရောဂါဖြစ်ပွားမှုကို လျော့ကျစေခြင်း
နှလုံးကျန်းမာစေခြင်းက အသက်ရှည်စေပြီး ဘဝမှာသက်တမ်းရှည်ကြာစွာနေနိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။ Catechins ပါဝင်ခြင်းကြောင့် ကိုလက်စထရော ကျစေပြီး သွေးကြောတွေနဲ့သွေးလွှတ်ကြောမကြီးရောင်ရမ်းခြင်းကိုသက်သာစေပါတယ်။ မကောင်းတဲ့ကိုလက်စထရောတွေလျော့ကျစေခြင်းက သွေးတိုးခြင်းကိုလည်းသက်သာစေပါတယ်။

၅) စိတ်ဖိစီးမှုပြေလျော့စေခြင်း
တစ်နေ့တာလုံးလန်းဆန်းနေစေပြီး တက်ကြွမှုကြောင့် စိတ်ဖိစီးမှုတွေကို ပြေလျော့စေနိုင်ပါတယ်။

၆) အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်ပွားမှုလျော့ကျစေခြင်း
စံပယ်ပန်းရေနွေးကြမ်းသောက်ခြင်းကြောင့် အင်ဆူလင်ကိုထိန်းချုပ်ပေးနိုင်တာကြောင့် ဆီးချိုသွေးချိုရောဂါတွေကိုလည်း ထိန်းချုပ်ပေးပါတယ်။

၇) ခုခံအားတိုးစေခြင်း
Antioxidant ကြွယ်ဝခြင်းကြောင့် ခုခံအားတိုးစေပြီး အအေးမိတုတ်ကွေးဖျားနာကဲ့သို့ ကူးစက်မှုမျိုးကိုလည်း တိုက်ဖျက်နိုင်ပါတယ်။

၈) လေးဖက်နာကြောင့်အရိုးအဆစ်ကိုက်ခဲခြင်းကိုသက်သာစေခြင်း
ရောင်ရမ်းမှုကို လျော့ကျစေတဲ့အာနိသင်ရှိတာကြောင့် လေးဖက်နာရောဂါနဲ့ အရိုးအဆစ်ကိုက်ခဲခြင်းကို သက်သာစေပါတယ်။

၉) အရေပြားကျန်းမာလှပစေခြင်း
ဘက်တီးရီးယားတွေကို သေစေတဲ့အစွမ်းရှိပြီးရောင်ရမ်းမှုကိုလျော့ကျစေတဲ့အစွမ်းရှိတာကြောင့် အရေပြားကို ကျန်းမာလှပစေပါတယ်။ အနီစက်တွေနဲ့ အနာတွေကို သက်သာစေပါတယ်။
https://www.cupandleaf.com/blog/jasmine-tea-benefits

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။