အပ်မှိုစားခြင်းရဲ့ ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ

အပ်မှိုဆိုတာက ရှည်ပြီးပါးသွယ်တဲ့ခေါင်းစွပ်ပုံစံမှိုတစ်မျိုးဖြစ်ပါတယ်။ တရုတ်၊ ဂျပန်နဲ့ ကိုရီးယားမှာအသုံးများပြီး မြန်မာနိုင်ငံမှာလည်း အတွေ့များလာပါပြီ။ အပ်မှိုအမျိုးအစားအမျိုးမျိုးရှိပါတယ်။ အပ်မှိုစားခြင်းက ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။ အသည်းရောဂါကိုကာကွယ်နိုင်ခြင်း၊ ကင်ဆာဖြစ်ပွားမှုလျော့ကျစေခြင်း၊ အစာအိမ်ရောဂါ၊ ကိုလက်စထရောပမာဏလျော့ကျစေခြင်း၊ သွေးဖိအားကျစေခြင်း၊ အိုမင်းရင့်ရော်ခြင်းကိုသက်သာစေခြင်း စတဲ့အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။


၁) ခုခံစွမ်းအားတိုးစေခြင်း
အပ်မှိုမှာ thiamin ၊ niacin ၊ potassium ၊ riboflavin ၊ pantothenic acid ၊ calcium ၊ copper ၊ iron ၊ selenium နဲ့ antioxidants ပါဝင်မှုကြောင့် ခုခံစွမ်းအားတိုးစေပါတယ်။ တရုတ်ရိုးရာနဲ့ ဂျပန်ရိုးရာဆေးဝါးတွေမှာ ထည့်သွင်းအသုံးချကြပါတယ်။ အသည်းရောဂါတွေကို သက်သာစေပြီး ကိုလက်စထရော မြင့်မားခြင်း၊ အစာအိမ်နာခြင်းနဲ့ သွေးတိုးခြင်းကို သက်သာစေပါတယ်။
၂) သင့်ခန္ဓာကိုယ်က အဆီတွေလျော့ကျစေခြင်း
conjugated linoleic acid (CLA) ဓာတ်ပါဝင်တဲ့အဓိက အရင်းမြစ်ဖြစ်တဲ့အတွက် သင့်ခန္ဓာကိုယ်က အဆီတွေကို လျော့ကျစေဖို့ ကူညီပေးပါတယ်။ ဝိတ်ကျခြင်းနဲ့အလားတူအကျိုးကျေးဇူးမျိုးဖြစ်ပါတယ်။ အူထဲက အဆီတွေကိုလည်း linoleic acid ကလျော့ကျစေပါတယ်။
၃) ခန္ဓာကိုယ်တွင်းသကြားပမာဏကိုထိန်းချုပ်ပေးခြင်း
အမျှင်ဓာတ်မြင့်မားတဲ့အတွက်ကြောင့် သင့်ရဲ့ကိုလက်စထရောပမာဏကိုလျော့ချပေးပြီး ဝိတ်တက်ခြင်းကိုလျော့ချပေးနိုင်ပါတယ်။ dietary fiber ရဲ့နောက်ထပ်အကျိုးတစ်ခုကတော့ သွေးထဲကသကြားဓာတ်ပမာဏမြင့်မားခြင်းကို ထိန်းချုပ်ပေးနိုင်ပါတယ်။ သွေးထဲက ကလူးကိုစ့်ကိုထိန်းချုပ်ပေးခြင်းကြောင့် သကြားဓာတ်နည်းစေပါတယ်။ တနည်းအားဖြင့်ဆိုရင် ဆီးချိုသွေးချိုကို လျော့ကျစေဖို့ အထောက်အကူဖြစ်စေပါတယ်။
၄) အူမကြီးလုပ်ဆောင်ချက်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးခြင်း
အမျှင်ဓာတ်ကြောင့် အူမကြီးလုပ်ဆောင်ချက်ကို ကောင်းမွန်စေတဲ့အတွက် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။ အမျှင်ဓာတ်မလုံလောက်တဲ့အခါ အူမကြီးလုပ်ဆောင်ချက်ကို အနှောင့်အယှက်ဖြစ်စေပြီး ဝမ်းချုပ်စေနိုင်ပါတယ်။ အပ်မှိုမှာ ကယ်လိုရီနည်းပြီး အမျှင်ဓာတ်များတဲ့အတွက် ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ပါတယ်။
၅) ဉာဏ်ရည်တိုးတက်စေခြင်း
အပ်မှိုမှာ အမှိုင်နိုအက်ဆစ်ပါဝင်တာကြောင့် စိတ်ပိုင်းဆိုင်ရာကောင်းမွန်စေပြီး မှတ်ဉာဏ်ကောင်းစေပါတယ်။ ကလေးတွေဉာဏ်ရည်ကောင်းမွန်စေဖို့အတွက် အသုံးဝင်ပြိး အသက်အရွယ်ကြောင့် မေ့လျော့ခြင်းကိုလည်း သက်သာစေပါတယ်။
၆) ဓာတ်မတည့်မှုဖြစ်ခြင်းကိုကာကွယ်ပေးနိုင်ခြင်း
အပ်မှိုက ရင်ကြပ်ခြင်း၊ နှာမွှန်ခြင်း၊ နှင်းခူဖြစ်ခြင်းစတဲ့ဓာတ်မတည့်မှုတွေကြောင့်ဖြစ်တတ်တဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။
၇) သွေးတွင်းအဆီများခြင်းကို လျော့ကျစေခြင်း
သွေးတွင်းအဆီများခြင်းကို ကာကွယ်ပေးဖို့ ကူညီနိုင်ပါတယ်။ ကိုလက်စထရော လျော့ကျစေပြီး နှလုံးသွေးကြောဆိုင်ရာရောဂါတွေဖြစ်ပွားခြင်းကို လျှော့နည်းစေနိုင်ပါတယ်။
၈) ဇီဝကမ္မဖြစ်စဉ်တွေ မြင့်တင်ပေးနိုင်ခြင်း
အပ်မှိုကိုပုံမှန်စားသုံးခြင်းက ခန္ဓာကိုယ်ထဲက ဇီဝကမ္မဖြစ်စဉ်တွေကို တိုးတက်စေပြီး ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုလုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပါတယ်။ အာဟာရစုပ်ယူမှုကို မြင့်တင်ပေးနိုင်ပါတယ်။
https://www.healthbenefitstimes.com/health-benefits-of-eno…/ လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။