ခံတွင်းအနံ့ဆိုးစေသော အကြောင်းရင်းများ

ခံတွင်းအနံ့ဆိုးခြင်းက အဖြစ်များပြီး အရွယ်ရောက်တဲ့လူတွေမှာ အခြေအနေအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ သင်စားလိုက်တဲ့အစားအစာကြောင့် ဒါမှမဟုတ် အာခံတွင်းကျန်းမာရေးအခြေအနေကို ပြသနေတာမျိုးလည်း ဖြစ်နိုင်ပါတယ် ။ ခံတွင်း သန့်ရှင်းမှုအားနည်းရင်လည်း ခံတွင်းအနံ့ဆိုးထွက်နိုင်ပါတယ်။ သင့်ရဲ့သွားတွေနဲ့သင့်ရဲ့ပါးစပ်ကို ပုံမှန်သန့်ရှင်းရေးမလုပ်ဘူးဆိုရင် အစားအစာတွေက သင့်ရဲ့သွားနဲ့အာခံတွင်းမှာ ကြွင်းကျန်ခဲ့နိုင်ပါတယ်။ အဲဒီ့အခါ သင့်ရဲ့ပါးစပ်နဲ့သွားကြိုသွားကြားမှာ ဘက်တီးရီးယားတွေဖြစ်ပေါ်လာနိုင်ပါတယ်။ အာခံတွင်းမသန့်ရှင်းခြင်းက အခြားသော ကျန်းမာရေးပြဿနာတွေလည်း ဖြစ်စေနိုင်ပါတယ်။ အောက်ပါအကြောင်းရင်းတွေကတော့ ခံတွင်းအနံ့ဆိုးစေတဲ့ ဖြစ်နိုင်ချေများသော အကြောင်းရင်းတွေပဲဖြစ်ပါတယ်။


၁) အနံ့ပြင်းသော အစားအစာတွေစားခြင်း
ကြက်သွန်နီ၊ ကြက်သွန်ဖြူကဲ့သို့ အနံ့ပြင်းသော အစားအစာတွေစားပြီးတဲ့အခါမှာလည်း ခံတွင်းအနံ့ဆိုးဝါးစေနိုင်ပါတယ်။ အနံ့ပြင်းသော အစားအစာတွေစားပြီးတဲ့အခါမှာ ထိုအစားအစာအမှုန်လေးတွေကို သွေးစီးကြောင်းက သယ်ဆောင်သွားပြီး အဆုတ်ထံပို့ပေးပါတယ်။ အဆုတ်ထဲရောက်သွားတဲ့အခါ အသက်ရှုသွင်းရှုထုတ်လုပ်လိုက်တဲ့အခါ ထိုအနံ့တွေထွက်လာတာဖြစ်ပါတယ်။

၂) ကော်ဖီသောက်ခြင်း
သင်ကကော်ဖီကို ကြိက်နှစ်သက်တဲ့သူဆိုရင်တော့ သင့်ခံတွင်းအနံ့ဆိုးထွက်တာကို သင်ခံစားရမှာပါ။ ကော်ဖီသောက်ပြီးတဲ့အခါ ကော်ဖီက သွားရည်ထုတ်ခြင်းကို ရပ်တန့်စေပါတယ်။ ခံတွင်းမှာ သွားရည်ထုတ်လုပ်ခြင်းနည်းပါးသွားတဲ့အခါ သင်ခံတွင်းမှာ ဘက်တီးရီးယားတွေပေါက်ဖွားဖို့လွယ်ကူစေပါတယ်။ ထိုဘက်တီးရီးယားတွေကြောင့် ခံတွင်းမှာ အနံ့ဆိုးထွက်လာစေနိုင်ပါတယ်။

၃) အရက်သောက်ခြင်း
အရက်သောက်ထားတဲ့အခါမှာလည်း အာခံတွင်းထဲ သွားရည်ထုတ်လုပ်ခြင်းကို လျော့ကျစေပါတယ်။ ကော်ဖီသောက်တတ်သူလိုပဲ အာခံတွင်းထဲ သွားရည်မထုတ်လုပ်နိုင်တဲ့အခါ ဘက်တီးရီးယားတွေ ပေါက်ဖွားလာစေပြီး အနံ့ဆိုးစေပါတယ်။

၄) အချိုများတဲ့အစားအစာများစားခြင်း
အချိုများတဲ့အစားအစာတွေနဲ့ ပရိုတင်းဓာတ်ပါဝင်တဲ့အစားအစာတွေက အနံ့ဆိုးထွက်စေပါတယ်။ သကြားဓာတ်များတဲ့အစားအစာတွေက သင့်ခံတွင်းထဲမှာ အလိုအလျောက်ကို ဘက်တီးရီးယားတွေပေါက်ဖွားစေပါတယ်။ အချိုဓာတ်က သင့်ရဲ့အနံ့ကို ဆိုးဝါးစေပါတယ်။

၅) ပရိုတင်းဓာတ်များတဲ့အစားအစာစားခြင်း
Carbohydrates က ကျွန်တော်တို့ခန္ဓာကိုယ်အတွက် အရေးကြီးပါတယ်။ ကာဗွန်ဟိုက်ဒရိတ်နည်းတဲ့အခါ အနံ့ဆိုးထွက်စေပါတယ်။ သင့်ခန္ဓာကိုယ်မှာ ကာဗွန်ဟိုက်ဒရိတ်မလုံလောက်တဲ့အခါ ကျွန်တော်တို့ခန္ဓာကိုယ်မှာ ဇီဝကမ္မဖြစ်စဉ်တွေ ကမောက်ကမဖြစ်စေပြီး ခံတွင်းကို အနံ့ဆိုးဖြစ်စေပါတယ်။
ပရိုတင်းဓာတ်များတဲ့အစားအစာတွေက တခါတရံ သင့်ခန္ဓာကိုယ်မှာ အစာခြေဖို့ခက်ခဲစေပြီး ဂတ်စ်တွေထုတ်လွှတ်စေပါတယ်။

၆) ဆေးလိပ်သောက်ခြင်း
ဆေးရွက်ကြီးထုတ်ကုန်တွေက အနံ့ဆိုးထွက်စေပါတယ်။ ကျန်းမာရေးကိုလည်း ဆိုးဝါးစွာထိခိုက်စေနိုင်ပါတယ်။ သွားဖုံးကိုလည်း ပျက်စီးစေပြီး သွားဖုံးရောဂါတွေလည်းဖြစ်စေပါတယ်။

၇) အစာခြေစနစ်ပြဿနာများဖြစ်ခြင်း
အစာခြေစနစ်ပြဿနာ၊ ဝမ်းချုပ်ခြင်း၊ အူမကြီးဆိုင်ရာပြဿနာများရှိခြင်းက သင့်အာခံတွင်းကိုအနံ့ဆိုးစေပါတယ်။

၈) အာခံတွင်းခြောက်သွေ့ခြင်း
သွားရည်က သင့်ခံတွင်းကို သန့်ရှင်းဖို့နဲ့ စားကြွင်းစားကျန်တွေကို ဖယ်ရှားပေးပါတယ်။ အာခံတွင်းခြောက်သွေ့တဲ့အခါ အနံ့ဆိုးတွေ ထွက်လာစေပါတယ်။

၉) ရေရှည်သောက်နေရသောဆေးဝါးများ
ဆေးညွှန်းတွေကို ရေရှည်သောက်သုံးနေရတယ်ဆိုရင်လည်း ဘေးထွက်ဆိုးကျိုးအနေနဲ့ ခံတွင်းခြောက်သွေ့ခြင်းဖြစ်ပေါ်စေနိုင်ပါတယ်။ သင့်ခံတွင်းခြောက်သွေ့နေတဲ့အခါ သွားရည်ထုတ်ခြင်းလျော့နည်းသွားပါတယ်။ ဘက်တီးရီးယားပေါက်ဖွားနိုင်ပါတယ်။ အဲဒီ့အခါ အနံ့ဆိုးထွက်ပေါ်လာစေပါတယ်။ တခါတရံမှာ ဆေးဝါးတွေက ခန္ဓာကိုယ်တွင်းရောက်သောအခါမှသာ ဓာတ်ပြိုကွဲမှုဖြစ်ပေါ်ပြီး သင့်သွေးစီးကြောင်းကနေတဆင့် အသက်ရှုထုတ်တဲ့ဆီ အနံ့ရောက်စေပါတယ်။

ခံတွင်းအနံ့ဆိုးစေတဲ့အခြားသော အကြောင်းအရာတွေကတော့ အခြားသောကျန်းမာရေးအခြေအနေတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ အသည်း၊ ကျောက်ကပ်၊ ဆီးချိုသွေးချို၊ အခြားအသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာများကြောင့်လည်းဖြစ်နိုင်ပါတယ်။ ယေဘုယျအားဖြင့်တော့အထက်ပါအကြောင်းအရာတွေက ပုံမှန်လူတစ်ယောက်မှာ ခံတွင်းအနံ့ဆိုးခြင်းကို ဖြစ်နိုင်ချေများတဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။ https://www.listerine.com/fresh-breath/causes-bad-breath လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။