ပုန်းရည်ကြီးရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ

ပုန်းရည်ကြီးဆိုတာက မြန်မာလူမျိုးတွေရဲ့ အကြိုက်ဖြစ်သလို ပဲပိစပ်ကိုအချဉ်ဖောက်ပြီးပြုလုပ်ထားတဲ့အတွက် အာဟာရပြည့်ဝကာ ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။ ပုန်းရည်ကြီး အသားတွေနဲ့ပဲရောချက်ချက်၊ ကြက်သွန်နီလေးလှီးပြီးသုတ်စားစား ခံတွင်းတွေ့စေတာမို့ လူကြိုက်များကြတာမို့ ပုန်းရည်ကြီးရဲ့ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) antioxidant ကြွယ်ဝခြင်း
ပုန်းရည်ကြီးမှာ antioxidants ကြွယ်ဝစွာပါဝင်တာကြောင့် free radicals တွေကြောင့် ကျန်းမာရေးထိခိုက်ခြင်း၊ နာတာရှည်ရောဂါတွေ ဥပမာ ရင်သား၊ အူမကြီး၊ ဆီးကျိတ်၊ အဆုတ်ကင်ဆာရောဂါဖြစ်ပွားနိုင်ချေလျှော့ကျစေနိုင်ပါတယ်။

၂) Vitamin B ကြွယ်ဝခြင်း
Vitamin B ကြွယ်ဝစွာပါဝင်ပြီး အထူးသဖြင့် Vitamin B12 ပါဝင်ခြင်းကြောင့်ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။

၃) အစာခြေလွယ်စေခြင်း
အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်မှုကြောင့် အစာခြေလွယ်စေပြီး အူထဲမှာ ကျန်းမာရေးကိုအကျိုးပြုတဲ့ probiotics
တွေသိုလှောင်ပေးနိုင်ပါတယ်။ အစာခြေလမ်းကြောင်းမှာ အစာချေဖျက်လွယ်စေဖို့ ကူညီနိုင်ပါတယ်။

၄) ဝိတ်ကျစေခြင်း
ကာဗွန်ဟိုက်ဒရိတ်နဲ့ သကြားပါဝင်မှုနည်းပါးစေပြီး အဆီလျော့ကျစေတာကြောင့် ဝိတ်တက်မှုကိုထိန်းထားနိုင်ပါတယ်။ အစာစားချင်စိတ်ကိုလည်း ထိန်းထားပေးနိုင်ပါတယ်။

၅) ကိုလက်စထရောကျစေခြင်း
ခန္ဓာကိုယ်အတွက် မကောင်းတဲ့ကိုလက်စထရောတွေလျော့ကျစေတာကြောင့် နှလုံးရောဂါနဲ့ ရုတ်တရက်လေဖြတ်ခြင်းဖြစ်ပွားမှုလျော့နည်းစေပါတယ်။

၆) ခုခံအားတိုးစေခြင်း
essential amino acids တော်တော်များများပါဝင်တဲ့အပြင် အအေးမိ၊ နှာစေးဖြစ်ပေါ်ခြင်းကို တိုက်ဖျက်နိုင်တဲ့ အကျိုးပြုဘက်တီးရီးယားတွေပါဝင်တာကြောင့် ခန္ဓာကိုယ်ခုခံအားတိုးစေပါတယ်။
#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။