ရည်မှန်းချက်ရှိသူနဲ့ ရည်မှန်းချက်မရှိသူကြားခြားနားချက်များ

ဘဝရည်မှန်းချက်ရှိသူတွေဟာ ဘဝမှာဘာဖြစ်ရမယ်၊ ဘယ်လိုလုပ်မယ်ဆိုတဲ့ကြိုတင်တွေးတောမှုရှိပြီး ကြိုတင်စီစဉ်မှုတွေရှိကြပါတယ်။ အဲဒီလိုကြိုတင်စီစဉ်မှုကြောင့် သူတို့မှန်းထားသမျှရဲ့ ၁၀၀ရာခိုင်နှုန်းမဖြစ်နိုင်ရင်တောင် အနည်းဆုံး ၅၀ရာခိုင်နှုန်းလောက်တော့ဖြစ်လာနိုင်ပါတယ်။ အဲဒါအပြင် သင်ခန်းစာမျိုးရနိုင်တာကြောင့် သင်ခန်းစာတွေကနေ သင်ယူနိုင်ပါတယ်။ ရည်မှန်းချက်ရှိသူရဲ့ဘဝဟာ စီမံကိန်းတွေနဲ့ပြည့်နှက်နေတာကြောင့် အချိန်ကိုအခြားသူထက်အကျိုးရှိရှိအသုံးချတတ်ပါတယ်။ ရည်မှန်းချက်မရှိသူဟာ ပိုလွတ်လပ်တယ်ထင်ရပေမယ့်အချိန်တန် ရည်မှန်းချက်မရှိသူရဲ့ဘဝဟာ ဘယ်နေရာကိုမှရောက်မနေသလို၊ ဘယ်လိုစွမ်းရည်မှမတိုးတက်လာနိုင်ပါဘူး။ ရည်မှန်းချက်ရှိသူရဲ့ဘဝကတော့ အချိန်နဲ့အမျှတိုးတက်နေသလို၊ တချိန်မှာ ရည်မှန်းထားသမျှ အလုံးစုံမဖြစ်လာနိုင်ရင်တောင် အကျိုးတော့မမဲ့ပါဘူး။ ရည်မှန်းချက်မရှိတဲ့လူတွေထက်တော့ အဆပေါင်းများစွာသာတဲ့ဘဝကိုရရှိပိုင်ဆိုင်နိုင်ပါတယ်။


အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။