တနဂ်နွေနေ့မှာ ဘာတွေလုပ်ကြမလဲ။

များသောအားဖြင့်ကတော့ တနဂ်နွေနေ့ဆိုရင် ဟိုလိုလို ဒီလိုလိုနဲ့အချိန်ကုန်သွားကြတာများတယ်မဟုတ်လား။ သေချာလည်းအနားမယူရ၊ ဘာမှလည်းဟုတ်တိဟုတ်ပတ်မလုပ်ဖြစ်ဘဲ အချိန်ကုန်မှန်းမသိကုန်သွားတတ်ပါတယ်။ အဲဒါကြောင့် တနး်နွေနေ့မှာ ဘာလုပ်ရင်ကောင်းမလဲလို့ ကြိုတင်စဥ်းစားထားတဲ့အခါ တစ်ခုခုတော့ ထိထိရောက်ရောက်လုပ်ဖြစ်သွားစေပါလိမ့်မယ်နော်. ။ အဲဒါကြောင့် အောက်မှာ အပမ်းမကြီးဘဲ လုပ်လို့ရတာလေးတွေဖြစ်ပြီး အကျိုးလည်းထိရောက်စေမယ့်နည်းလမ်းအချို့ကိုဖော်ပြထားပါတယ်။


၁) ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မယ်။
တစ်ပတ်လုံး အလုပ်ကိစ္စ၊ ကျောင်းကိစ္စ အခြားသောကိစ္စတွေ ပြန်ပြီး လုံးပမ်းရမှာမို့ ကိုယ့်ရဲ့ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးကိုတော့ အထူးတလည် ဂရုစိုက်မှဖြစ်မှာပါ။ နားရက်လေးမှာ ကိုယ့်ကိုယ်ကိုယ်သေချာ ဂရုစိုက်တဲ့အနေနဲ့ ကိုယ့်စိတ်သက်တောင့်သက်သာဖြစ်စေမယ့်အရာတွေနဲ့ အပန်းပြေစေမယ့်အရာတွေကိုလုပ်ဖို့လည်း အချိန်ပေးပါ။ ဥပမာ။ Skin Care လုပ်တာမျိုး၊ စာဖတ်တာမျိုး၊ သီချင်းနားထောင်ရင်းစာဖတ်တာမျိုး၊ relax ဖြစ်စေမယ့်အရာတွေလုပ်ပါ။

၂) တစ်ပတ်လုံးရှုပ်ပွထားခံသမျှကို ရှင်းလင်းရေးလုပ်မယ်။
ကိုယ့်ကိုယ်ကိုယ့်အတွက်အချိန်ပေးပြီးရင်တော့ မနက်ဖြန်အတွက် ပြင်ဆင်သင့်တာပြင်ဆင်ရပါမယ်။ တပတ်လုံး မရှင်းရသေးတဲ့ စားပွဲရှင်းတာမျိုး၊ အခန်းရှင်းတာမျိုး၊ အိမ်ရှင်းတာမျိုး၊ မီးဖိုချောင်ရှင်းတာမျိုးတွေပေါ့။ အဲလိုရှင်းလင်းထားလိုက်ခြင်းအားဖြင့် နောက်နေ့အလုပ်လုပ်တဲ့အခါ စိတ်ထဲပေါ့ပါးနေပြီး အလုပ်လုပ်ရပိုတွယ်ကျယ်လာပါလိမ့်မယ်။ မဟုတ်ရင် အလုပ်ကသေချာမစီစဥ်ထားရသေး၊ အချိန်ကမရ၊ ကြိုတင်စီစဥ်မှုမရှိတော့ ကပျက်ကချော်ဖြစ်၊ အိမ်ကလည်းမရှင်းရသေးလို့ စိတ်တွေပိုပြီးရှုပ်ရတတ်ပါတယ်။

၃) တစ်ပတ်လုံးဘာလုပ်ချင်သလဲစဥ်းစားမယ်။
လာမယ့် တစ်ပတ်လုံး တစ်ရက်စီမှာ ဘာလုပ်သင့်တယ်၊ ဘာကိုတော့ လုပ်မယ်လို့စီစဥ်ထားတာ ပြီးအောင်လုပ်ရမယ် စသဖြင့် အကြမ်းဖြင်းအရင်တွေးကြည့်လိုက်ပါ။

၄)နောက်တစ်ပတ်လုံးအတွက် လုပ်စရာတွေ ချရေးမယ် ။
မဖြစ်မနေလုပ်သင့်တဲ့အရာတွေကို ချရေးလိုက်ပါ။ အိမ်ကိစ္၊ အလုပ်ကိစ္၊ လူမှုရေးကိစ္စ၊ သားသမိးကိစ္စ စသဖြင့်ပေါ့။ လုပ်သင့်တာတွေကိုချ‌ရေးထားလိုက်တဲ့အခါ မျက်လုံးထဲမြင်သွားပါတယ်။ အဲဒါမှ “ ငါ့မှာလုပ်စရာတွေများသားပဲ “ ဆိုတဲ့တွန်းအားတစ်မျိုးလည်းဖြစ်လာပါတယ်။

၅)အရေးကြီးတာခွဲခြားသတ်မှတ်မယ်။
အကုန်လုံးချရေးပြီးတဲ့အခါမှာတော့ အလုပ်ကိစ္စမှာ အလုပ်ချိန်တွင်း ဘာတွေပြီးအောင်လုပ်မလဲ ခေါင်းစဥ်ပြန်သတ်မှတ်လိုက်ပါ။ အရေးကြီးတာအရင်၊ အရေးမကြီးတာ နောက်မှစီစဥ်လိုက်ပါ။ ပြီးတဲ့အခါ မိသားစုကိစ္ကို အလုပ်ချိန်ပြင်ပမှာ ဘာတွေလုပ်ရမလဲ အရေးကြီးတာ ၊ အရေးမကြီးတာ အဆင့်ဆင့်၊ နောက်ထပ် ကဏ္ဏပေါင်းစုံကို အဲဒီလိုချရေးပြီး အရေးကြီးတာ ခွဲခြားသတ်မှတ်ကြည့်ပါ။ အချိန်တွေကို အလကားမကုန်တော့ဘဲ သေချာ စီစစ်လာတာ တွေ့ရပါလိမ့်မယ်။ အလကားအချိန်ဖြုန်းမိတဲ့အျိန်တွေ ပိုထွက်လာါပလိမ့်မယ်။ အဲဒီလိုပိုထွက်လာတဲ့အချိန်တွေကို ကိုယ့်ရဲ့ me time အဖြစ် ပြန်သတ်မှတ်နိုင်အောင်ကြိုးစားကြည်ပါ။ အဲဒါဆိုရင်တော့ ကဏ္ဏအသီးသိးကို မျှတအောင် အချိန်ပေးနိုင်လာပြီး ကိုယ့်အတွက်လည်း အချိန်ပိုထွက်လာပါမယ်။ အချိန်လည်း အလကားမကုန်ဆုံးတော့ပါဘူးလို့ မျှဝေဖော်ပြလိုက်ရပါတယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။