တစ်စုံတစ်ယောက်ကို မေ့ပစ်ဖို့ဘယ်လိုကြိုးစားမလဲ။

မေ့ချင်ပေမယ့် ဘယ်လိုမှမေ့လို့မရဘူး…ဆိုတဲ့သူတွေရှိကြလား။ တကယ်တော့ နာကျင်မှုတွေကိုလည်း မေ့ပျောက်ချင်တယ်၊ ကိုယ့်ရင်ထဲက တစ်စုံတစ်ယောက်ကိုလည်းမေ့ပစ်ချင်တယ်၊ ဒါပေမယ့် ဘယ်လိုမှ မလုပ်နိုင်ဘူးလို့ ကိုယ့်ကိုယ်ကိုယ်ထင်နေတဲ့အခါမှာ အောက်ကအချက်လေးတွေလုပ်ကြည့်ပါ။


၁) အလုပ်များနေပါစေ
အလုပ်တွေတန်းစီပြီး လုပ်ဖို့စီစဉ်ထားပါ။ တစ်ခုပြီး တစ်ခုလုပ်ပါ။ ဘယ်လိုပိုပြီး ထိရောက်အောင်အလုပ်လုပ်နိုင်မလဲစဉ်းစားပါ။ အလုပ်နဲ့ပတ်သက်တာကိုသာ တွေးထားပြီး အလုပ်နဲ့ပတ်သက်တာကိုသာ မအားလပ်နိုင်အောင် လုပ်နေလိုက်ပါ။

၂) ကိုယ့်အနားမှာအမြဲရှိနေနိုင်တဲ့သူတွေနဲ့အချိန်ဖြုန်းပါ
ကိုယ်နဲ့စိတ်တူကိုယ်တူတဲ့သူမျိုးပေါ့။ ထစ်ခနဲရှိ စိတ်ကူးပေါက်ရာသွားဖို့ အဖော်လိုက်မယ့်သူမျိုး၊ စိတ်ထဲပေါ်လာတဲ့စားစရာတစ်ခုခုအတူလုပ်စားမယ့်သူမျိုးပေါ့။ သူတို့နဲ့စကားပြော၊ လျှောက်သွားနေတာနဲ့တင် ကျန်တာမတွေးမိတော့ပါဘူး။

၃) တွေးနေတာတွေကိုရပ်တန့်ပစ်ပါ။
မတော်တဆ သတိလက်လွှတ်တွေးနေမိတယ်ဆိုရင် “နိုး…သူ့အကြောင်းကိုမတွေးဘူး” ဆိုပြီး ကိုယ့်ကိုယ်ကိုယ်သတိပေးလိုက်ပါ။ သတိရသွားတာနဲ့တပြိုင်နက် တခြားလုပ်စရာရှိတာတွေတန်းစီလုပ်ပစ်လိုက်ပါ။

၄) ည၁၁နာရီမတိုင်မီအိပ်ပျော်အောင်အိပ်ပါ။
တစ်နေ့ကုန် အလုပ်တွေသိမ်းကြုံးလုပ်ထားပါ။ အပင်ပန်းခံပြီးတော့ကို ကိုယ့်ကိုယ်ကိုယ်ခိုင်းပါ။ ဥပမာ။ ရုံးကနေ အိမ်ပြန်ဖို့ ကားပိတ်နေရင် လမ်းဆင်းလျှောက်ပစ်လိုက်တာမျိုးပေါ့။ ပင်ပန်းသွားတဲ့အခါ ည ၁၁နာရီမတိုင်မီ အလိုလိုအိပ်ချင်စိတ်ဖြစ်လာစေပါတယ်။ ဒါမှမဟုတ် မအိပ်ခင် တစ်နာရီလောက်အလိုလောက်ကတည်းက အိပ်ချင်စိတ်ကိုအားပေးတဲ့အစားအစာတွေစားပေးပါ။ ဥပမာ။ နွားနို့၊ ဗံဒါစေ့၊ ကြက်ဆင်သား၊ ကီဝီသီး၊ ငှက်ပျောသီး

၅) ရယ်မောစရာတွေရှာပါ။
Youtube ထဲက သင်ကြည့်ချင်တာလေးတွေ ရှာကြည့်ပါ။ ရယ်စရာဗီဒီယိုဖိုင်တွေကြည့်ပါ။

၆) သင်ဝါသနာပါရာလေးတွေလုပ်ပါ။
အားလပ်ချိန်မရပါစေနဲ့။ ပြောချင်တာက အလုပ်တွေပြီးလို့ အားလပ်ချိန်ရတာနဲ့ ကိုယ်ဝါသနာပါတဲ့အရာလေးတွေလုပ်နေလိုက်ပါ။ ကိုယ်ဝါသနာပါရာလေးတွေကို Youtube မှာရှာကြည့်တာဖြစ်ဖြစ်၊ လက်တွေ့လိုက်လုပ်ကြည့်တာဖြစ်ဖြစ်လုပ်နေလိုက်ပါ။ သတိရလာတာနဲ့ အာရုံကို ပြောင်းလိုက်ပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။