သွားကိုက်ခြင်းကို သက်သာစေမယ့် နည်းလမ်းများ

သွားကိုက်တယ်ဆိုတဲ့ဝေဒနာက အင်မတန်ကို ဆိုးဝါးတာ ခံစားဖူးသူတိုင်းသိမှာပါနော်။ စားချင်တာတွေလည်း စားလို့မရနိုင်၊ မြင်သာမြင်ရ ….မကြင်ရ၊ အိပ်ချိန်ရောက်ပြန်လည်း တဆစ်ဆစ်နဲ့ကိုက်လွန်းလို့အိပ်မရပြန် ၊ အင်္ကျ ီဝတ်သလို ဒီသွားကြီးကိုလည်း ချွတ်ထားပစ်လို့ကလည်း မရနဲ့။ အရမ်းဆိုးဝါးပါတယ်။ တစ်ချိုု့ကတော့ ကြိတ်မှိတ်ခံလိုက် ပျောက်သွားလိုက်နဲ့ဖြစ်တတ်ပေမယ့်၊ တစ်ချို့ကတော့ အလုပ်ပျက်အကိုင်ပျက်တဲ့အထိတောင် ဆိုးဝါးပါသေးတယ်။ အဲဒါကြောင့် တော်တန်ရုံသွားကိုက်တာလောက်တော့ ဆေးခန်းသွားစရာမလိုဘဲ အိမ်မှာတင်လုပ်ကြည့်လို့သက်သာမယ့်နည်းလမ်းတွေကိုဖော်ပြပေးလိုက်ပါတယ်။


၁) ဆားရေနဲ့ပလုပ်ကျင်းပါ။
ရေနွေးနွေးလေးကို ဖန်ခွက်ရဲ့ ၃ပုံ ၂ပုံလောက်မှာ ဆားတစ်ဇွန်းထည့်ပြီး ဆားပျော်အောင် မွှေပါ။ ပြီးရင် ထိုရည်ကို သွားကိုက်တဲ့ဘက်ကို ငုံပြီး ပလုပ်ကျင်းပေးပါ။ မကြာခဏလုပ်ပေးပါ။
၂) ရေခဲကပ်ပေးပါ။
သွားကိုက်နေတဲ့နေရာတစ်ဝိုက်ကို အပြင်ဘက်နေ ရေခဲလေးဖိကပ်ပေးခြင်းက တဆစ်ဆစ်ကိုက်နေတဲ့ဝေဒနာကနေတော့ ခဏတဖြုတ်သက်သာစေနိုင်ပါတယ်။
၃) လက်ဖက်ရည်ထုပ်နွေးနွေးလေးကပ်ပေးပါ။
သင့်ရဲ့သွားဖုံးကို လက်ဖက်ရည်ထုပ်ခပ်နွေးနွေးလေးကပ်ပေးခြင်းကလည်း သွားကိုက်တာကို ခဏတဖြုတ်တော့သက်သာစေပါလိမ့်မယ်။
၄) အုန်းဆီအစစ်သုံးပါ။
အုန်းဆီအစစ်ကို တစ်ဇွန်း သို့မဟုတ် နှစ်ဇွန်းခန့် သွားကိုက်တဲ့နေရာမှာ ထည့်ပြီး မိနစ်၂၀ခန့်နေပါ။ အုန်းဆီကို ပြန်ထွေးထုတ်လိုက်ပြီးမှ ရေကြက်သီးနွေးလေးနဲ့ ပလုပ်ပြန်ကျင်းပေးပါ။ သွားပြန်တိုက်ပေးပါ။ တစ်နေ့က နှစ်ကြိမ်ခန့်လုပ်ပေးလို့ရပါတယ်။ အုန်းဆီက နာကျင်မှုတွေကို သက်သာစေနိုင်တဲ့အစွမ်းရှိပါတယ်။
၅) ကြက်သွန်ဖြူသုံးပါ။
ကြက်သွန်ဖြူ တစ်မွှာလောက်ကို ကြိတ်ချေလိုက်ပြီး စားပွဲတင်စားနဲ့ရောနယ်ကာ ကိုက်နေတဲ့သွားနေရာမှာ အုံထားပေးပါ။ ကြက်သွန်ဖြူက ယောင်ရမ်းခြင်းကိုသက်သာစေပြီး သွားကိုက်တာကို သက်သာစေပါလိမ့်မယ်။
၆) ဂျင်းစားပေးပါ။
ဂျင်းက ဟိုးအရင်ကတည်းက သွားနာ၊ သွားကိုက်အတွက် ဆေးအဖြစ်သုံးခဲ့တာဖြစ်ပါတယ်။ ဂျင်းအနည်းငယ်ကို ဝါးစားလိုက်ခြင်းဖြင့် ဂျင်းကထွက်လာတဲ့အရည်က သွားကို သက်သာစေနိုင်ပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။