သူငယ်ချင်းတွေစုံရင် ပိုက်ဆံကုန်ကျစရိတ်မများပဲ တူတူပျော်ပျော်ပါးပါး လုပ်ဆောင်နိုင်သည့်အရာများ

မတွေ့တာကြာတဲ့သူငယ်ချင်းတွေ ပြန်ဆုံဖြစ်ကြတဲ့အခါ ဆိုင်တစ်ဆိုင်လိုနေရာမျိုးမှာ ချိန်းတာထက် ၊ သူငယ်ချင်းတစ်ယောက်ယောက်ရဲ့အိမ်မှာချိန်းပြီး ပျော်ပျော်ပါးပါး ပြန်လည်ဆုံတွေ့ကြတာက ပိုပြီးလွတ်လပ်ပေါ့ပါးစေသလို၊ ပိုပြီးလည်း ပျော်စရာကောင်းစေပါတယ်။ ငွေကုန်ကြေးကျလည်း မများဘဲ တစ်စုတစ်စည်းတည်း စုပေါင်းလုပ်ဆောင်လို့ရတာလေးတွေ ဖော်ပြပေးလိုက်ပါတယ်။ ၁) စုပေါင်းချက်ပြုတ်စားသောက်တာမျိုးလုပ်ပါ။ သူငယ်ချင်းတွေအတူစုံဖြစ်တဲ့အခါ စားချင်တာလေးတွေ အတူချက်ပြုတ်စားသောက်လို့ရပါတယ်။ ဆိုင်မှာ သွားစားကြတာထက် အတူချက်ပြုတ်စားသောက်ကြတာက ပိုပြီး ကုန်ကျစရိတ်သက်သာသလို၊ ပိုပြီး ပိုလျှံစွာ စားသောက်နိုင်သလို ပိုပြီးလည်း ပျော်ဖို့ကောင်းမှာပါ။ ၂) ဂိမ်းကို အချိန်သတ်မှတ်ပြီး အပြိုင်ဆော့တာမျိုးလုပ်ပါ။ အိမ်မှာ ဂိမ်းစက်ရှိနေတာမျိုးဆို ဂိမ်းတစ်မျိုးမျိုးကို အပြိုင်ဆော့ဖို့ အိုကေပါတယ်။ “နိုင်ရင် ဘာလုပ်ကြေး…..ရှုံးရင်ဘာလုပ်ကြေး” ဆိုပြီး စနောက်ပြီးဆော့ကစားကြတာမျိုးက ပျော်စရာကောင်းမှာပါ။ ငွေကုန်ကြေးကျ သက်သာပါသလို စိတ်ဖိစီးမှုတွေလည်း လျော့ကျစေမှာပါ။ ၃) ကာရာအိုကေ ဆိုကြတာမျိုးလုပ်ပါ။ အသံကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေ၊ တစ်ခါတစ်လေ အော်ဟစ်သီချင်းဆိုလိုက်ခြင်းက စိတ်လက်ပေါ့ပါးစေပါတယ်။ သူငယ်ချင်းတွေစုံတုန်းလေး ကိုယ်ကြိုက်တဲ့သီချင်းဆိုလိုက်၊ သူငယ်ချင်းတွေက စလိုက်နောက်လိုက်နှင့်နေကြည့်လိုက်ပါ။ အရမ်းကိုပေါ့ပါးသွားစေမှာပါ။ ၄) ပဟေဠိဖွက်တမ်း အပျော်တမ်းလုပ်ကြည့်ပါ။ အဖွဲ့နှစ်ဖွဲ့ခွဲပြီး ဘယ်နှစ်မှတ်ရရင် အနိုင်၊ အရှုံးသတ်မှတ်ပြီး မေးကြည့်ပါမေးခွန်းပေါင်းစုံထွက်လာသလို တော်တော်လည်း ရယ်စရာကောင်းမှာပါ။ ၅) ဗီဒီယိုမှတ်တမ်းလုပ်ထားပါ။ သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စွာ ဆော့ကစားခဲ့တာတွေကို ရယ်မောရင်းနဲ့ ဗီဒီယိုမှတ်တမ်းလေးအဖြစ် သိမ်းထားလိုက်ပါ။ ပျော်စရာကောင်းတဲ့အမှတ်တရလေးတွေကို ဗီဒီယိုပြန်ကြည့်ရင်း ပြန်လည်ပျော်ရွှင်နိုင်ပါတယ်။#BAWA101


အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။