သင့်ရဲ့စွမ်းအင်တွေကို ကျဆင်းစေတဲ့ နေ့စဥ်အပြုအမူများ

သင့်ရဲ့စွမ်းအင်ကို ကျဆင်းစေတဲ့ နေ့စဥ်အပြုအမူများကြောင့် သင်မထင်မှတ်ထားဘဲ သင့်ကိုသင်စွမ်းအင်ဆုတ်ယုတ်အောင်လုပ်မိနေသလိုဖြစ်နေတတ်ပါတယ်။ အဲဒီလိုပြုမူနေတတ်တဲ့ အပြုအမူတွေကို သတိထားမိတဲ့အခါမှာ သင့်ကိုယ်သင် ပြန်လည်သတိထားပြုပြင်နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။


၁) အရာရာတိုင်းကို ကိုယ်နဲ့ပတ်သက်တယ်ဟုခံစားနေခြင်း
အခြားလူတွေရဲ့မျက်နှာအမူအယာ၊ စိတ်ခံစားချက်တွေအားလုံးဟာ သင့်ကြောင့်ဆိုပြီးခံစားကာ သံသယဝင်၊ မနေတတ်မထိုင်တတ်ဖြစ်နေခြင်းက သင့်ရဲ့စိတ်ခံစားချက်ကို ဆိုးဝါးလာစေပါတယ်။ “ သူဒီလိုဖြစ်နေတာ ငါ့ကြောင့်များလား၊ သူကို ထိခိုက်အောင်များလုပ်မိပြီလား၊ သူ့ကို ဘာများလုပ်မိလဲ” စသဖြင့် အရာရာတိုင်းက ကိုယ့်ကြောင့်ဆိုတဲ့စိတ်က သင့်ကိုအချိန်ကုန်စိတ်ပင်ပန်းစေပြီး စိတ်ရှုပ်စေပါတယ်။ အဲဒါကြောင့် သံသယဝင်ရင် ပွင့်လင်းစွာ မေးလိုက်တာအကောင်းဆုံးပါပဲ။

၂) အတိတ်ကိုသာ တသသပြန်တွေးနေခြင်း
အတိတ်မှာသာ တဝဲဝဲလည်လည်နေခြင်းက လက်ရှိအချိန်ကုန်စေပါတယ်။ ကောင်းတဲ့စိတ်ခံစားချက်ထက် မကောင်းတဲ့စိတ်ခံစားချက်မို့ ပိုပြီး စိတ်ထိခိုက်ရပြန်ပါတယ်။ အချိန်ကုန်လူစိတ်ပင်ပန်းတာမို့ မေ့ပစ်တာအကောင်းဆုံးပါ၊ မမေ့နိုင်ရင်လည်း သတိပြန်ရလာတာနဲ့တပြိုက်နက် လုပ်စရာရှိတာသာ ထလုပ်ပစ်လိုက်ပါ။

၃) ရည်ရွယ်ချက်မရှိဖေ့ဘုတ်သုံးနေခြင်း
ဘာမှ မလုပ်ဘဲ ဖုန်းပွတ်နေခြင်းကလည်း ခုလက်ရှိအတွက် အချိန်ကုန်သွား အကျိုးမရှိတာပါပဲ။ အဲဒီလိုမျိုးလုပ်နေမိတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး သတိလေးပေးပါ။

၄) အချိန်ပြည့် ပူဆွေးသောကရောက်နေခြင်း
စိတ်ဖိစီးမှုများနေခြင်းက အတိတ်ကိုပြန်တွေးတာနဲ့လည်းဆက်စပ်နေပါတယ်။ ဒါမှမဟုတ် လက်ရှိစိတ်ဖိစီးမှုကလည်း ပူထူနေတုန်းအချိန်တော့ စိတ်ဖိစီးနေပေမယ့် စိတ်ကိုအတတ်နိုင်ဆုံးတည်ငြိမ်အောင်ကြိုးစားပြီး အကောင်းဘက်ကပြန်တွေးတတ်ဖို့လိုပါတယ်။ မဟုတ်ရင်တော့ အချိန်တိုင်းပူဆွေးနေပြီး စိတ်ထိခိုက်မဆုံးတာနဲ့တင် သင့်စွမ်းအင်ကျဆင်းစေတဲ့အပြုအမူပါပဲ။

၅) စိတ်ကူးယဥ်မဆုံးခြင်း
အလားတူပါပဲ။ မဖြစ်လာသေးသမျှကို ထိုင်ပြီးစိတ်ကူးယဥ်ခြင်းက အလကားအချိန်ကုန်စေပြီး စိတ်ကူးထဲမှာတင်မြောပါနေစေပါတယ်။ လက်ရှိလုပ်သင့်လုပ်ထိုက်တာကို မသိနိုင်တော့ပါဘူး။

၆) ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာမစားခြင်း
ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာမစားခြင်းကလည်း သင့်ရဲံကိုယ်ကျန်းမာရေးဖိခိုက်စေနိုင်တာမို့ သင့်စွမ်းအင်ကိုလည်း ထိခိုက်လာနိုင်ပါတယ်။

၇) အချိန်ပြည့်အာလပသလပပြောနေခြင်း
ဒါသည်လည်း အချိန်ကုန်စေတဲ့နည်းတစ်ခုပါပဲ။ အရည်မရအဖတ်မရတဲ့စကားမျိုးတွေကို အချိန်ကုန်ခံပြီး ထိုင်ပြောနေခြင်းက အချိန်ကုန်စေတာပါပဲ။ အချိန်ကုန်တဲ့နောက်တော့ လုပ်သင့်တာမှန်သမျှမလုပ်နိုင်တော့တဲ့အတွက် ကိုယ့်ရဲ့စွမ်းအင်အလကားကုန်သလို၊ ကိုယ်လည်း အကျိုးမရှိစေပါတယ်။ ကိုယ့်စွမ်းအင်ကို မဟုတ်တဲ့နေရာမှာ အသုံးချနေသလိုပါပဲ။

၈) အတွေးလွန်ခြင်း
ဒီအချက်ကလည်း အလားတူပါပဲ။ မဖြစ်သေးသမျှကို ကြိုစိတ်ကူးယဥ်တာမျိုး၊ မဖြစ်သေးသမျှကို ပူပန်နေတာမျိုးက သင့်ကိုစိတ်ညစ်အချိန်ကုန်စေပါတယ်.။ အဲဒါကြောင့် အတွေးမလွန်အောင်လည်း ကိုယ့်ကိုယ်ကိုယ်သတိပေးသင့်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။