သင့်ရဲ့စိတ်ခံစားချက်တွေကိုဘယ်လိုထိန်းချုပ်မလဲ။

ကျွန်တော်တို့နေ့စဉ်လူနေမှုဘဝမှာ ခံစားအချက်လိုက်ပေါက်ကွဲနေလို့မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ခံစားချက်တွေကို ထိန်းချုပ်နိုင်ခြင်းက ဆက်ဆံရေးမှာအောင်မြင်ခြင်းပါပဲ။ အဲဒါဆိုရင် သင့်ခံစားချက်ကိုဘယ်လိုထိန်းချုပ်နိုင်မလဲ။


၁) မကောင်းတဲ့ခံစားချက်တွေကို ရပ်တန့်ပစ်လိုက်ပါ။
မကောင်းတဲ့ဖြစ်ရပ်တွေဖြစ်လာတဲ့အခါမှာ ကျွန်တော်တို့က ဖြစ်နိုင်ချေရှိနိုင်တဲ့အကျိုးဆက်ကို တွေးပြီး ပိုစိတ်ရှုပ်ထွေးနေတတ်ပါတယ်။ တွေးလေ စိတ်ပိုညစ်လေ၊ ထိုမကောင်းတဲ့ဖြစ်ရပ်က သင့်ကိုလွှမ်းမိုးလာလေဖြစ်နေတော့တာပါပဲ။ မကောင်းတဲ့အတွေးတွေကို မရပ်တန့်မချင်း စိတ်ခံစားချက်တွေ အုံကြွလာပါလိမ့်မယ်။ အရမ်းဆိုးဝါးလာတဲ့အခါ သင့်ခံစားချက်တွေကို သင်မထိန်းချုပ်နိုင်ဘဲ ပေါက်ကွဲမယ်၊ ငိုမယ်၊ ဝမ်းနည်းမယ် စသည်ဖြင့် ဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် သင့်ခံစားချက်တွေကို ထိန်းချုပ်ချင်တယ်ဆိုရင် သင့်ခံစားနေရတဲ့ မကောင်းတဲ့အမြင်တွေကို ဆက်မတွေးဘဲ ရပ်တန့်ပစ်ဖို့လိုပါတယ်။ မကောင်းတဲ့အမြင်တွေ ရပ်တန့်သွားဖို့ ဘာလုပ်ရင်ကောင်းမလဲဆိုတဲ့အတွေးက သင့်ခံစားချက်တွေကို အာရုံပြောင်းနိုင်မှာပါ။
နောက်ထပ်အာရုံပြောင်းမယ့်နည်းလမ်းကတော့ လမ်းခဏတဖြုတ်လျှောက်လိုက်တာမျိုး၊ အိမ်တွင်းအခန်းဖွဲ့ပုံပြောင်းလိုက်တာမျိုး၊ စသည်ဖြင့်ပေါ့။

၂) အသက်ကိုပြင်းပြင်းရှုသွင်းလိုက်ပါ။
စိတ်ခံစားမှုပြင်းထန်နေတဲ့အချိန်မှာ အသက်ကိုပြင်းပြင်းရှုသွင်းလိုက်ခြင်းက သင့်အတွက် စိတ်ထွက်ပေါက်တစ်ခုဖြစ်စေပါတယ်။ သင့်စိတ်ထဲက တင်းကြပ်မှုတွေကိုလည်း ပြေလျော့စေပါတယ်။ အဲဒီ့အခါ ချက်ချင်းပေါက်ကွဲနေချင်တာတွေ ပြေလျော့သွားလို့ သင့်ခံစားချက်ကို ထိန်းချုပ်ပြီးသားဖြစ်စေပါတယ်။ အဲဒါကြောင့် အသက်ကိုခပ်ပြင်းပြင်းရှုသွင်းရှုထုတ်လုပ်ခြင်းက သင့်ခံစားချက်ကိုထိန်းချုပ်ဖို့ နည်းလမ်းကောင်းတစ်ခုပါပဲ။

၃) အကောင်းမြင်စိတ်ဖြင့်တွေးပါ။
အချို့သော ကောင်းတဲ့ဖြစ်ရပ်တွေကို ပြန်တွေးပါ။ အဲဒါက သင့်စိတ်ခံစားချက်ကိုကောင်းမွန်စေပါတယ်။ အကောင်းမြင်စိတ်ကြောင့် အချို့ကိစ္စတွေအတွက် ခံစားချက်ကို ထိန်းချုပ်ပြီးသားဖြစ်စေပါတယ်။

၄) လက်ခံတတ်ဖို့အကျင့်လုပ်ပါ။
ဘယ်သူမဆို မကောင်းတဲ့ဖြစ်ရပ်နဲ့ မကောင်းတဲ့ခံစားချက်တွေကို မလိုချင်ကြပါဘူး။ အဖြစ်မှန်၊ ခံစားချက်အစစ်ကို လက်မခံနိုင်ဘဲ ယူကြုံးမရဖြစ်ပြီး တနုံနုံတွေးတောနေခြင်းက သင့်ခံစားချက်တွေကို ထိန်းချုပ်ရခက်စေပါတယ်။ အဲဒါကြောင့် သင်လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ သင့်ဘဝမှာရလာတဲ့ဖြစ်ရပ်မှန်သမျှကို လက်ခံတတ်ဖို့ကြိုးစားသင့်ပါတယ်။ လက်ခံနိုင်လာတဲ့အခါ အကောင်းအဆိုးသက်ရောက်မှုက သင့်ခံစားချက်အပေါ်မသက်ရောက်နိုင်တော့ပါဘူး။

၅)ကော်ဖီနဲ့အချိုရည်တွေကို အလွန်အကျွံ့သောက်သုံးခြင်း လျော့ချပစ်ပါတယ်။
ကော်ဖီက ကျွန်တော်တို့ကို လန်းဆန်းစေပါတယ်။ ဒါပေမယ့် ကဖင်းဓာတ်က အာရုံကြောတွေက စွမ်းအင်ထုတ်လုပ်ခြင်းကို ရပ်တန့်ပစ်လိုက်ပါတယ်။ သင်ကမကောင်းတဲ့စိတ်ခံစားချက်ဖြစ်နေတယ်ဆိုရင် ကဖင်းက အဲဒီ့ခံစားချက်ကိုပိုဆိုးစေနိုင်ပါတယ်။ အဲဒါကြောင့် စိုးရိမ်ပူပန်ခြင်းကိုဖြစ်ပေါ်စေပါတယ်။ အဲဒါအပြင် သင့်အိပ်စက်ခြင်းပေါ်မှာ မကောင်းတဲ့အကျိုးသက်ရောက်မှုလည်းရှိစေပါတယ်။ သင့်သောက်သုံးနေတဲ့ ကဖင်းဓာတ်ပမာဏကို ကန့်သတ်ဖို့ကြိုးစားခြင်းက သင့်ခံစားချက်ကိုထိန်းချုပ်နိုင်ဖို့ အထောက်အကူပြုပါတယ်။

၆) လေ့ကျင့်ခန်းပိုလုပ်ပါ။.
သင်ခံစားချက်တွေကိုထိန်းချုပ်နိုင်စေဖို့ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ရဲ့စိတ်ခံစားချက်တွေကို အာရုံပြောင်းစေပြီး သင့်ခံစားချက်အတွက်ထိန်းချုပ်ပြီးဖြစ်သွားပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် သင့်ကျန်းမာရေးအပေါ်မှာလည်း ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုရှိစေမှာပါ။
https://themindsjournal.com/tips-to-control-your-emotions/2/ လင့်မှ ကိုးကားထားခြင်းဖြစ်ပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။