စိတ်ပိုင်းဆိုင်ရာအရကိုယ့်ကိုကိုယ်ဘယ်လိုဂရုစိုက်မလဲ။

စိတ်ပိုင်းဆိုင်ရာအရကိုယ့်ကိုကိုယ်ဂရုစိုက်ဖို့ကလည်းအရေးကြီးပါတယ်။ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေမကောင်းတဲ့လူတစ်ယောက်ကတစ်နေ့တာလုံးကိုကောင်းမွန်စွာဖြတ်သန်းနိုင်မှာမဟုတ်ပါဘူး။ အဲဒါအပြင် ကိုယ့်ရဲ့လုပ်ငန်းဆောင်တာမှန်သမျှကိုလည်းကောင်းမွန်စွာလုပ်ဆောင်နိုင်မျာမဟုတ်ပါဘူး။ အဆိုးဆုံးကေတာ့ စိတ်ကျန်းမာရေးကိုပါထိခိုက်လာနိုင်ပြီး စိတ်ဓာတ်ကျခြင်းဖြစ်လာနိုင်ပြီး နောက်ဆုံး မိမိကိုယ်ကိုသတ်သေခြင်းမျိုးအထိ ဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ဂရုစိုက်ဖို့ အကြံပြုချက်လေးတွေဖော်ပြပေးလိုက်ပါတယ်။


- နေ့ရက်တိုင်းကိုအကောင်းမြင်စိတ်နဲ့စတင်ပါ။ အိပ်ရာကနိုးထလာတိုင်း “ဒီနေ့ကအရမ်းကိုကံကောင်းတဲ့နေ့ပါ” လို့အကောင်းဘက်ကတွေးပါ။ ဒီနေ့ကို ကိုယ့်ရည်မှန်းချက်အတွက်လုပ်သင့်လုပ်ထိုက်တာတခုခုလုပ်ဖြစ်အောင်လုပ်မယ်လို့တွေးပါ။
- သင့်ရဲ့ပြတင်းပေါက်ကနေတဆင့် သဘာဝရဲ့လတ်ဆတ်တဲ့လေကို ရှူသွင်းပါ။
- အခြားသူတွေ ာသေဘောကျလိုက်လုပ်ပေးနေတာကိုရပ်တန့်ပစ်လိုက်ပါ။ ပြီးတော့ ငြင်းသင့်တဲ့ကိစ္စတွေကို ငြင်းပါ။
- ကိုယ့်ကိုကိုယ်အချိန်ပေးပါ။
- တစ်နေ့လျှင် မိနစ်၃၀ခန့် စာဖတ်ပါ။
- အားလပ်ချိန်အနားယူတဲ့အခါ ဝါသနာပါရာတခုခုလုပ်ပါ။
- ဆေးရောင်ခြယ်ခြင်းကစိတ်ဖိစီးမှုကိုသက်သာစေပါတယ်။
- နှစ်သက်စရာကောင်းတဲ့အမှတ်ရစရာတွေကိုဂျာနယ်လုပ်ပြီးသိမ်းထားပါ။
- အသစ်တွေကိုသင်ယူပါ၊ ဒါမှမဟုတ် ဝါသနာအသစ်ကိုရှာဖွေ၊ သင်ယူခြင်းဖြင့် သင့်ဦးနှောက်ကိုအလုပ်ပေးပါ။
- မှတ်ဉာဏ်တိုးစေမယ့် ဂိမ်းဆော့ပါ။
- အသစ်တစ်ခုကိုနေ့စဉ်သင်ယူပါ။
- ခရီးထြက္ပါ။
- မြို့တွင်းကပန်းခြံလိုနေရာမျိုးကိုသွားရောက်အနားယူပါ။
- နာကျင်စရာမှန်သမျှ ဖွင့်အံချလိုက်ပါ။
- ခွင့်လွှတ်ပေးလိုက်ပါ။ မခွင့်လွှတ်ပေးနိုင်တဲ့အခါ သင့်စိတ်မှာ
- အကောင်းမြင်တတ်တဲ့လူတွေနဲ့ ဝန်းရံပါ။ သင့်အိပ်မက်ကိုအထောက်အကူဖြစ်စေမယ့်လူမျိုးတွေနဲ့ပေါ့။
- သင့်ဘဝကိုအနှောင့်အယှက်ပေးတဲ့သူမျိုးနဲ့ သင့်ကိုစိတ်အနှောင့်အယှက်ဖြစ်စေတဲ့သူမျိုးတွေနဲ့ ကင်းအောင်နေပါ။
- ရယ်စရာဗီဒီယိုဖိုင်တွေကြည့်ပါ။ ရယ်မောပါ။
- သင့်ကိုသင်အဆိုးမြင်တဲ့စကားမျိုးမပြောမိပါစေနဲ့။ ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ပါ။
- သင်လုပ်နိုင်တာကိုလုပ်နိုင်တယ်လို့ပြောပြီး သင်မလုပ်နိုင်တာကိုလည်းမလုပ်နိုင်ကြောင်းပြောရဲပါစေ။
- သင့်အောင်မြင်အောင်လုပ်နိုင်ခဲ့တဲ့ကိစ္စတွေကိုချရေးထားပါ။ သင့်စိတ်ဓာတ်ကျနေချိန်မှာ ပြန်ဖတ်ပါ။
- မကောင်းတဲ့အမြင်ရှိတဲ့လူတွေကိုလူမှုကွန်ရက်ပေါ်မှာ unfollowလုပ်ထားလိုက်ပါ။
- ဦးနှောက်မှတ်ဉာဏ်တိုးစေတဲ့အစားအစာတွေကိုစားသုံးပေးပါ။
- မိမိဆန္ဒကို မြိုသိပ်ပြီး သူတို့ဆန္ဒကိုသာ ဦးစားပေးဖို့ လွှမ်းမိုးချုပ်ကိုင် ခြယ်လှယ်တတ်သူမျိုးကို ရှောင်ပါ။
- ကူညီသလိုနဲ့ လူရှေ့ရောက်ရင် နာမည်ဝင်ယူတတ်သူမျိုးကို သင့်ဘဝထဲကဖယ်ရှားပါ။ ထိုသူမျိုးက သင့်အတွက် စိတ်ရင်းနဲ့ကူညီတတ်သူမဟုတ်ပါဘူး။ အချိန်တန် သင့်အောင်မြင်မှုတွေကို မနာလိုခြင်းနဲ့ သင့်ကိုအနိုင်ပြန်ကျင့်မယ့်သူမျိုးဖြစ်ပါတယ်။

အထက်ပါအချက်တွေကတော့ သင့်ရဲ့စိတ်ပိုင်းဆိုင်ရာကို ရေရှည်ထိခိုက်ခြင်းမရှိအောင် လိုက်နာသင့်တဲ့အချက်တွေပဲဖြစ်ပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။