သင့်ကိုယ်သင်ယုံကြည်မှုရှိစေဖို့ အကောင်းဘက်ကနည်းလမ်း ၅ချက်

ကျွန်တော်တို့အားလုံးမှာ ငယ်စဉ်ကတည်းက အိပ်မက်ကြီးကြီးတွေ ရှိတတ်ကြပါတယ်။ ရုပ်ရှင်မင်းသားဖြစ်ဖို့၊ အားကစားမှာထိပ်ဆုံးဖြစ်ဖို့၊ လူကြိုက်များတဲ့အဆိုတော်ဖြစ်ဖို့ စသဖြင့်ပေါ့။ ကျွန်တော်တို့က တစ်စုံတစ်ယောက်ဖြစ်ချင်ကြပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့ဘဝကို ဖြတ်သန်းကြရတဲ့အခါမှာတော့ ခက်ခဲမှန်းသိလာရပါတယ်။ အခြားသော ရိုက်ခတ်မှုအမျိုးမျိုးကြောင့် ကိုယ့်ကိုကိုယ်ယုံကြည်မှုအားနည်းလာတာ ဒါမှမဟုတ်ဘဲ ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိတော့တာတွေဖြစ်လာပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိတော့တဲ့အခါ ဘယ်အရာကိုမဆို ကိုယ်မလုပ်နိုင်ဘူးလို့ အထင်မှားလာတတ်ပါတယ်။ အဲဒါကြောင့် သင်ဖြစ်ချင်တာတွေဖြစ်လာဖို့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့လည်းလိုပါတယ်။


၁) သင့်အတွေးတွေကို ပြန်သုံးသပ်ပါ။
အဲဒီ့နေရာမှာ ၂ပိုင်းရှိပါတယ်။ သင့်အချိန်ကိုအများဆုံးဖြုန်းဖြစ်တာဘယ်သူနဲ့လဲ၊ အဲဒီ့လူနဲ့ဘယ်လိုစကားတွေပြောဖြစ်လဲ။ ဘယ်သူက နားထောင်ပေးသလဲ။ လူတွေက တခါတလေမှာ ကိုယ့်ရဲ့စွမ်းအင်တွေကို ဆုတ်ယုတ်စေတဲ့သူတွေနဲ့ ဝန်းရံနေမိတတ်ပါတယ်။ ထိုသူတွေက သင့်ကို မကောင်းတဲ့အမြင်တွေဖြစ်လာစေပါတယ်။ ထိုသူတွေကို မျက်ရည်ကျစေတဲ့ကြားခံနယ်အဖြစ်သတ်မှတ်နိုင်ပါတယ်။ အဲဒါကြောင့်သင့်ကိုသင်အကောင်းမြင်တတ်တဲ့သူနဲ့ဝန်းရံပါ။ ပြီးတော့ အားပေးတတ်တဲ့သူမျိုးနဲ့ဝန်းရံပါ။ “နင်လုပ်နိုင်ပါတယ်၊ နင်မလုပ်နိုင်တာဘယ်မှာရှိလို့လဲ။ နင်ပဲလုပ်နိုင်ခဲ့တာလေ” စသဖြင့် အားပေးတတ်သူမျိုးက သင့်ကိုသင်ယုံကြည်မှုရှိဖို့ ကူညီနိုင်ပါတယ်။

၂) သေးသေးလေးက စတင်ပါ။
မကြီးမားရင်နေပါစေ။ သင့်ကိုသင်ယုံကြည်မှုရှိစေတယ်လို့ခံစားရတယ်ဆိုရင် သေးသေးလေးတွေကအစလုပ်နိုင်ပါတယ်။ နေ့စဉ် ပန်းတိုင်အသေးလေးတွေသတ်မှတ်ထားတာမျိုး၊ ဖြစ်အောင်လုပ်ဆောင်တာမျိုးပေါ့။

၃) သင့်စိတ်သဘောထားကိုပြောင်းလဲပါ။
သင့်ခေါင်းထဲကနေတွေးလိုက်တဲ့အသံ၊ သင့်စိတ်ထဲကအတွေးတွေက သင့်အပေါ်သက်ရောက်မှုရှိပါတယ်နော်။ သင့်ကိုသင် မလှဘူးထင်တယ်လို့တွေးနေရင် သင့်ပုံရိပ်ကိုသင် ယုံကြည်မှုမရှိတော့ပါဘူး။ သင့်ကိုသင်လှတယ်ထင်ရယ် ဘယ်သူလှတယ်ထင်ထင်မထင်ထင် သင့်ကိုယ်သင်ယုံကြည်မှုရှိနေတဲ့ပုံစံဖြစ်နေမှာပါပဲ။ အဲဒါကြောင့် သင့်စိတ်သဘောထားကို အကောင်းဘက်ကမြင်တတ်အောင်ပြောင်းလဲဖို့လိုပါတယ်။ သင်မကောင်းဘူးလို့ခံစားရတဲ့အရာမှန်သမျှကိုချက်ချင်းဖယ်ရှားပါ။ မလုပ်ပါနဲ့။ တစုံတခုလုပ်ဖို့လိုရင်လည်း လုပ်နိုင်ပါ့မလားဆိုတာထက် လုပ်နိုင်တယ်လို့ တွေးပါ။ လုပ်နိုင်တာကို အာရုံစိုက်ပါ။

၄) ချက်ချင်းလုပ်ပါ။
ဘဝကတိုတိုလေးပါ။ ဘာကြောင့်များနှောင့်နှေးတွေဝေနေမှာလဲ။ သင့်ကိုယ်သင်ယုံကြည်မှုရှိဖို့ လုပ်သင့်တာကို လုပ်ဖို့မတွေဝေပါနဲ့။ သင့်အလုပ်ကိုသင်မကြိုက်ဘူးဆိုရင် အလုပ်ပြောင်းလိုက်ဖို့ဝန်မလေးပါနဲ့။ သင့်မကြိုက်တာတွေနဲ့ သင့်ဘဝကို အတတ်နိုင်ဆုံးမခြယ်သပါနဲ့၊ မဖန်တီးပါနဲ့။ သင့်ကိုသင်ယုံကြည်မှုကင်းမဲ့စေတာမျိုးကို ဝေးဝေးရှောင်ဖို့ မနှောင့်နှေးနေပါနဲ့။

၅) မထိန်းချုပ်ထားပါနဲ့။
အခြားသူရဲ့လွှမ်းမိုးမှု့ကိုခံပြီး ကိုယ့်ကိုကိုယ်ထိန်းချုပ်ထားရတာ ခက်ခဲပါတယ်။ သင့်အောင်မြင်မှုအတွက်၊ သင်လုပ်နိုင်တာတွေအတွက် အထိန်းအကွပ်နဲ့လုပ်နေတာက အောင်မြင်သင့်သလောက်မအောင်မြင်၊ လုပ်နိုင်သလောက် မလုပ်နိုင်တော့တာမျိုးဖြစ်တတ်ပါတယ်။ သင်လုပ်ချင်တာတွေကို လုပ်ပစ်လိုက်ပါ။ ပြောချင်တာက သင်က ပန်းချီကားတစ်ချပ်ကို နေ့မအိပ်ညမအိပ်ဆွဲချင်တယ်၊ ဆွဲဖို့လည်း အခွင့်အရေးပေးတယ်၊ ဒါပေမယ့် နေ့မအိပ်ညမအိပ်မလုပ်နဲ့လို့ တားမြစ်တဲ့သူတွေအတွက် သင့်ကိုသင်မထိန်းချုပ်ထားပါနဲ့။ သင်လုပ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင်လုပ်ပါ။ ဘဝဆိုတာက သင်ထင်ထားသလိုလည်း မဆိုးနိုင်သလို၊ သင်ထင်ထားသလိုလည်း မကောင်းနိုင်ပါဘူး။ အဲဒါကြောင့် ကိုယ့်လုပ်နိုင်တာကို အကောင်းဆုံးဖြစ်အောင် အားစိုက်လုပ်တာက ကိုယ့်အတွက်အကောင်းဆုံးပါပဲ။ ကိုယ့်ကိုကိုယ်ထိန်းချုပ်ထားခြင်းက သင့်ကိုသင်ယုံကြည်မှုကိုလည်း ကျဆင်းစေနိုင်ပါတယ်။ ကိုယ်လုပ်နိုင်သလောက် အကောင်းဆုံးလုပ်ခဲ့ပြီး ရလဒ်ကောင်းခြင်းမကောင်းခြင်းထက် သင့်ကိုသင်ယုံကြည်မှုပိုလာတာက သင့်အတွက်ပိုကောင်းပါတယ်။ ရလဒ်ဆိုတာက အခြားသူတွေရဲ့အမြင်နဲ့ သင့်အမြင်ထပ်တူကျမှ ကောင်းနိုင်တာမျိုးပါ။ အဲဒီ့တော့ ရလဒ်ကို အာရုံမထားနဲ့။ ကိုယ့်လုပ်နိုင်တာကို အစွမ်းကုန်အကောင်းဆုံးဖြစ်အောင်လုပ်၊ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့လုပ်ပါ။

https://www.success.com/5-positive-ways-to-build-your-belief-in-yourself/ လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။ .

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။