ဘီလ ျံနာ Warrent Buffet, Bill Gate နှင့် Mark Zuckerberg တို့ပြောတဲ့ဖတ်ကိုဖတ်သင့်သောစာအုပ် ၅ အုပ်။

ကမ္ဘာကေ ျာ် ဘီလီယံနာတွေဖြစ်ကြတဲ့ Warrant Buffet, Bill Gate နဲ့ Mark Zuckerberg တို့ရဲ့ တူညီသောအခ ျက်တစ်ခုကတော့စာအုပ်တွေကိုခုံခုံမင်မင်ဖတ်လေ့ရှိခြင်းပဲဖြစ်ပါတယ်။ သူတို့ဖတ်ဖို့ညွှန်းဆိုထားတဲ့ စာအုပ်ကောင်းတွေထဲက အခ ျို့ ကိုထုတ်နုတ်ဖော်ပြပေးလိုက်ပါတယ်။ “Creativity, Inc.” by Ed Catmull - စီးပွားရေးလုပ်ငန်းတွေကို တီတွင်ဆန်းသစ်စွာ စီမံအုပ်ချုပ်ခြင်းအကြောင်း ရေးထားတဲ့စာအုပ်ပါ။ စာရေးသူ Ed Catmull ဟာ Pixar Animation Studios ကို Steve Jobs နဲ့တွဲကာတည်ထောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ “The Better Angels of Our Nature,” by Steven Pinker – New York Times ရဲ့အရောင်းရဆုံး စာရေးဆရာတစ်ယောက်ဖြစ်တဲ့ Steven Pinker ရဲ့ဒီစာအုပ်မှာ သမိုင်းကြောင်း၊ စစ်ပွဲနဲ့ ငြိမ်းချမ်းခြင်း၊ လူသားတွေရဲ့ ကောင်းတဲ့စိတ်နဲ့ ဆိုးတဲ့စိတ်တို့ကို ရှုထောင့်အသစ်ကနေ ရေးသားတင်ပြထားပါတယ်။ “How to Win Friends and Influence People,” by Dale Carnegie - နာမည်ကေ ျာ်စာရေးဆရာကြီး Dale Carnegie ရဲ့ လူမှုပတ်ဝန်းက ျင်မှာ ပေါင်းသင်းဆက်ဆံနည်းလမ်းတွေအကြောင်း ရေးသားထားတဲ့ ဒီစာအုပ်က ကမ္ဘာ့ရောင်းအားအကောင်းဆုံးနဲ့ အောင်မြင်ကေ ျာ်ကြားသူတွေ အဖတ်အများဆုံး စာအုပ်တစ်အုပ်လည်းဖြစ်ပါတယ်။ “The Catcher in the Rye,” by J. D. Salinger - ဂန္တဝင်စာအုပ်တစ်အုပ်အဖြစ်မှတ်တမ်းတင်ခံထားရတဲ့ J. D. Salinger ရဲ့ဒီစာအုပ်ဟာ ဆယ်ကျော်သက်လူငယ်တစ်ယောက်ရဲ့ ဘဝအပေါ်အတွေးအမြင်၊ ရင်ဆိုင်မှုတွေကို လက်ရာမြောက်စွာ ရေသားသရုပ်ဖော်ဆောင်နိုင်ပါတယ်။ “Einstein: His Life and Universe,” by Walter Isaacson - အတ္ထုပတ္တိစာအုပ်တွေနဲ့ နာမည်ကျော်စာရေးဆရာကြီး Walter Isaacson ရဲ့ဒီစာအုပ်မှာ ပါရမီရှင် နာမည်ကျော် သိပ္ပံပညာရှင်အိုင်းစတိုင်းရဲ့ ဘဝအကြောင်းကို ပြည့်စုံစွာဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ #BooksReadByBillionaires #BaWa101 ? ( BaWa101 ) Original Source : buffettsbooks.com & theinvestorpodcast.com ပုံမ ျားကိုအင်တာနက်မှကူးယူဖော်ပြထားပါသည်။


အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။