ဘဝမှာ နေပျော်စေဖို့သင်ယူသင့်တဲ့အရာ ၆ မျိုး

ဘဝကိုနေပျော်စေဖို့က သင်ယူသင့်တဲ့အရာတွေထဲက အဓိကတစ်ခုကတော့ ပျော်ရွှင်မှုပါပဲ။ လူတိုင်းက ဘဝမှာ ပျော်ရွှင်ဖို့ဘဲ အဓိကလိုချင်ကြမယ်ထင်ပါတယ်။ လူတိုင်းမှာ အပူကိုယ်စီနဲ့ ဖိအားတွေရှိနေတတ်ကြပါတယ်။ အဲဒါတွေကြောင့်ပဲ ဘဝက နေပျော်စရာမကောင်းတော့ပါဘူး။ ဘယ်လောက်ပဲကြိုးစားပါစေ ကြိုးစားသမျှ အရာမထင်တဲ့အခါမှာတော့ စိတ်ဆင်းရဲလာနိုင်ပါတယ်။ အဲဒါကြောင့် ဘဝကိုနေပျော်စေဖို့ သင်ယူသင့်တဲ့အရာလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ ထိုအရာလေးတွေကို အတတ်နိုင်ဆုံး သင်ယူကြည့်ပြီး ဘဝကိုကျေနပ်နိုင်ပါစေ။


၁) “no” လို့ပြောတတ်ဖို့သင်ယူပါ။
အချို့သော ကိုယ်တိုင်စိတ်မပါတဲ့အရာတွေနဲ့ ကိုယ့်ကို အမျိုးမျိုးသောဘက်စုံမှ ထိခိုက်စေမယ့်အရာတွေဆို ငြင်းပိုင်ခွင့် ရှိပါတယ်။ အဲဒါက ရိုင်းစိုင်းတဲ့အပြုအမူမျိုးဖြစ်ပြီး ကြမ်းတမ်းတဲ့စကားမျိုးမဟုတ်ပါဘူး။ ကိုယ်တိုင်မလုပ်လည်း အဆင်ပြေစေမယ့်အရာမျိုးတွေမှာ ကိုယ်တိုင်ငြင်းဆန်တတ်ပါစေ။ ကိုယ်မှမဟုတ်ဘဲ အခြားသူတစ်ယောက်က လုပ်ရင်တောင်အဆင်ပြေနိုင်တဲ့အခြအနေဟုတ်မဟုတ် ကြည့်ပါ။ ကိုယ်မလုပ်လည်း အခြားသူတစ်ယောက် လုပ်ပေးနိုင်တဲ့ကိစ္စဆိုရင် ငြင်းပယ်သင့်ပါတယ်။ အဲဒါမှ သင့်ဘဝမှာ သင်လုပ်ချင်တာတွေအတွက် သင့်ကိုသင်အချိန်ပိုပေးနိုင်လာပါလိမ့်မယ်။ အဲဒါဆိုသ င့်ဘဝပိုနေပျော်စရာကောင်းလာပါလိမ့်မယ်။

၂) သင့်ကိုသင်ပြန်ဂရုစိုက်ကြည့်ပါ။
သင့်ကိုသင်ပြန်ပြီး ဂရုစိုက်ပါ။ သင့်ကိုသင်အခြားသူတွေထက်ဦးစားပေးပါ။ သင့်ကိုသင်ပိုချစ်ပါ။ ကျွန်တော်တို့အားလုံးက အလုပ်တွေအလွန်အကျွံ့လုပ်နေကြရပါတယ်။ အဲဒါတွေကြောင့်ကိုပဲ ဖိစီးမှုတွေများနေတတ်ကြပါတယ်။ အဲဒါကြောင့် ကိုယ့်ကျန်းမာရေးကို ကိုယ်ဂရုစိုက်ပါ။ ကိုယ့်အတွက်ကျန်းမာရေးနဲ့ညီညွှတ်မယ်ဆို ကိုယ်စားချင်တာလေးတွေစားပေးပါ။ ကိုယ့်ဝင်ငွေနဲ့သင့်တင့်မျှတတဲ့ ဝတ်ချင်တာလေးတွေဝယ်ဝတ်ပါ။ ကိုယ့်ကိုကိုယ်စိတ်ချမ်းသာအောင်ထားပါ။ စသဖြင့် သင့်ကိုသင်ပြန်ပြီးဂရုစိုက်ကြည့်ပါ။

၃) သင်လုပ်ချင်တာလေးတွေကို ရေးမှတ်ထားပါ။
သင်ဖြစ်ချင်တာလေးတွေကို တခုချင်းရေးချထားပြီး ဖြစ်မြောက်အောင်လုပ်နိုင်သွားတဲ့အခါ အမှတ်ခြစ်ထားလိုက်ပါ။ အဲဒါက သင်ဘယ်နှစ်ခုလုပ်နိုင်တယ်ဆိုတာကို သိသွားနိုင်သလို၊ သင့်ရဲ့လုပ်ဆောင်နိုင်မှုကိုလည်း သင်အံ့အားသင့်ပြီး ပျော်ရွှင်ရပါလိမ့်မယ်။ အများကြီး မလုပ်နိုင်ရင်တောင် တခုချင်းစီ ဖြစ်မြောက်အောင်လုပ်ဆောင်သွားပါ။ ဖြစ်မြောက်အောင်လုပ်ဆောင်နိုင်လေလေ သင်ပျော်ရွှင်လေလေဖြစ်လာပါလိမ့်မယ်။

၄) လေ့ကျင့်ခန်းနေ့စဉ်လုပ်ပါ။
အလုပ်တွေများတယ်ဆိုတာ ပြောနေကျစကားပါပဲ။ ဒါပေမယ့် တစ်နေ့မှာ တကြိမ်တော့ လေ့ကျင့်ခန်းလုပ်ဖြစ်အောင်လုပ်ကြည့်လိုက်ပါ။ အဲဒါက သင့်စိတ်ခံစားချက်ကိုကောင်းမွန်စေပါတယ်။ လှုပ်ရှားမှုပြုလုပ်ခြင်းနဲ့ အကောင်းမြင်စိတ်ဖြစ်ပေါ်လာစေပါတယ်။ တစ်နေ့လျှင် ၃၅မိနစ်နဲ့ ၅၅မိနစ်ကြား လေ့ကျင့်ခန်းပုံမှန်လေးလုပ်ကြည့်ပါ။ သင်ပိုပြီးပျော်ရွှင်လာတယ်လို့ခံစားရပါလိမ့်မယ်။

၅) ခေါင်းအရမ်းရှုပ်လာရင် ခရီးအတိုလေးတွေထွက်ကြည့်ပါ။
အလုပ်များလို့ ခရီးရှည်မထွက်နိုင်ရင်တောင် မနီးမဝေးခရီးတိုလေးတွေ ထွက်လိုက်ပါ။ သင့်ရဲ့ကိစ္စတွေကိုအားလုံးကို မစဉ်းစားဘဲနဲ့ပေါ့။ အဲဒါက သင့်စိတ်နဲ့ဝိဉာဉ်ကို လန်းဆန်းလာစေနိုင်ပါတယ်။

၆) အိပ်ရေး၀၀အိပ်စက်ပါ။
အိပ်စက်ချိန်ကလည်း အရေးကြီးပါတယ်။ အိပ်ရေးမဝခြင်းက စိတ်ကျန်းမာရေးအရာကော၊ ကိုယ်ကျန်းမာရေးအရကော ထိခိုက်စေပါတယ်။ အနည်းဆုံး တစ်ညကို ၈နာရီခန့်အိပ်စက်သင့်ပါတယ်။ အိပ်စက်ချိန်လည်းပုံမှန်ဖြစ်သင့်ပါတယ်။
ဒီအရိုးရှင်းဆုံးနဲ့အလွယ်ဆုံးအချက်လေးတွေကို လိုက်နာနိုင်အောင်ကြိုးစားပြီး သင့်ဘဝကိုနေပျော်အောင် ကြိုးစားကြည့်လိုက်ပါ။
https://themindsjournal.com/learn-the-art-of-enjoying-life-with-these-6-helpful-tips/လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။