အမျိုးသမီးများသွေးဆုံးချိန်မတိုင်မီသိထားသင့်သောအချက်များ

အသက် ၄၀နဲ့ ၅၀ကြားအမျိုးသမီးတွေမှာ သွေးဆုံးခါနီးလက္ခဏာတွေကို သတိထားဖို့လိုပါတယ်။ သင့်ခန္ဓာကိုယ်နဲ့ ခံစားချက်တွေက ထိုအသက်အရွယ်မှာ အပြောင်းအလဲတွေဖြစ်လာနိုင်ပါတယ်။ အချို့သောအမျိုးသမီးတွေမှာတော့ ထိုလက္ခဏာတွေကို ခပ်စောစောကြုံတွေ့ရတတ်ပြီး အချို့ကတော့ နောက်ကျတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသမီးတစ်ယောက်ဖြစ်နေရင်တော့ ထိုအပြောင်းအလဲကိုရှောင်လွှဲနိုင်မှာမဟုတ်ပါဘူး။


သွေးဆုံးချိန်ဆိုတာ ဘာလဲ။
သင့်ခန္ဓာကိုယ်က သဘာဝအလျှောက်ဖြစ်ပေါ်နေတဲ့ သဘာဝတစ်ခုပါပဲ။ သင့်သားအိမ်ကနေ သားဥကြွေခြင်းဖြစ်ရပ်ကို မဖြစ်ပေါ်တော့ဘဲ မျိုးပွားခြင်းဆိုင်ရာ estrogen နဲ့ progesterone ဟော်မုန်းတွေလည်း မထုတ်လုပ်နိုင်တော့တဲ့အချိန်မျိုးပါ။ ထိုအချိန်မတိုင်မီ ပြသနေတဲ့လက္ခဏာတွေကိုဖော်ပြပေးလိုက်ပါတယ်။

၁) စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်မှုများခြင်းနဲ့ သင်အထီးကျန်နေတာမဟုတ်ဘူးဆိုတာ သတိရပါ။
သင့်ရဲ့အတွေ့အကြုံတွေကို အခြားသူတွေကို ပြန်ပြောပြဖို့မကြောက်ပါနဲ့။ သင့်ရဲ့နီးစပ်ရာပတ်ဝန်းကျင်ကလူတွေ နဲ့ ဆရာဝန်တွေကို ပြောပြပါ။ သင့်စိတ်ဖိစီမှုတွေကို ဆရာဝန်တွေနဲ့အထူးကုတွေက ပြေလျော့ပါစေလိမ့်မယ်။ အခြားသူတွေရဲ့အတွေ့အကြုံတွေနဲ့နှိုင်းယှဉ်ပြီး သင့်ကို စိုရိမ်မှုတွေလျော့ကျအောင် ပြန်လည်နှစ်သိမ့်ပါလိမ့်မယ်။ အချို့သော လက္ခဏာတွေက ခက်ခဲပါတယ်။ ထိုအတောအတွင်း သင့်ခန္ဓာကိုယ်မှာ အပြောင်းအလဲတွေဖြစ်နေတာကြောင့် ခံစားချက်တွေလည်း ပြောင်းလဲနေတတ်ပါတယ်။ စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်ပူပန်ခြင်းအပါအဝင်ပေါ့။ ထိုခံစားချက်တွေကို လျစ်လျူမရှုထားလိုက်ပါနဲ့၊ အခြားသူတွေကို ပြောပြရင်ဖွင့်ခြင်းဖြင့် ပြေလျော့ပါစေ။

၂) ဟော်မုန်းဖြင့် ကုသခြင်းထက် နေထိုင်မှုပုံစံကိုပြောင်းလဲပါ။
ဆေးဝါးကုသပေးသူတော်တော်များများက ဟော်မုန်းအစားထိုးကုသခြင်းထက် သင့်ရဲ့အစားအသောက်ပုံစံ၊ ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်၊ သင့်ရဲ့ရှင်သန်မှု့ပုံစံကို ပြောင်းလဲဖို့အရင်ကြိုးစားသင့်တယ်လို့အကြံပေးကြပါတယ။်
ဟော်မုန်းအစားထိုးခြင်းထက် သင့်ရဲ့အစားအသောက်ပုံစံ၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ဘဝရှင်သန်မှုပုံစံပြောင်းလဲခြင်း၊ တရားထိုင်ခြင်း၊ အာဟာရပြည့်ဝအောင်စားသောက်ခြင်း စတဲ့နေထိုင်မှုပုံစံပြောင်းလဲခြင်းကလည်း သွေးဆုံးချိန်ပြဿနာတွေကို လျော့ကျစေပါတယ်။

၃) ဝိတ်တက်လာနိုင်ပါတယ်။
အချို့တွေက အသက်အရွယ်အရရော၊ နေထိုင်မှုပုံစံအရကော ဝိတ်တက်လာနိုင်ပါတယ်။ သွေးဆုံးချိန်မှာလည်း ဝိတ်တက်လာနိုင်ပါတယ်။ နှလုံးရောဂါနဲ့ သွေးချိုဆီးချိုရောဂါဖြစ်ပွားနိုင်ချေများလာနိုင်ပါတယ်။ ကျန်းမာတဲ့ အစားအသောက်ပုံစံဖြင့်ပြောင်းလဲပြုပြင်နေထိုင်ခြင်းက သင့်ရဲ့ဝိတ်ကိုလျော့ကျစေနိုင်ပြီး ကျန်းမာရေးအကျိုးကျေးဇူးတွအများကြီးပြန်ရစေနိုင်ပါတယ်။

၄) ကြိုတင်ကာကွယ်ခြင်းက သင့်ရဲ့သွေးဆုံးချိန်လက္ခဏာတွေကို သက်သစေနိုင်ပါတယ်။
အစားအသောက်ပုံစံနဲ့လေ့ကျင့်ခန်းလုပ်ဖို့က အရေးကြီးပါတယ်။ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုပြီးထိရောက်ပါတယ်။

၅) သင့်ရဲ့အူကျန်းမာရေးကို ဂရုစိုက်ပါ။
Estrogen ဟော်မုန်းက သင့်ရဲ့အူကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ထိုအချိန်မျိုးမှာက အစာခြေစနစ်နဲ့ပတ်သက်တဲ့ ပြဿနာတွေအများကြီးဖြစ်ပေါ်နိုင်ပါတယ်။ လေပွခြင်း၊ အော့အန်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဂတ်စ်တွေထုတ်လွှတ်ခြင်း၊ အော်ကလီဆန်ခြင်း စတဲ့ပြဿနာတွေဖြစ်နိုင်ပါတယ်။
စိုးရိမ်ပူပန်မှုတွေ အလွန်အကျွံ့ခံစားရတဲ့အခါ cortisol ဆိုတဲ့ဟော်မုန်း တွေအများကြီး ထုတ်လွှတ်ပါတယ်။ ထိုဟော်မုန်းကနေ သင့်ရဲ့အစာခြေစနစ်ကို ပြဿနာတွေဖြစ်စေပါတယ်။ ထိုဟော်မုန်းတွေအရမ်းများလာတဲ့အခါမှာလည်း ဝိတ်တွေတက်လာနိုင်ပါတယ်။
အမျှင်ဓာတ်များတဲ့အစားအစာတွေစားပေးခြင်း၊ ရေများများသောက်ခြင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းကဲ့သို့ ကုသမှုမျိုးတွေနဲ့လည်း ကုသနိင်ပါတယ်။

၆) လေ့ကျင့်ခန်းလုပ်ဖို့အရေးကြီးပါတယ်။
လမ်းအနည်းငယ်လျှောက်ခြင်းက သင့်ရဲ့စိတ်ခံစားချက်တွေကိုကောင်းမွန်စေပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ဝိတ်ကျစေနိုင်ပြီး အရိုးပွခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဆေးဝါးကုသခြင်းဆိုင်ရာအခြေအနေကိုလည်း လျော့ကျစေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက ကျုံ့နိုင်ဆန့်နိုင်အောင်အလေ့အကျင့်လုပ်ခြင်းဖြစ်ပြီး သင့်ရဲ့အရိုးတွေနဲ့ ကြွက်သားတွေကို ထိန်းသိမ်းပေးနိုင်ပါတယ်။

၇)ခံစားချက်တွေက ပြောင်းလဲနေပါတယ်။
ခဏနေ ပြုံးရယ်နေပြီး တအောင့်လောက်နေတော့ ငိုချင်သလို၊ ဝမ်းနည်းနေတာကို မရပ်နိုင်ဘူးဖြစ်နေတတ်ပြန်ပါတယ်။ ဒေါသတွေလည်း ထွက်ချင်ထွက်နေတတ်ပါတယ်။ သင့်ရဲ့တုံ့ပြန်မှုတွေကော၊ သင့်ရဲ့လုပ်ဆောင်ချက်တွေကောကို သင်ကိုယ်တိုင်တောင် နားမလည်နိုင်အေင်ဖြစ်နေတတ်ပါတယ်။ ဘာဖြစ်နေမှန်းမသိဘဲနဲ့ကို စိုးရိမ်ပူပန်ခြင်း၊ စိတ်ဖိစီးခြင်းကို ခံစားနေရတတ်ပါတယ်။ သင့်ခံစားချက်တွေက အခြားသူတွေကို ထိခိုက်စေနိုင်ပါတယ်။ သင့်ရဲ့မိသားစု၊ သင့်ရဲ့သူငယ်ချင်းအပေါင်းအသင်း၊ သင့်ရဲ့ပတ်ဝန်းကျင်ကလူတွေကိုပါ ထိခိုက်တဲ့အထိဖြစ်လာနိုင်ပါတယ်။ ပုံမှန်မဟုတ်တဲ့အပြုအမူတွေနဲ့ ခံစားချက်တွေဖြစ်ပေါ်နေတယ်ဆိုရင် သက်ဆိုင်ရာဆရာဝန်နဲ့သာ ပြသင့်ပါတယ်။
သင့်ရဲ့ခံစားချက်တွေကို ထိန်းချုပ်ပါ။ တည်ငြိမ်အောင်လုပ်ပါ။ ဆရာဝန်နဲ့စကားပြောကြည့်ပါ။ လေ့ကျင့်ခန်းလုပ်ပါ။ စိတ်ဖိစီးမှုတွေကို အတတ်နိုင်ဆုံးလျော့ချပါ။

၈) သင့်အသက် ၂၀နဲ့၃၀ကြားကာလ ခံစားချက်တွေ ပြန်ပြီးပေါ်ပေါက်ခံစားရနိုင်ပါတယ်။
အထူးသဖြင့် သွေးမဆုံးခင်ကာလမျိုးမှာ သင့်ရဲ့ဘဝအစောပိုင်းကာလတွေရဲ့ခံစားချက်တွေကို ပြန်လည်ပြီး တနုံ့နုံ့ဖြစ်ပေါ်ကာ ခံစားနေတတ်ပြန်ပါတယ်။ ကဖင်းဓာတ်တွေလျှော့သောက်ပါ။ ဝိုင်သောက်ပေးပါ။ သကြား၊ ဆားတွေလျော့စားပါ။ အိုမီဂါသရီးက်တီးအက်ဆစ်ကြွယ်ဝတာစားပါ။ ပရိုတင်းနဲ့အမျှင်ဓာတ်များတာ စားပေးပါ လို့ Dr. Christiane Northrup ကပြောထားပါတယ်။

၉) အရိုးပွနိုင်တဲ့အခြေအနေပိုများပါတယ်။
အမျိုးသမီးတွေက သဘာဝအားဖြင့်ကို အရိုးပွုနိုင်ချေများပါတယ်။ ဒါပေမယ့် သင့်ရဲ့အရိုးကျန်းမာရေးကို ကာကွယ်သင့်ပါတယ်။ ဗီတာမင်ဒီကြွယ်ဝစွာရရှိဖို့လိုအပ်ပါတယ်။ အာဟာရပြည့်ဝစွာရရှိဖို့လိုအပ်ပါတယ်။ ဆေးလိပ်သောက်ခြင်းနဲ့ အရက်အလွန်အကျွံ့သောက်ခြင်းတွေက အရိုးကို ပိုပြီးပျက်စီးလွယ်စေပါတယ်။

၁၀) ရုတ်တရက် ပူလိုက်အေးလိုက်ဖြစ်တတ်ပါတယ်။
ညဘက်အချိန်မှာ ချွေးစေးတွေထွက်ခြင်း၊ ပူလိုက်၊ ချမ်းလိုက်ဖြစ်ခြင်းမျိုး၊ အိပ်ရာလန့်နိုးနေတာမျိုး၊ အိပ်မရတာမျိုး စတာတွေလည်း ဖြစ်တတ်ပါတယ်။
အပူအစပ်များတဲ့အစားအစာတွေကို ရှောင်ပါ။ ကဖင်းဓာတ်ပါတာတွေရှောင်ပါ။ ညအိပ်ချိန် အလင်မှိန်မှိန်သာ ထွန်းပါ။ အပူချိန်ကိုလျှော့ချထားပါ။ ပန်ကာ နဲ့ ပြတင်းပေါက်တွေကို အတတ်နိုင်ဆုံး မဖွင့်ပါနဲ့။
https://www.powerofpositivity.com/menopause-symptoms-and-treatment/?fbclid=IwAR2Jlw8IfBOTfuxMQBHHBNqsw1hx0tBpwRg2CxdqzxtKOw4tPWT_N6ZMp-8 လင့်မှာဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။