သင့်အမြင်အာရုံကိုပျက်စီးစေပြီး နေ့စဉ်ပြုလုပ်မိနေသော အကျင့်ဆိုးများ

ဒီနေ့ခေတ်မှာ ဖုန်းကွန်ပျူတာ screen time တွေများလာပါတယ်။ screen time ကြောင့် သင့်ရဲ့အမြင်အာရုံကိုပျက်စီးစေပါတယ်။


၁) screen time များခြင်း
screen time အတွင်း သင့်ရဲ့ဖုန်းကွန်ပျူတာ လက်တော့တွေကနေထွက်လာတဲ့အလင်းရောင်က အရွယ်မတိုင်မီအမြင်အာရုံပျက်စီးခြင်းနဲ့ဆက်စပ်နေပါတယ်။ ကွန်ပျူတာအကြည့်များတဲ့အခါဖြစ်တတ်တဲ့အမြင်အာရုံပြဿနာ မျက်သားခြောက်သွေ့ခြင်း၊ နာကျင်ခြင်း၊ မျက်ရည်ပူကျခြင်း စတာတွေဖြစ်နိုင်ပါတယ်။
screen time ကြည့်ချိန်မှာ screen ကို သင့်မျက်နှာနဲ့ အနည်းဆုံး ၁၆လက်မခန့်ခွာသင့်ပါတယ်လို့ SUNY College ရဲ့ ပရော်ဖက်ဆာ Mark Rosenfield ကပြောပါတယ်။

၂) စိတ်ဖိစီးမှုများခြင်း
စိတ်ဖိစီးမှုများခြင်းကလည်း အမြင်အာရုံနဲ့ဆက်စပ်နေပါတယ်။ cortisol ဆိုတဲ့ဟော်မုန်းကြောင့် မျက်လုံးအာရုံခံလွှာ (တနည်းအားဖြင့် မျက်လုံးရဲ့အမည်းရောင်ဧရိယာတစ်ဝိုက် ထိုနေရာသည် ပြင်ပမှအလင်းတန်းကို လက်ခံရာနေရာဖြစ်ပါတယ်။) ထိုနေရာပျက်စီးခြင်းကို ဖြစ်ပေါ်စေပါတယ်။ ထိုနေရာပျက်စီးခြင်းကြောင့် central serous chorio-retinopathy (CSCR) လို့ခေါ်တဲ့ရလဒ်ဖြစ်လာပါတယ်။ အမြင်အာရုံဝေဝါစေတဲ့ အရည်တွေ အုံဖွဲ့လာစေပါတယ်။ တနည်းအားဖြင့် မျက်ရည်ပူကျခြင်း၊ အမြင်အာရုံေ၀ဝါးခြင်းတွေဖြစ်နိုင်ပါတယ်။
စိတ်ဖိစီးမှုကိုလျော့ကျစေတဲ့လေ့ကျင့်ခန်းလုပ်ခြင်း၊ တရားထိုင်ခြင်းမျိုးလုပ်ပေးပါ။ စိတ်ဖိစီးမှုကို လျှော့ချပါ။ သီချင်းနားထောင်ခြင်းကလည်း cortisol levels ကို ၂၅ရာခိုင်နှုန်းခန့်လျှော့ကျစေပါတယ်လို့ UKမှ လေ့လာချက်တွေအရသိရပါတယ်။

၃) စာဖတ်ခြင်း ၊ ကွန်ပျူတာ၊ ဖုန်းကို မျက်လုံးနဲ့နီးကပ်စွာကြည့်ခြင်း
သင့်မျက်နှာနဲ့ ဖုန်း၊ လက်တော့၊ စာအုပ်စာတွေကို အလွန်နီးကပ်စွာကြည့်ခြင်းက သင့်ရဲ့အမြင်အာရုံကိုပျက်စီးစေပါတယ်။ သင့်မျက်နှာနဲ့ တစ်စုံတစ်ခုကို အလွန်နီးကပ်စွာကြည့်ခြင်းက သင့်ရဲ့မျက်လုံး(eyeball) ကို အချိန်ကြာကြာမရွေ့လျားစေပါဘူး။ အဲဒီ့အခါမှာ အနီးမှုန်ဖြစ်ပေါ်စေပါတယ်။
အဲဒါကြောင့် 20-20-20 rule ကိုကျင့်သုံးကြည့်ပါ။ မိနစ် ၂၀ တိုင်းမှာ ခဏတဖြုတ် မျက်လုံးကို ကစားပေးပါ။ တစုံတခုကို ပေ ၂၀ အကွာအဝေးကနေ မိနစ်၂၀ခန့် ကြည့်ပေးပါ။ တသတ်မတ်ထဲ မျက်လုံးကို အသေမထားပါနဲ့။ ပြတင်းပေါက်ကနေ အဝေးကိုကြည်တာမျိုး၊ သင့်မျက်လုံးကို ခဏအနားပေးတာမျိုးလုပ်ပေးပါ။

၄) အမှတ်တမဲ့ သတိမထားတဲ့ အပြုအမူကြောင့် မတော်တဆထိခိုက်မိခြင်း
မျက်ကွင်းညိုခြင်း၊ မျက်လုံးကို ထိခိုက်မိအောင် အမှုမဲ့အမှတ်မဲ့နေထိုင်ခြင်းက သင့်မျက်လုံးကို ပိုပြီးဆိုးဝါးစေပါတယ်။ လူငယ်တွေမှာ ထိုအမူအကျင့်တွေကြောင့် မျက်လုံးပျက်စီးခြင်းပိုဖြစ်လွယ်ပါတယ်။ မျက်လုံးကို ဂရုတစိုက်မရှိခြင်း၊ အမှုအမှတ်မဲ့နဲ့ မျက်လုံးကို အထူးဂရုစိုက်ရမှာကို အလေးမထားခြင်းတွေကြောင့် လူငယ်တွေမှာ ပိုဖြစ်နိုင်ပါတယ်။ ပြင်းထန်စွာ ခေါင်းကိုထိခိုက်မိတာမျိုးတွေကြောင့်လည်း နေပူထဲထွက်ပေမယ့် မျက်မှန်မတပ်ဘဲ ဂရုမစိုက်ခြင်းအမြင်အာရုံပျက်စီးနိုင်ပါတယ်။
မျက်လုံးကို အကာအကွယ်ဖြစ်စေတဲ့မျက်မှန်မျိုးတပ်ပါ။ အားကစားလုပ်တဲ့အခါမှာလည်း မျက်လုံးကိုသတိထားပါ။ flashing light အလင်းရောင်တွေကို သတိထားရှောင်ရှားပါ။

၅) အသီးအရွက်တွေမစားခြင်း
အစိမ်းရောင်အရွက်တွေကို မစားချင်တာ၊ မနှစ်သက်တာ၊ ရှောင်တာမျိုးကလည်း သင့်ရဲ့အမြင်အာရုံကို အားနည်းစေပါတယ်။ အစိမ်းရောင်အသီးအရွက်တွေက မျက်လုံးအတွက် အားကောင်းစေတဲ့ဓာတ်တွေပါဝင်တတ်ပါတယ်။ nitrates နဲ့ lutein ကဲ့သို့ပါဝင်တဲ့ အစိမ်းရောင်အရွက်တွေကြောင့် မျက်လုံးကို အထောက်အကူဖြစ်စေပါတယ်။
တစ်နေ့လျှင် ဟင်းနုနယ်ရွက် ၂၄မီလီဂရမ်ခန့် စားသုံးခြင်းက သင့်ရဲ့အမြင်အာရုံပျက်စီးခြင်းကို ၃၀ရာခိုင်နှုန်းထိလျှော့ချပေးနိုင်ပါတယ်။

၆) ဆေးလိပ်သောက်ခြင်း ၊ အဝလွန်ခြင်း
သင်ကဆေးလိပ်သောက်တဲ့သူတစ်ယောက်၊ ဒါမှမဟုတ် အဝလွန်တဲ့တစ်ယောက် ဒါမှမဟုတ် နှစ်မျိုးလုံးဖြစ်နေတယ်ဆိုရင် ရေတိမ်ဖြစ်ခြင်း၊ မျက်ကြည်လွှာပျက်စီးခြင်း၊ အခြားသော မျက်စိရောဂါတွေကို ဖြစ်ဖို့ ရာခိုင်နှုန်းများပါတယ်။
ကိုယ့်ရဲ့ပေါင်ချိန်ကိုမျှတအောင်ထိန်းပါ။ အာဟာရမျှတအောင်စားပေးပါ။ အသီးအနှံ၊ အဆီများတဲ့ငါး၊ ဟင်းသီးဟင်းရွက် အထူးသဖြင့် ဗီတာမင်စီနဲ့ ဇင့်ပါဝင်သောဟင်းရွက်များက စားပေးခြင်းက သင့်မျက်လုံးကျန်းမာရေးကို ကူညီပေးပါတယ်။
https://www.menshealth.com/health/g19532895/how-you-ruin-your-eyesight/?slide=6
လင့်မှာ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။