သင့်ဦးနှောက်ကိုပျက်စီးစေသော မကောင်းတဲ့အကျင့် ၅ခု

ဦးနှောက်က ကျွန်တော်တို့အတွက် အရေးကြီးဆုံးအဂါၤရပ်တစ်ခုဖြစ်ပါတယ်။ ဦးနှောက်ပျက်စီးခြင်းက ကျွန်တော်တို့အတွက် အရာအားလုံးပျက်စီးခြင်းပါပဲ။ ဒီဆောင်းပါးထဲမှာ ဦးနှောက်ကိုပျက်စီးစေတဲ့အကျင့်ဆိုး ၅ခုကို ဖော်ပြပေးထားပါတယ်။ ဒီအကျင့်ဆိုးတွေကို ပြုပြင်နိုင်မှသာ ကျွန်တော်တို့ရဲ့ကျန်းမာရေးအတွက်ကောင်းမွန်စေမှာဖြစ်ပြီး ဦးနှောက်ကျန်းမာရေးကိုလည်း မြင့်တင်နိုင်မှာဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ဦးနှောက်မှာ အာရုံကြောပေါင်း ၁၀၀ဘီလီယံခန့်ရှိပါတယ်။ အာရုံကြော တစ်ခုစီမှာ အခြားသောအာရုံကြောပေါင်း တစ်သောင်းခန့်နဲ့ဆက်သွယ်ရပါတယ်။


ဦးနှောက်ပျက်စီးခြင်းက ၂မျိုးရှိပါတယ်။ traumatic brain injury (TBI) နဲ့ acquired brain injury (ABI) တို့ဖြစ်ပါတယ်။ TBI ဆိုတာက ပြင်ပက တွန်းအားထိခိုက်မှုကြောင့် ဦးခေါင်းခွံပျက်စီးခြင်းဖြစ်ပြီး ဦးခေါင်းခွံပျက်စီးရာကနေဦးနှောက်ကိုထိခိုက်ခြင်းဖြစ်ပါတယ်။ ABI ကတော့ ဦးနှောက်ထဲက ဆယ်လူလာပမာဏပျက်စီးခြင်းကြောင့်ဖြစ်ပါတယ်။ အာရုံကြောပျက်စီးခြင်း၊ ဦးနှောက်ထဲအကြိတ်ဖြစ်ခြင်းနဲ့ လေဖြတ်ခြင်းတို့ကြောင့်ဖြစ်ပါတယ်။
ခုဖော်ပြပေးမှာကတော့ ဦးနှောက်ထဲကဆဲလ်တွေပျက်စီးခြင်းကြောင့် ဦးနှောက်ပျက်စီးခြင်းအဖြစ်များခြင်းအကြောင်းပဲဖြစ်ပါတယ်။

၁) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းက ဦးနှောက်ကိုအန္တရာယ်ပေးပြီး အဆုတ်အတွက်လည်း ထိခိုက်စေပါတယ်။
ဆေးလိပ်သောက်ခြင်းရဲ့ဆိုးကျိုးက နှလုံးနဲ့အဆုတ်ကို သက်ရောက်စေပါတယ်။ ၂၀၁၇ခုနစ်မှာထုတ်ဝေတဲ့ Drug and Alcohol Dependence ဂျာနယ်မှာလေ့လာဖော်ပြချက်အရ လေ့လာသူတွေက ဆေးလိပ်သောက်ခြင်းက ဦးနောက်ရဲ့ဧရိယာတော်တော်များများကို ထိခိုက်ပျက်စီးစေပါတယ်လို့ပြောပါတယ်။

၂) အလွန်အကျွံ့အိပ်စက်ခြင်း
နေ့ဘက်မှာ ခဏတဖြုတ်အိပ်စက်ချိန် မိနစ်၂၀ထက်ပိုပြီး ပိုမအိပ်သင့်ပါဘူး။ မိနစ်၂၀ထက်ပိုအိပ်မိတဲ့အခါ စွမ်းအင်တွေမရှိတော့သလိုမျိုးခံစားရစေပါတယ်။ အားအင်ကုန်ခမ်းသလိုမျိုး၊ ပျင်းရိသွားစေတဲ့ခံစားချက်မျိုးဖြစ်ပေါ်စေပါတယ်။ လေ့လာချက်တွေအရ တစ်နာရီထက်ပိုပြီးအိပ်စက်မိတဲ့အခါ ဦးနှောက်မှာ တက်ကြွမှုအားနည်းသွားပြီး လုပ်ကိုင်နိုင်စွမ်းလျော့ကျသွားစေပါတယ်။ ဘာကိုမှလုပ်ချင်ကိုင်ချင်စိတ်မရှိတော့သလိုခံစားရစေပါတယ်။

၃) မနက်စာမစားခြင်း
မနက်စာ မစားဘဲနေတဲ့သူတော်တော်များများဟာ သွေးထဲက သကြားဓာတ်ပမာဏ လျော့နည်းစေပါတယ်။ တစ်ညလုံးအစားမစားဘဲနေပြီးတဲ့နောက် သင့်ဦးနှောက်မှာ အာဟာရဓာတ်လိုအပ်မှုမလုံလောက်ခြင်းဖြစ်ပေါ်နိုင်ပါတယ်။ အဲဒီလိုအကြိမ်ရေများလာတဲ့အခါမှာတော့ သင့်ဦးနှောက်ကို တဖြေးဖြေးချင်းပျက်စီးစေတော့တာပါပဲ။ လေ့လာချက်တွေအရ မနက်စာကို မဖြစ်မနေစားဖို့လိုအပ်ပါတယ်။ အာဟာရဓာတ်ပြည့်ဝခြင်းနဲ့ စွမ်းအင်ဖြစ်ပေါ်လာခြင်းလုပ်ဆောင်ချက်က ဆက်စပ်နေပါတယ်။ သိပ္ပံပညာမှ ရှင်းလင်းစွာဖေ်ာပြထာပါတယ်။ အလုပ်လုပ်နိုင်တဲ့စွမ်းအင်ထုတ်လုပ်ဖို့နဲ့ ကောင်းမွန်စွာ သင်ယူနိုင်ဖို့အတွက် ကျန်းမာရေးနဲ့ညီညွှတ်တဲ့ မနက်စာကို မဖြစ်မနေစားသုံးပေးဖို့လိုအပ်ပါတယ်။

၄) ရေဓာတ်ချို့တဲ့ခြင်း
နေ့ရက်တိုင်းမှာ ရေသောက်နည်းခြင်းက သင့်ခန္ဓာကိုယ်နဲ့ သင့်ဦးနှောက်အတွက် အလွန် အန္တရာယ်များတဲ့ကိစ္စဖြစ်ပါတယ်။ တစ်နေ့ကို ဖန်ခွက် ၉ခွက်ကနေ ၁၀ခွက်လောက်အထိ ရေသောက်ပေးသင့်ပါတယ်။ ကိုယ်တွင်အဂါၤတွေက ရေရရှိဖို့ ၇၃ရာခိုင်နှုန်းခန့်လိုအပ်ပါတယ်။ ကိုယ်တွင်းအဂါၤတွေလုပ်ဆောင်ချက်အတွက် ရေလိုအပ်တာ ထူးဆန်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ရေဓာတ်မလုံလောက်ခြင်းက ရေရှည်မှာ သင့်ရဲ့ဦးနှောက်ကော၊ သင့်ရဲ့ခန္ဓာကိုယ်အတွက် အလွန်ဒုက္ခပေးနိုင်ပါတယ်။
ရေဓာတ်က အသည်းဆီကို အောက်ဆီဂျင်ပို့ပေးနိုင်သလို၊ ကိုယ်တွင်းအဂါၤရပ်တွေဆီကို အာဟာရဓာတ်တွေရစေပါတယ်။ လေ့လာချက်အရ ရေဓာတ်က ဦးနှောက်က တစ်ရှုးတွေအတွက် လောင်စာဆီတစ်ခုလိုမျိုး မဖြစ်မနေလိုအပ်ပါတယ်။

၅)လေထုညစ်ညမ်းမှုများ
Proceeding of the National Academy of Sciences (PNAS) ရဲ့လေ့လာချက်အရ တရုတ်လေ့လာသူတွေက လေထုညစ်ညမ်းခြင်းက လေထုထဲမှာ အဆိပ်အတောက်များစွာဖြစ်နိုင်တဲ့အရာတွေပါဝင်နေတာမို့ သင့်ရဲ့အဆုတ်နဲ့ ဦးနှောက်ကို ထိခိုက်စေပါတယ်။
မီးပွိုင့်မှာ ကားတွေပိတ်ဆို့ပြီး ဆူညံ့နေခြင်းမျိုးက နားအတွင်းထဲက အမှေးပါးဆဲလ်တွေကို ပျက်စီးစေပါတယ်။ ထိုဆဲလ်တွေရဲ့လုပ်ဆောင်ချက်က အသံလှိုင်ေးတွကို ဦးနှောက်ကို ပို့ပေးရခြင်းဖြစ်ပါတယ်။ အဲဒါကြောင့် ဦးနှောက်ရဲ့လုပ်ဆောင်ချက်ပုံမှန်မဖြစ်နိုင်တာမျိုးလည်းဖြစ်နိုင်ပါတယ်။
ဦးနှောက်ကိုပျက်စီးစေတဲ့အခြားသော အကျင့်ဆိုးတွေလည်း ရှိပါသေးတယ်။ အထက်ကအချက်တွေကတော့ ကျွန်တော်တို့မသိလိုက်ဘဲ ဦးနှောက်ကိုပျက်စီးမိစေပြီး အချိန်မီပြုပြင်မယ်ဆိုရင်လည်း ပြုပြင်နိုင်တဲ့အချက်လေးတွေပဲဖြစ်ပါတယ်။ ဒီအချက်လေးတွေထဲမှာ ကိုယ်ပြုမူနေတဲ့အပြုအမူဆိုးတွေပါရင်လည်း ပြုပြင်ကြည့်လိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

https://www.powerofpositivity.com/habits-that-damage-brain/?fbclid=IwAR2yO6yUIdAF0DfOHgp8gjKLpVXSQ2NurYChm3eSkztRC7zgoQFX9kyXyu0လင့်မှာဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။