သင်မထိန်းချုပ်နိုင်တဲ့အရာတွေအတွက် အခုချက်ချင်း ပြုပြင်သင့်တဲ့အကျင့်များ

ဘဝမှာ ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေ အများကြီးရှိပါတယ်။ ကိုယ်မထိန်းချုပ်နိုင်ဘူးဆိုတာကိုသာ သိပြီး လက်ခံနိုင်ဖို့လိုတာပါ။ ကိုယ်မထိန်းချုပ်နိုင်ဘူးဆိုတာကို လက်ခံလိုက်တာနဲ့ တပြိုင်တည်း ကိုယ်ထိန်းချုပ်နိုင်တာကဘာလဲဆိုတာကို တွေးပြီး ကိုယ်ထိန်းချုပ်နိုင်တာကိုသာ ထိန်းချုပ်ဖို့ကြိုးစားတာက ပိုထိရောက်စေပါတယ်။ ပိုလည်း တန်ဖိုးရှိပါတယ်။ အဲဒါကြောင့် ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေနဲ့ပတ်သက်ပြီး အခုချက်ချင်းပြုပြင်သင့်တဲ့အကျင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) အခြားလူတွေက ကိုယ့်ကိုဘယ်လိုထင်မလဲတွေးနေတတ်တဲ့အကျင့်
လူတော်တော်များများက အခြားသူတွေ ကိုယ့်ကိုဘယ်လိုထင်မလဲဆိုတာ အမြဲလို ထည့်တွေးတတ်ကြပါတယ်။ အဲဒါကြောင့် ကိုယ့်စိတ်ထဲမှာ အခြားသူရဲ့အထင်အမြင်ကိုသာ လိုက်ဂရုစိုက်နေတဲ့အတွက်ကြောင့် ကိုယ့်စိတ်နဲ့ ကိုယ့်အတွေးမှာ အခြားသူသာ လွှမ်းမိုးနေပြီး ကိုယ့်ရဲ့အတွေး၊ ကိုယ့်ရဲ့စိတ်နဲ့ ကိုယ့်ရဲ့စိတ်ကြိုက်နေထိုင်မှု ပျောက်ဆုံးလာပါတယ်။ အဲဒီ့အခါ ကိုယ့်ကိုယ်နဲ့ အခြားသူရဲ့စိတ်လိုဖြစ်နေမှာပါ။ အချိန်တိုင်းအဲဒီလိုနေထိုင်နေရတဲ့အခါ မွန်းကြပ်လာပြီး ကိုယ့်ကိုယ်ကိုယ်ပျောက်ဆုံးလာသလိုခံစားရပါတယ်။ အဓိကက ကိုယ့်ရဲ့ အပေါ်ယံသွင်ပြင်မဟုတ်ဘဲ ကိုယ့်ရဲ့အကျင့်စာရိတ္တနဲ့ ကိုယ်ကျင့်တရား၊ ရိုးသားမှုဆိုတာကို နားလည်ထားရင် အခြားသူတွေရဲ့အထင်အမြင်ကို နေရာတိုင်း လိုက်မတွေးတတ်တော့ပါဘူး။ ဘယ်သူတွေဘယ်လိုထင်ထင် ကိုယ့်ကြောင့် ကိုယ့်ကိုယ်ကိုယ်နဲ့ အခြားလူတွေကို မထိခိုက်ဘူးဆိုရင်ပဲ လိပ်ပြာလုံစွာရှင်သန်နိုင်တာမို့ နေရာတိုင်းမှာ အခြားလူတွေက ဘယ်လိုထင်မလဲဆိုတာကို လိုက်မတွေးဘဲ နေတတ်လာပါတယ်။ တခါတလေမှာ အခြားသူက ကိုယ့်ကိုဘယ်လိုထင်မလဲဆိုတဲ့အတွေးနဲ့တင် ကိုယ့်အတွက် အခြားအကျိုးရှိတာတွေမလုပ်နိုင်ဘဲ အချိန်ကုန်ဆုံးသွားတတ်ပါတယ်။ အဲဒါကြောင့် အဓိကနဲ့သာမညကိုခွဲခြားပြီး အခြားသူရဲ့အတွေးအမြင်ကို နေရာတိုင်းလိုက်ခံစားတတ်တဲ့အကျင့်ကိုပြင်သင့်ပါတယ်။

၂) အခြားလူတွေကျေနပ်မှူရဖို့ကြိုးစားတတ်တဲ့အကျင့်
နောက်တစ်ခုကလည်း အလားတူပါပဲ။ အခြားလူတွေ ကျေနပ်မှုရအောင်လိုက်ကြိုးစားနေတာပါ။ အခြားလူတွေရဲ့အမြင်ကို လိုက်ထည့်တွေးနေတဲ့အတွက်ကြောင့် အခြားလူတွေကျေနပ်မှုရှိအောင် လိုက်ကြိုးစားနေတာပါ။ တကယ်တော့ အဲဒါက အလကားပါပဲ။ အချိန်ကုန်တာသာ ရှိပါလိမ့်မယ်။ အခြားလူတစ်ယောက်က ဘယ်တော့မှ သင့်အပေါ် ကျေနပ်မှုကို အပြည့်အဝရနိုင်မှာမဟုတ်ပါဘူး။ လူဆိုတာက အတ္တသမားကြီးပဲမို့ ကိုယ့်အလိုပြည့်ဖို့ဆိုရင် ဘယ်တော့မှ လူ့အလိုနတ်မလိုက်နိုင်ဆိုသလို နတ်တောင်လိုက်မဖြည့်ဆည်းနိုင်တာမို့ သင်က တခြားသူရဲ့အလိုကိုဖြည့်ဖို့ ပိုတောင်မဖြစ်နိုင်ပါဘူး။ အဲဒီ့အစား အခြားလူတွေကိုလည်း မထိခိုက်စေဘဲ ကိုယ့်စိတ်ချမ်းသာမှုကို အပြည့်အဝရအောင်ကြိုးစားတာကမှ ပိုကောင်းပါတယ်။
၃) အရာအားလုံးကို ထိန်းချုပ်ချင်တဲ့အကျင့်
ကိုယ့်ဘဝရဲ့အရာအားလုံးကို ထိန်းချုပ်ချင်တဲ့စိတ်က သင့်ကိုပဲ စိတ်ဆင်းရဲစေမှာပါ။ လူတိုင်းကို သင်ထိန်းချုပ်ဖို့မဖြစ်နိုင်ပါဘူး။ သင့်စိတ်ကိုပဲသင်ထိန်းချုပ်နိုင်မှာမို့ သင့်ရဲ့ အရာအားလုံးကိုထိန်းချုပ်ချင်တဲ့စိတ်ကိုသာ သင်ထိန်းမှ ရမှာပါ။ လူတစ်ကိုယ်အကြိုက်တစ်မျိုး၊ အကျင့်တစ်မျိုးမို့ ဘယ်သူ့ကိုမှ သင့်စိတ်အတိုင်းလိုက်နေစေချင်လို့ မဖြစ်ပါဘူး။ အဲဒီ့အစား သင့်အတွက် သင်လုပ်နိုင်တာကိုသာ ပိုအာရုံစိုက်လိုက်ပါ။

၄) အခြားလူတွေနဲ့နှိုင်းယှဉ်တတ်တဲ့အကျင့်
နောက်တစ်ခုကတော့ အခြားလူတွေက ဘာဖြစ်နေပြီ….ကိုယ်ကတော့ ဘာမှမဟုတ်သေးဘူးဆိုတဲ့အတွေးမျိုးပါပဲ။ အဲဒီ့စိတ်က သင့်ကို စိတ်ဖိစီးစေပြီး တက်ကြွပြီးသားစိတ်ကိုတောင် အားလျော့သွားစေပါတယ်။ အဲဒီ့အစား သင့်ရဲ့ဒီနေ့အရည်အချင်းနဲ့ နောက်နေ့ သင့်အရည်အချင်း ဘာတွေတိုးတက်လာသလဲဆိုတာကိုသာ နိုှုင်းယှဉ်ပါ။ အချိန်တစ်ခုအရောက်မှာ သင်နေရာတစ်ခုမှ တိုးတက်အောင်မြင်လာမှာ အသေချာပါပဲ။

၅) အတိတ်ကိုပြန်တွေးစိတ်ညစ်နေတတ်တဲ့အကျင့်
ဒါကလည်း အချိန်ကုန် လူပန်း၊ အလကားဖြစ်ပြီး စိတ်ညစ်စေတဲ့အကျင့်ဆိုးပါပဲ။ အတိတ်မှာ ရွှေထီးဆောင်းခဲ့တာထက် အခုလက်ရှိမှာ ရွှေထီးဆောင်းနိုင်ဖို့အရေးကြီးပါတယ်။ အဲဒါကြောင့် အတိတ်ကိုပူဆွေးနေတဲ့အကျင့်ကို ဖျောက်ပါ။ သင်မထိန်းချုပ်နိုင်တာကို မေ့ပစ်ပါ။ ခုလက်ရှိမှာသာ နှစ်ဆ ကြိုးစားပါ။

၆) ဖြစ်မလာသေးတာကို အလွန်အကျွံ့တွေးပူတတ်တဲ့အကျင့်
မဖြစ်လာသေးတဲ့ အနာဂတ်က ကိစ္စတွေကို ပူပန်နေတာကလည်း ပြုပြင်သင့်ပါတယ်။ မဖြစ်လာသေးတာကို ကြိုပူပန်နေခြင်းက ခုလက်ရှိအချိန်ပုပ်ပါတယ်။ အဲဒါကြောင့် ခုလက်ရှိအချိန်မှာသာ အတတ်နိုင်ဆုံး ကိုယ်လုပ်နိုင်တာကိုသာ နှစ်ဆကြိုးစားပါ။ အဲဒါက အတိတ်အတွက်လည်း ကုစားနိုင်သလို၊ အနာဂတ်မှာ ပူပန်နေတာတွေကိုလည်း cover ဖြစ်စေမှာပါ။
တခါတလေမှာ အတော်များများက ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေအတွက် တွေးတောပူပန်နေရင်း အချိန်ကုန်သွားတတ်ပါတယ်။ အဲဒီ့အခါ ကိုယ်ထိန်းချုပ်နိုင်တဲ့အရာတွေအတွက်လည်း ကြိုးစားနိုင်တယ်ဆိုတဲ့အတွေး ပျောက်ဆုံးနေတတ်ပါတယ်။ အဲဒီ့အတွက် အထက်ကအချ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။