သင် နေ့တိုင်းဖတ်ဖို့စာ

သင့်ကိုယ်သင် သတိပေးသလိုဖြစ်စေဖို့အတွက် သင်မဖြစ်မနေ နေ့တိုင်းဖတ်သင့်တဲ့စာအဖြစ် ရေးထားတဲ့အချက်တွေဖြစ်ပါတယ်။ သင်တစ်နေ့တာလုံးမှာ ဘာတွေလုပ်မိတယ်၊ ဘာတွေတော့ မလုပ်ဘူးရယ်လို့ သတ်မှတ်ထားပေမယ့် ၊ ဆုံးဖြတ်ချက်ချထားပေမယ့် တနည်းနည်းနဲ့ဖြစ်ဖြစ်၊ တစ်ခြားသူ ဒါမှမဟုတ် တစ်ခုခုကြောင့် လုပ်မိသွားတဲ့အချက်တွေရှိတယ်ဆိုရင် ဒီစာကို နေ့တိုင်းပြန်ဖတ်ထားခြင်းဖြင့် သင့်ကိုယ်သင်သတိပေးသလိုဖြစ်စေမှာပါ။ အဲဒါကြောင့် ဖတ်ကြည့်လိုက်ပါအုံး။


၁) ပြုံးပါ။ ရယ်မောပါ။
ဒါက တစ်နေ့တာလုံးမရှိမဖြစ်လိုအပ်တဲ့အရာပါ။ သင့်စိတ်ကောင်းခြင်းဆိုးခြင်းပေါ်မူတည်ပြီး သင့်ရဲ့နေ့ရက်တွေ ပိုကောင်းမကောင်း၊ ပိုအဆင်ပြေမပြေဖြစ်လာပါလိမ့်မယ်။ အဲဒါအပြင် ဘယ်သူမှ စိတ်ညစ်မှု၊ မပျော်ရွှင်မှုတွေကိုလိုချင်မှာမဟုတ်ဘူးလေ။ အဲဒါကြောင့် မနက်ခင်းတိုင်း ဘယ်သူ့ကြောင့်မှ စိတ်မညစ်ဘူး၊ ပြုံးရယ်နိုင်အောင်ကြိုးစားမယ်၊ ရယ်မောမယ်လို့ တွေးပါ။

၂) စိတ်ကောင်းစေတနာထားပါ။
စိတ်ကောင်းစေတနာက သင့်ကို စိတ်ပျော်ရွှင်မှုပေးနိုင်ပါတယ်။ ပီတိဖြစ်စေသလို သင့်ကိုသင် အသုံးဝင်တဲ့လူတစ်ယောက်အဖြစ် ခံစားလာရစေပါတယ်။ ကုသိုလ်ရသည်ဖြစ်စေ ၊ မရသည်ဖြစ်စေ စိတ်ကောင်းထာခြင်းက သင့်အတွက် စိတ်ပျော်ရွှင်ကြည်နူးစေမှာ အသေအချာပါပဲ။

၃) အကောင်းမြင်စိတ်နဲ့စတင်ပါ။
မနက်ခင်းကို အကောင်းမြင်စိတ်နဲ့စတင်ခြင်းဟာ အရေးကြီးပါတယ်။ အကောင်းမြင်စိတ်ရှိတဲ့ဘဝက သင့်ကိုပိုကောင်းတဲ့ဘဝအမြင်ကိုသာ ပေးနိုင်ပြီး အဆိုးမြင်စိတ်များတဲ့ဘဝက ပိုဆိုးဝါးတဲ့ဘဝကိုပေးနိုင်ပါတယ်။ အဲဒါကြောင့် သင်နေ့တိုင်းဖတ်သင့်တဲ့စာထဲမှာ မပါမဖြစ်ပါပဲ။

၄) အမှားတွေကိုပြုပြင်နိုင်အောင်ကြိုးစားပါ။
လူတိုင်းမမှားဖူးတဲ့လူမရှိပါဘူး။ အဓိက အမှားတွေကို သိပါ။ သင်ခန်းစာယူပါ။ ပြုပြင်ပါ။ ဒါဆိုရင် သင့်ဘဝတိုးတက်လာမှာအသေအချာပါပဲ။ အဲဒါကြောင့်လည်း သင်မနက်ခင်းတိုင်းဖတ်သင့်တဲ့စာထဲမှာ ဒီအကြောင်းအရာထည့်ထားတာဖြစ်ပါတယ်။

၅) အကုန်အမြန်ဆုံးဟာ အချိန်ပါ။
သင့်ကိုယ်သင်သတိမထားမိလိုက်တဲ့အချိန်မှာပဲ သင့်ဘဝရဲ့အချိန်တော်တော်များများကို ကုန်ဆုံးပြီးနေပါပြီ။ တစ်ခုခုကြောင့် နောင်တမရခင် သင့်အတွေးထဲနေ့တိုင်းသတိပေးနေသလို ဖတ်သင့်တဲ့စာမှာ ဒီအချက်ကိုလည်း မေ့ထားလို့မဖြစ်ပြန်ပါဘူး။ အကုန်အမြန်ဆုံးဟာအချိန်ဖြစ်တာကြောင့် အချိန်ကိုကောင်းကောင်းအသုံးချသင့်ပါတယ်။

၆) သင့်ကိုပျော်ရွှင်စေတာ သင်ပါပဲ။
ပျော်ရွှင်မှုဆိုတာ သင့်ပိုင်ဆိုင်ထားတာကို သင်သတ်မှတ်တဲ့အပေါ်မူတည်တာဖြစ်ပါတယ်။ သင်အများကြီးမပိုင်ဆိုင်ထားပေမယ့် သင့်ပိုင်ဆိုင်ထားသမျှကို သင်တန်ဖိုးထားရင် သင်ပျော်ရွှင်တာပါပဲ။ ပျော်ရွှင်မှုဆိုတာ သင်လိုချင်တာကို ရရှိခြင်းနဲ့ထပ်တူမကျဘူးဆိုရင်တောင် သင်ရရှိပိုင်ဆိုင်ထားတာကိုပဲ သင်လိုချင်ခြင်းပါပဲ။

၇) တစ်နေ့တာနာကျင်စရာတွေကို မေ့ပစ်ပါ။
တစ်နေ့တာလုံး ပြန်ဖတ်သင့်တဲ့စာ၊ နေ့တိုင်းသတိထားသင့်တာက တစ်နေ့တာလုံးပိုင်ဆိုင်ထားတဲ့ ဝမ်းနည်းမှု၊ နာကျင်မှုတွေကို နောက်နေ့မကူးခင် မေ့ပစ်လိုက်ဖို့ပါပဲ။ အဲဒါက သင့်ကိုသင်ချစ်ခင်တာပါ။ မနက်ဖြန်ရောက်တဲ့အခါ အဲဒီ့ခံစားချက်နဲ့အလားတူ ခံစားချက်မျိုးကို သင်ထပ်ခံစားရချင်ရမှာပါပဲ။ အဲဒါကြောင့် နေ့တိုင်း မမေ့ပစ်ဘဲ သင့်စိတ်ထဲမုန်းတီးမှု၊ နာကျင်မှု၊ ဝမ်းနည်းမှုတွေကို ကြာကြာလက်ခံထားလေလေ သင်စိတ်ထဲ လေးလံလာလေလေပါပဲ။ အဲဒါကြောင့် တစ်နေ့စာရဲ့ မကောင်းတဲ့ခံစားချက်မှန်သမျှကို နောက်နေ့မကူးခင်မေ့ပစ်လိုက်ပါ။

၈) တစ်နေ့တာရည်မှန်းချက်ကိုပြီးဆုံးအောင်လုပ်ဆောင်ပါ။
တစ်နေ့တာလုံးမှာ ဘာလုပ်မယ်၊ ဘာတွေသင်ယူမယ်၊ ဒါမှမဟုတ် တစ်ခုခု တိုးတက်အောင်လုပ်ချင်တာဖြစ်ဖြစ်၊တခြားသော ကိစ္စအသေးအဖွဲလေးတွေပဲဖြစ်ဖြစ် သင်လုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့ကိစ္စမှန်သမျှကို ပြီးဆုံးအောင်လုပ်ပါ။ တစ်နေ့တာမှာ လုပ်သင့်လုပ်ထိုက်တာလုပ်ပြီးသွားတဲ့အပြင် သင့်အတွက်လည်း တစ်နေ့တာသင်ယူစရာရှိသင်ယူတာမို့ အများကြီး ဝန်မပိစေတော့ပါဘူး။ တဖြည်းဖြည်းနဲ့ သင့်အတွက်အများကြီးတိုးတက်မှုရှိလာစေပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။