တန်ဖိုးထားပုံချင်းမတူတာကို နားလည်ပေးပါ။
လူတစ်ယောက်နဲ့တစ်ယောက်ရဲ့တန်ဖိုးထားပုံခြင်းက မတူကြပါဘူး။ တန်ဖိုးကိုသတ်မှတ်ပုံခြင်းကလည်း တူမှာမဟုတ်ပါဘူး။
တော်တေ်ာများများကတော့ တန်ဖိုးဆိုတာနဲ့ ငွေအနည်းအများအလိုက်သတ်မှတ်လိုက်ကြတာများပါတယ်။ တကယ်တော့ တန်ဖိုးက သတ်မှတ်လိုက်တဲ့လူတစ်ယောက်ရဲ့စိတ်ထဲက လေးနက်မှုနဲ့သာ ဆိုင်တာဖြစ်ပါတယ်။ ဥပမာ။ သင်က သင့်ရဲ့တစ်လလုံးခြစ်ကုတ်စုထားတဲ့ငွေနဲ့ မော်ဒန်ခပ်နိမ့်နိမ့်ဖုန်းလေးတစ်လုံးဝယ်လိုက်တယ်ဆိုပါတော့။ ဘယ်လောက်ပဲ မော်ဒန်နိမ့်ပါစေ….ထိုဖုန်းလေးကို သင်တန်ဖိုးထားမှာ အမှန်ပါပဲ။ ဘာလို့လဲဆိုတော့ သင့်ရဲ့ချွေးနှဲစာနဲ့ သင်ခြစ်ကုတ်ဝယ်ထားတာကိုး။
အခြားသူတစ်ယောက်ကတော့ မိဘက ဆုချတဲ့အနေနဲ့ တန်ဖိုးကြီးတဲ့နောက်ဆုံးပေါ်ဖုန်းတစ်လုံးဝယ်ပေးလိုက်တယ်ဆိုရင် သင်တို့နှစ်ယောက်ရဲ့ တန်ဖိုးထားပုံခြင်းတူပါ့မလား။
ဘယ်လောက်ပဲ ငွေကြေးတန်ဖိုးနည်းတဲ့အရာဖြစ်ပါစေ။ တန်ဖိုးထားတဲ့သူရဲ့စိတ်ထဲမှာ သတ်မှတ်တဲ့တန်ဖိုးကသာ အရေးကြီးတာပါ။ အဲဒီ့အခါ လူချင်းတူပေမယ့်ခံစားချက်အတိမ်အနက်ခြင်းမတူတဲ့အတွက်ကြောင့် ငွေကြေးနဲ့မသက်ဆိုင်တော့ဘဲ ခံစားတတ်ပုံခြင်း ကွဲပြားသွားတာဖြစ်ပါတယ်။ အပြန်အလှန်ကိုယ်ချင်းစာစိတ်ထားကြည့်လိုက်တဲ့အခါမှသာ လက်ခံသင့်တယ်ဆိုတဲ့အချက်ကို နားလည်လာပါလိမ့်မယ်နော်။
ဥပမာ။ ကိုယ်က သီချင်းတွေရေးရတာကို သီချင်းဆိုရတာထက် ပိုပြီးတန်ဖိုးထားတဲ့သူတစ်ယောက်အနေနဲ့ သီချင်းဆိုပြီးအဆိုတော်လုပ်ဖို့ကို စိတ်ဝင်စားမှာမဟုတ်ပါဘူး။ သူ့အတွက် သီချင်းရေးခြင်းကသာ တန်ဖိုးအရှိဆုံးလို့သတ်မှတ်ထားတာကိုး။ အဲဒါကြောင့်သာ တေးရေးဆရာတွေတိုင်းက အဆိုတော်မလုပ်တာမျိုးရှိနေတာပေါ့။
အဲဒီလိုပါပဲ…..စာရေးဆရာဆိုရင် ထမင်းငတ်မှာပဲလို့ တန်ဖိုးမထားတတ်တဲ့သူတစ်ယောက်အတွက် စာရေးဆရာဆိုတာ ကြီးကျယ်မြင့်မြတ်တဲ့သူတစ်ယောက်အဖြစ် မြင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် စာရေးဆရာဆိုတာ လူတွေကို နှလုံးသားပျော့ပျောင်းလာအောင်၊ ကိုယ်ချင်းစာတရားထားတတ်လာအောင်၊ ကြင်နာစိတ်တွေဖြစ်ပေါ်လာအောင်၊ ဗဟုသုတတွေရနိုင်အောင် လူတွေအကျိုးရှိအောင် ရေးသားသူတစ်ယောက်အဖြစ် တန်ဖိုးထားတတ်တဲ့သူအနေနဲ့ကျပြန်တော့ စာရေးဆရာဆိုတာ သာမန်လူတွေထဲက ခွဲထွက်နေတဲ့လူအဖြစ်မြင်ပြီး လေးစားတန်ဖိုးထားမှာပါပဲ။
အိမ်ရှင်မဆိုတာ အလုပ်မရှိ၊ ဝင်ငွေမရှိ၊ အိမ်မှာနေပြီး အမျိုးသားလစာအလကားထိုင်ယူနေတဲ့သူအဖြစ်မြင်တတ်တဲ့သူကျပြန်တော့ အိမ်ရှင်မဆိုတာ အလကားလူတစ်ယောက်အဖြစ်သတ်မှတ်ထားမှာပေါ့။ ဒါပေမယ့် အိမ်ရှင်မဆိုတာက တစ်အိမ်လုံးရဲ့အလုပ်ကို သိမ်းကြုံးပြီး လုပ်ရတဲ့သူ၊ ပုံမုန်လစာသာမရတာ ပုံမုန်လုပ်ရတဲ့အလုပ်တွေက တစ်နေ့ပြီးတစ်နေ့မကုန်ဆုံးနိုင်၊ သားသမီးတွေကို လူကောင်းသူကောင်းဖြစ်လာအောင် ပြုစုပျိုးထောင်ရတာ အင်မတန် တာဝန်ကြီးမားတဲ့အလုပ်၊ သူမဘဝကို မိသားစုတာဝန်တွေကြားထဲနစ်မြုပ်ထားပြီး သူမရဲ့ဖြစ်တည်မှုကို ပေးဆပ်ထားရတာလို့ တန်ဖိုးသတ်မှတ်တဲ့သူနဲ့ကျပြန်တော့ အိမ်ရှင်မဆိုတာ တာဝန်အများကြီးယူထားတဲ့သူတစ်ယောက်အဖြစ် လေးစားတန်ဖိုးထားနေမှာပါပဲ။
လူချင်းတူနိုင်ပေမယ့် အမြင်ချင်းကတော့ မတူနိုင်တဲ့အတွက် တန်ဖိုးထားပုံခြင်းမတူနိုင်ပါဘူး။ ဖန်ခွက်ထဲမှာ ရေတစ်ဝက်ထည့်ထားတာကို ပထမလူတစ်ယောက်က “ဟာဖန်ခွက်ထဲမှာ ရေကလည်း တစ်ဝက်ပဲရှိတာပါလား….” လို့ မြင်မယ်ဆိုရင် နောက်လူတစ်ယောက်က “ ဟာ…..ဖန်ခွက်ထဲမှာ ရေတစ်ဝက်ကြီးများတောင် ကျန်နေသေးတာပဲ” လို့ မြင်ချင်မြင်နိုင်ပါတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် လူချင်းတူချင်တူမယ် အမြင်ချင်းကတော့ မတူနိုင်ပါဘူး။ အဲဒီလိုအမြင်တွေမတူကြတဲ့အတွက် တန်ဖိုးထားပုံချင်းလည်း မတူတော့ပါဘူး။ တန်ဖိုးထားပုံခြင်းမတူနိုင်တာ ပြဿနာမဟုတ်ပေမယ့် ကိုယ့်တန်ဖိုးထားတဲ့အရာကသာ တန်ဖိုးရှိတယ်ထင်ပြီး အခြားသူတစ်ယောက်ရဲ့တန်ဖိုးထားတဲ့အရာကတော့ တန်ဖိုးမရှိဘူးဆိုတဲ့အမြင်က ပြဿနာရှိလာပါတယ်။
ထိုအခါမှာ ကိုယ်တန်ဖိုးမထားတတ်တဲ့အရာတစ်ခုကို လှောင်ပြောင်တာမျိုးလုပ်မိတတ်ပါတယ်။ လှောင်ပြောင်တဲ့အပြင် ကဲ့ရဲ့မယ်၊ ရှုံ့ချမယ်၊ အခြားသူများကိုလည်း လက်မခံဖို့ တိုက်တွန်းမယ် စတာတွေနဲ့ အခြားသူတစ်ယောက်တန်ဖိုးထားတဲ့အရာကို တိုက်ခိုက်တာမျိုးတွေဖြစ်လာပါတယ်။ အဲဒီ့အခါ စိတ်ပိုင်းဆိုင်ရာအရ နာကျင်မုန်းတီးမှုတွေ၊ ရုပ်ပိုင်းဆိုင်ရာအရ ထိခိုက်မှုတွေ တနည်းမဟုတ်တနည်းနဲ့ရှိလာပါတော့တယ်။
အမြင်ခြင်းမတူတဲ့အတွက် တန်ဖိုးထားပုံခြင်းမတူတာက ပုံမှန်ဖြစ်စဉ်တစ်ခုပါပဲ။ တန်ဖိုးထားပုံခြင်းမတူတာကို လက်မခံနိုင်တာကမှ ပုံမှန်မဟုတ်တာပါ။ ကိုယ်တန်ဖိုးထားတဲ့အရာတစ်ခုကိုရော အခြားသူတစ်ယောက်က ပျက်ရယ်ပြုမယ်၊ လှောင်ပြောင်မယ်၊ ရှုံ့ချမယ်ဆိုရင် ကိုယ်တိုင်ကရော ကြိုက်ပါ့မလား။ အလားတူပါပဲ….ကိုယ့်ကိုလာလှောင်ပြောင်ရင်တောင် ကိုယ်မကြိုက်တဲ့အပြုအမူမျိုးနဲ့ အခြားသူရဲ့တန်ဖိုးထားမှုကို ရှုံှု့ချလှောင်ပြောင်သင့်ပါသလား။
အဲဒါကြောင့် ကိုယ့်အတွက် တန်ဖိုးမရှိပေမယ့် အခြားသူအတွက် အဖိုးထိုက်တန်တဲ့အရာတစ်ခုဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။ ကိုယ့်အမြင်မှာ တန်ဖိုးမရှိဘူးထင်တိုင်း အထင်နဲ့မလှောင်ပြောင်မိပါစေနဲ့။ မရှုံ့ချမိပါစေနဲ့။ အားလုံးမှာ တန်ဖိုးတစ်ခုစီရှိပြီး ငွေကြေးနဲ့ မသက်ဆိုင်ဘဲ နှလုံးသားနဲ့သတ်မှတ်တန်ဖိုးဆုံးဖြတ်တာမျိုးလည်း ရှိတတ်တဲ့အတွက် အခြားသူများရဲ့တန်ဖိုးထားအပ်သောအရာကိုလည်း ကိုယ်ချင်းစာစိတ်လေးထားပြီး လက်ခံနားလည်ပေးသင့်ပါတယ်လို့ တိုက်တွန်းလိုက်ပါတယ်။