စွန့်ခွာသင့်သောလူ (၄) မျိုး

သင်မဖြစ်မနေ စွန့်ခွာသင့်တဲ့လူတွေရှိကိုရှိပါတယ်နော်။ အားနာလို့၊ သံယောဇဉ်ကြီးလို့၊ အရင်းအချာဖြစ်နေလို့ စသဖြင့် အကြောင်းတရားအမျိုးမျိုးကို ထောက်ငဲ့ပြီး သင်မစွန့်ခွာခြင်းဟာ သင့်ကိုသာ ထိခိုက်စေမှာဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုထိခိုက်စေတဲ့သူတွေကို သင်ကစတင်စွန့်ခွာသင့်စွန့်ခွာရမှာပါပဲ။ အဲဒါက သင့်ကိုယ်သင်ကယ်ဆယ်ခြင်းတစ်မျိုးပါပဲ။ ဘယ်လိုလူတွေကို စွန့်ခွာသင့်သလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံးနော်။


၁) အခါခါလိမ်ညာသူများ
လိမ်ညာတတ်တဲ့သူတွေဟာ သင့်ကို ဘာမှမဟုတ်တဲ့အသေးအဖွဲလေးတွေက အစ လိမ်မှာဖြစ်သလို၊ ကြီးမားတဲ့ကိစ္စတွေမှာလည်း သင့်ကိုလိမ်နေမှာပါပဲ။ အဲဒါကြောင့် သင့်ကိုအခါခါလိမ်ညာတဲ့သူကို ယုံကြည်ပေးကြည့်လို့မှ အခြေအနေမဟန်ဘူး၊ အခါခါ သင့်ယုံကြည်မှု့ကို ထပ်လိမ်ညာနေတယ်ဆိုရင်တော့ စွန့်လွှတ်လိုက်တာက အကောင်းဆုံးပါပဲ။
၂) သင့်ကိုသိမ်ငယ်စေသူများ
သင့်ကိုသိမ်ငယ်စေတဲ့သူတွေက သင့်စိတ်ဓာတ်ကို အောက်ရောက်အောင် ဆွဲချနေတာနဲ့တူပါတယ်။ သင့်ကို မသိလိုက်မသိဘာသာနဲ့ ချိုးနှိမ်နေတာမျိုးပေါ့။ သူတို့နဲ့အနေများလာတဲ့အခါ သင့်မှာ တဖြည်းဖြည်းယုံကြည်မှုလျော့နည်းလာစေပါတယ်။ သူတို့နဲ့ယှဉ်ရင်လည်း သင့်ကိုသင်ဘာမှမလုပ်နိုင်တဲ့လူတစ်ယောက်အဖြစ်မြင်လာစေပါတယ်။ အဆိုးမြင်စိတ်များလာတတ်ပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုသိမ်ငယ်စေတဲ့သူတွေကို ခုပဲစွန့်ခွာလိုက်ပါ။
၃) သင့်ကိုအသုံးချတတ်သူများ
သင့်ကို အသုံးချအရာတစ်ခုလို သဘောထားတတ်တဲ့သူတွေကို သင်မပေါင်းသင့်ပါဘူး။ ထိုလူတွေက သင့်ကို သနားစဖွယ်အကူအညီတောင်းလည်း ထိုခဏပဲ သင့်ကိုဟန်ဆောင်ပြမှာဖြစ်ပြီး သင့်ကူညီမှုကို သူတို့က ခုတုံးလုပ်နိုင်တာမို့ သင့်ကိုပြန်ဒုက္ခပေးမှာပါ။ ထိုလူတွေက မူယာမာယာကလည်းများတတ်ပါသေးတယ်။ အဲဒါကြောင့် သင့်ကိုအသုံးချတတ်သူကို စွန့်ခွာလိုက်ပါ။
၄) သင့်ကိုတန်ဖိုးမထားသူများ
သင့်ကိုတန်ဖိုးမထားသူတွေက သင့်တန်ဖိုးကို မသိတဲ့သူတွေပဲဖြစ်ပါတယ်။ သင်ကဘယ်လောက်တော်တော်၊ တတ်တတ်၊ ဘယ်လောက်စွမ်းရည်ရှိပါစေ သူတို့အတွက်က သင့်ကအလကားလူဖြစ်နေမှာပါပဲ။ အဲဒီလိုလူမျိုးနဲ့ သင်ပေါင်းသင်းနေသရွေ့သင့်တန်ဖိုးကို နားမလည်တဲ့အတွက် သင့်လည်းမတိုးတက်နိုင်ပါဘူး။ သင့်အရည်အချင်းတွေလည်း အလကားဖြစ်စေမှာပါ။ အဲဒါကြောင့် သင့်တန်ဖိုးကိုမသိဘဲ သင့်ကိုတန်ဖိုးမထားသူတွေကို ရှောင်သင့်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။