Social Media က သင့်အပေါ်ဘယ်လိုသက်ရောက်မှုရှိသလဲ။

လူမှုကွန်ရက်ရဲ့ မမြင်နိုင်တဲ့အကျိုးသက်ရောက်မှုက သင့်အပေါ်ဘယ်လောက်ထိ ဆိုးရွားစေသလဲဆိုတာ သင်သိပါရဲ့လား။ ရုပ်ပိုင်းဆိုင်ရာအရကော၊ စိတ်ပိုင်းဆိုင်ရာအရကော လူမှုကွန်ရက်ရဲ့မကောင်းတဲ့အကျိုးသက်ရောက်မှုကို သင်သိသွားတဲ့အခါ အံ့အားသင့်သွားမှာ အမှန်ပါပဲ။အကောင်းဆုံးမဖြစ်နိုင်ဘဲ သင့်ကိုယ်သင်နဲ့ သင့်ရဲ့ကိုယ်ပိုင်ကမ္ဘာကြီးကို မြင်တဲ့အမြင်တွေကအစ အကောင်းဘက်က မဖြစ်နိုင်တော့ပါဘူး။ ဘယ်လိုမျိုး သင့်ကိုယ်သင်မကောင်းတဲ့အမြင်တွေဖြစ်လာသလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံး။


၁) စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်ပူပန်မှုဖြစ်ပေါ်ခြင်း
တစ်နေ့လျှင် ၂နာရီထက် ပိုပြီး လူမှုကွန်ရက်ကို အသုံးပြု၊ အချိန်ဖြုန်းခြင်းက သင့်ရဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကို သက်ရောက်မှုရှိပါတယ်။ လူမှုကွန်ရက်ပေါ်မှာ အချိန်ကြာကြာဖြုန်းလေလေ၊ သင့်မှာ စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်ပူပန်မှုဖြစ်ပေါ်ဖို့ အလားအလာများလေပါပဲ။
လူမှုကွန်ရက်ကိုအသုံးပြုခြင်းက ဘာကြောင့်များသင့်ရဲ့စိတ်ပိုင်းဆိုင်ရာကို အနှောင့်အယှက်ဖြစ်စေနိုင်ရတာလဲ။ အခြားသူတွေရဲ့ ဘဝတွေ၊ ပျော်ရွှင်နေတဲ့မိသားစုတွေ၊ အစားကောင်းအသောက်ကောင်းတွေအကြောင်းတွေ စသည်ဖြင့်ပေါ့ သင်လိုချင်တပ်မက်စရာတွေကိုချည်းတွေ့မြင်နေရတဲ့အခါ သင့်ဘဝမှာ ကြုံလာရတဲ့အဆိုးတွေက သင်တစ်ယောက်တည်းကြုံတွေ့နေရသလို ခံစားရလာပါလိမ့်မယ်။ အဲဒီ့အခါမှာ သင်စပြီး စိတ်ဓာတ်ကျခြင်းဝေဒနာကို ခံစားရလာတော့တာပါပဲ။ လူတိုင်းရဲ့ဘဝက ခက်ခဲပါတယ်။ ဒါပေမယ့် လူတိုင်းက သူတို့ဘဝရဲ့လူမြင်ကောင်းတဲ့တစိတ်တပိုင်းကိုသာ လူမှုကွန်ရက်မှာ မျှဝေကြတာဖြစ်ပါတယ်။ တကယ့်လက်တွေ့ဘဝမှာတော့ လူတိုင်းလိုက ပျော်တလှည့် ဝမ်းနည်းတလှည့်နဲ့ပါ။ လူမှုကွန်ရက်မှာ မြင်တွေ့ရတဲ့အကောင်းတွေက လက်ရှိမိမိဘဝနဲ့ မိမိကိုယ်တိုင်မှာ မရှိပါလားလို့ တွေးမိတဲ့အခါ သင့်အတွက် ဆိုးကျိုးတွေဖြစ်လာစေတာပါ။
အဲဒါကြောင့် လူမှုကွန်ရက်ကို တစ်နေ့လျှင် တစ်နာရီခွဲခန့်သာ အသုံးပြုပြီး သင့်စိတ်ကိုသင်အပန်းဖြေခြင်းက သင့်အတွက် စိတ်အပန်းဖြေရုံသက်သက်ဖြစ်စေပါတယ်။ ထို့ထက်ပိုပြီး အသုံးပြုနေမိရင်တော့ မကောင်းတဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်တွေဖြစ်ပေါ်လာစေပါတယ်လို့ လေ့လာတွေ့ရှိခဲ့ကြပါတယ်။

၂) လူမှုကွန်ရက်ပေါ်တွင် အနိုင်ကျင့်ခံရခြင်း
လူမှုကွန်ရက်တွေ မရှိခင်တုန်းကတော့ အနိုင်ကျင့်ခြင်းက မျက်နှာချင်းဆိုင်ဖြစ်ပေါ်နိုင်တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ခုခေတ်မှာတော့ သင်တောင်မသိတဲ့ တစ်စုံတစ်ယောက်က သင့်ကိုအနိုင်ကျင့်ခြင်းကို ခံရနိုင်ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ မိတ်ဆွေဖြစ်ရတာ လွယ်ပေမယ့် အနိုင်ကျင့်ဖို့လူရှာရတာလည်း လွယ်လာပါတယ်။ လူမှုကွန်ရက်ကို လူတိုင်းလို အသုံးပြုနိုင်တဲ့အတွက် အမည်မသိ အနိုင်ကျင့်သူအတွက် မိမိကို မမြင်ဖူးမသိဖူးသူတွေအတွက် ယုံကြည်အောင်လုပ်ရတာလွယ်ကူစေပါတယ်။
ထိုကဲ့သို့ အွန်လိုင်းကနေ အနိုင်ကျင့်ခြင်းက ပြင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာဒဏ်ရာဖြစ်စေနိုင်ပြီး စိတ်ဓာတ်ကျနေတဲ့သူအတွက် ကိုယ့်ကိုကိုယ် သတ်သေသည်အထိ ဆိုးရွားမှုတွေဖြစ်ပေါ်နိုင်ပါတယ်။ လူမှုကွန်ရက်ပေါ်ကနေ အနိုင်ကျင့်မှုတွေက ကလေးငယ်လေးတွေကနေမှ စပြီး အရွယ်ရောြက်ပီး လူငယ်တွေအထိ ဖြစ်နိုင်ချေရှိပါတယ်။

၃) တုံ့ပြန်မှုတွေကို လွဲချော်သွားမှာကြောက်လန့်နေခြင်း FOMO (Fear of Missing Out)
Fear of Missing Out (FOMO) ဆိုတာက ဖေ့ဘုတ်နဲ့တစ်ပြိုင်တည်းဖြစ်ပေါ်နိုင်တဲ့ လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။ လူမှုကွန်ရက်ပေါ်မှာလည်း အဖြစ်အများဆုံး မကောင်းတဲ့အကျိုးသက်ရောက်မှုတစ်ခုပါ။ စိုးရိမ်ပူပန်မှုပုံစံမျိုးပဲ ဖြစ်ပြီး တစ်စုံတစ်ယောက်က ပြန်တုံ့ပြန်လာတဲ့ ကောင်းမွန်တဲ့တုံ့ပြန်မှုမျိုး၊ စိတ်ခံစားမှုမျိုးကို လွဲချော်သွားမှာ စိုးရိမ်နေတဲ့စိတ်ရောဂါပုံစံမျိုးပါ။ ပြောရရင်တော့ အချိန်တိုင်း ကိုယ်တင်လိုက်တဲ့ပို့စ်တစ်ခုနဲ့ပတ်သက်ပြီး comment ၊ reaction ၊ like တွေကို လွဲချော်သွားမှာစိုးရိမ်ပြီး မကြာခဏဖွင့်ကြည့်နေတတ်တာမျိုးပါ။

၄) မဖြစ်နိုင်တာကို မျှော်လင့်တတ်လာခြင်း
ဖြစ်နိုင်တာတွေဖြစ်လာတဲ့အခါ သိပ်အံ့သြစရာမကောင်းပါဘူး။ ဒါပေမယ့် လူမှုကွန်ရက်ကတော့ မဖြစ်နိုင်တာတွေဖြစ်လာဖို့ မျှော်လင့်တတ်လာစေပါတယ်။ Facebook ၊ Instagram နဲ့ Snapchat တို့က အများဆုံးပါပဲ။ ထိုလူမှုကွန်ရက်တွေမှာ စစ်မှန်တာတွေ ရှားပါးလာပြီး မဖြစ်နိုင်တာတွေကို ဖြစ်နိုင်မယ်ဆိုတဲ့အထင်နဲ့ မျှော်လင့်ပြီး ထိုလူမှုကွန်ရက်တွေပေါ်မှာသာ အချိန်ဖြုန်းနေတတ်ကြပါတယ်။

၅) ရုပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး မကောင်းတဲ့အမြင်တွေဖြစ်နိုင်ခြင်း
Instagram ပေါ်က celebrities တွေရဲ့ အပြောအရဆိုရင် follower များတဲ့အကောင့်တွေက လူကြည့်များပါတယ်။ ဈေးကြီးတဲ့ အဝတ်အစားတွေ ဝတ်ဆင်နိုင်တာမျိုး၊ အလှဆုံးတွေ ပြင်ဆင်ပြီး ဓာတ်ပုံလှလှလေး ရိုက်ပြီး လူမှုကွန်ရက်ပေါ်တင်တာမျိုးကို ဝင်ကြည့်တတ်ကြပြီး လှတယ်လို့ ထင်ရတဲ့သူမျိုးကိုသာ follow လုပ်တတ်ကြပါတယ်။
ပြောရရင်တော့ follower များတဲ့သူတွေက မလှပဘူးဆိုတဲ့သဘောမျိုးခံစားရနိုင်သလို၊ အားငယ်မှုမျိုးခံစားရနိုင်ပါတယ်။ ကိုယ့်ရဲ့ခန္ဓာကိုယ် ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး မကောင်းတဲ့အမြင်တွေဖြစ်လာနိုင်ပါသေးတယ်။

၆) ကျန်းမာရေးနဲ့ မကိုက်ညီတဲ့အိပ်စက်မှုပုံစံ ဖြစ်လာနိုင်ခြင်း
စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်ပူပန်ခြင်းကို ထိပ်ဆုံးကဖြစ်စေတဲ့အကြောင်းကတော့ အိပ်စက်ချိန်နည်းပါးသည်အထိ လူမှုကွန်ရက်ကို အသုံးများခြင်းပဲဖြစ်ပါတယ်။ များစွာသော လေ့လာချက်တွေအရ လူမှုကွန်ရက်အသုံးများခြင်းက သင့်ရဲ့အိပ်စက်ချိန်အပေါ် မကောင်းသော အကျိုးဆက်တွေဖြစ်လာစေပါတယ်။
သင့်ရဲ့အိပ်စက်ချိန်မမှန်တော့ဘူးလို့ သင်ခံစားနေရပြီဆိုရင်တော့ သင့်ရဲ့လုပ်ဆောင်နိုင်စွမ်းတွေကိုပါ ထိခိုက်လာနိုင်ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ အချိန်ပေါင်းများစွာကုန်ဆုံးနေခြင်းကို လျော့ချပါ ဒါမှမဟုတ် မသုံးသင့်တော့ပါဘူး။ အိပ်မရတဲ့အထိ ဖြစ်နေရင်တော့ အိပ်ပျော်ဖို့အတွက် တစ်ခုခုလုပ်သင့်နေပါပြီ။
https://www.makeuseof.com/tag/negative-effects-social-media/ လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။