Smart people တွေက အဆိပ်အတောက်လိုလူတွေနဲ့ ဘယ်လိုမျိုးရင်ဆိုင်လေ့ရှိသလဲ။

ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုမရှိတဲ့နေ့ဆိုတာ ရှိမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ပုဂ္ဂိုလ်ရေးအရကော၊ အလုပ်ကိစ္စအရကော နှစ်မျိုးလုံးမှာ တာဝန်ယူမှုရှိဖို့က အရေးကြီးတဲ့အတွက် ကျွန်တော်တို့မှာ ဖိစီးမှုကတော့ ရှိနေမှာပါပဲ။ အဲဒါကြောင့် နေ့စဉ်ကြုံလာသမျှ စိတ်ဖိစီးမှုဖြစ်ပေါ်စေတဲ့အရာတွေကို စိတ်ပိုင်းဆိုင်ရာအရကော၊ ရုပ်ပိုင်းဆိုင်ရာအရကော ထိခိုက်မှုမရှိအောင် ဘယ်လိုဖြေရှင်းကြမလဲ။ အလားတူပါပဲ။ ပတ်ဝန်းကျင်မှာ ကိုယ့်အတွက် အဆိပ်အတောက်ဖြစ်စေတဲ့ပတ်ဝန်းကျင်ဖြစ်နေခဲ့ရင်လည်း သင့်ကို စိတ်ဖိစီးမှုပိုတိုးအောင် ထိခိုက်စေနိုင်ပါတယ်။ အဲဒီ့လို အဆိပ်အတောက်လိုလူတွေက သင့်ကိုအနှောင့်အယှက်ဖြစ်စေတဲ့ မနာလိုခြင်း၊ တိုက်ခိုက်ခြင်း၊ အဆိုးမြင်ခြင်းစတာတွေနဲ့ သင့်ကိုစိတ်အနှောင့်အယှက်ဖြစ်စေမှာပါ။ စိတ်ထိခိုက်ပါများလာတဲ့အခါ သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာအရလည်း လန်းဆန်းတက်ကြွမှုမရှိတော့သလို ကျန်းမာရေးကိုပါ ထိခိုက်လာစေပါတယ်။ အဲဒါကြောင့် smart people တွေက ထိုကဲ့သို့ အနှောင့်အယှက်ဖြစ်စေတဲ့ အဆိပ်အတောက်လိုလူတွေကို ဘယ်လိုဖြေရှင်းသလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။


၁) ကိုယ့်ကိုကိုယ် သတိထားတတ်ပါတယ်။
စိတ်ပညာရှင်တွေရဲ့ လေ့လာချက်အရ ကိုယ့်ရဲ့စွမ်းရည်နဲ့ လုပ်ဆောင်နိုင်စွမ်းကို သိဖို့လိုပါတယ်တဲ့။ အဲဒါမှ သင်ဘာတွေလုပ်နိုင်မယ်၊ ဘယ်လိုအခြေအနေမျိုးကို လက်ခံနိုင်မယ်၊ ဘယ်လိုအခြေအနေမျိုးကိုတော့ လက်မခံနိုင်ဘူးဆိုတဲ့ ကိုယ့်ကိုကိုယ်သတိထားမှုရှိနေတဲ့အခါ ကိုယ့်ရဲ့သည်းခံနိုင်စွမ်းကိုလည်း သိထားပြီးသားဖြစ်စေပါတယ်။ အခြားသူတွေရဲ့အပြုအမူနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့စိတ်ကိုထိခိုက်မှုအပေါ်မှာ ကိုယ့်ကိုကိုယ်ပြန်သုံးသပ်နိုင်တာမျိုး၊ ဖယ်ရှားသင့်တာဖယ်ရှားတာမျိုး၊ လျစ်လျူရှုသင့်တာရှုတာမျိုး လုပ်နိုင်လာပါတယ်။ အဲဒါကြောင့် အဆိပ်အတောက်လိုလူတွေရဲ့ ကိုယ့်အပေါ်လွှမ်းမိုးမှုနဲ့ အနှောင့်အယှက်ပေးမှုတွေကို ကိုယ့်ကိုကိုယ်သတိထားရှောင်ရှားနိုင်လာပါလိမ့်မယ်။ smart people တွေက ထိုအချက်ကို ကောင်းကောင်းသဘောပေါက်ပြီး လက်တွေ့အသုံးချတတ်ပါတယ်။

၂) ခွင့်လွှတ်ပေးလိုက်ပြီး မေ့မပစ်ကြပါဘူး။
စိတ်ပိုင်းဆိုင်ရာအရ ကောင်းမွန်တဲ့အကျင့်ရှိသူတွေက အဆိပ်အတောက်လိုလူတွေရဲ့ နှောင့်ယှက်မှုတွေကို ခွင့်လွှတ်ပေးဖို့ ဝန်မလေးကြပါဘူး။ ဒါပေမယ့် သူတို့လုပ်ခဲ့တာတွေအတွက်တော့ မေ့မပစ်တတ်ကြပါဘူး။ မကျေမနပ်ဖြစ်နေခြင်းက အခြားသူကို အရင်ဆုံးထိခိုက်စေတာမဟုတ်ဘဲ စတင်မကျေမနပ်ဖြစ်တဲ့သူရဲ့စိတ်ထဲမှာ အရင်ခံစားရတာဖြစ်ပါတယ်။ အဲဒါကို smart people တွေက နားလည်သဘောက်ပေါက်ကြပါတယ်။ အဲဒါကြောင့် သူတို့စိတ်ထဲ အကြိတ်အခဲဖြစ်စေမယ့်အရာတွေကို ထုတ်ပစ်တဲ့အနေနဲ့ ခွင့်လွှတ်ပေးတတ်ကြပါတယ်။ ဒါပေမယ့် သူတို့ကို ဘယ်လိုအခြေအနေမျိုးမှာ ဘယ်လိုအနှောင့်အယှက်ဖြစ်အောင် လုပ်တတ်တယ်ဆိုတာကိုတော့ မေ့မပစ်ကြပါဘူး။ အဲဒါမှသာ နောက်ထပ်အနှောင့်အယှက်ဖြစ်စေမယ့် ကိစ္စတွေမှာ ရှောင်နိုင်မှာဖြစ်ပါတယ်။

၃) အဆိပ်အတောက်ပတ်ဝန်းကျင်ကြောင့် သူတို့ကိုမထိခိုက်စေပါဘူး။
ကျွန်တော်တို့က ကလေးတွေမဟုတ်တဲ့အတွက်ကြောင့်ကို အဆိပ်အတောက်လိုလူတွေကြားထဲမှာနေရတဲ့အခါ သူတို့ပြုလုပ်သမျှကို စိတ်ခံစားချက်အရကော ၊ ရုပ်ပိုင်းဆိုင်ရာအရကော စိတ်ထဲမခံစားဖို့က မလွယ်ကူပါဘူး။ smart people တွေကတော့ခံနိုင်ရည်ရှိကြပါတယ်။ ထိုကဲ့သို့အဆိပ်အတောက်လိုလူတွေကို ကိုယ်လုပ်ရမယ့်အလုပ်နဲ့ခွဲခြားခံစားတတ်ကြပါတယ်။ အဆိပ်အတောက်လိုလူတွေက ကျွန်တော်တို့ကို လာပြီးထိခိုက်စေတယ်ဆိုတာက ကျွန်တော်တို့ဘဝကို တံခါးလာခေါက်တာနဲ့တူပါတယ်။ ကျွန်တော်တို့က ဝင်ခွင့်ပေးလိုက်တာနဲ့တပြိုင်တည်း ထိုလူတွေရဲ့အပြုအမူ၊ အနှောင့်အယှက်ပေးမှုတွေက ကျွန်တော်တို့ဘဝထဲ ဝင်ရောက်လာတော့တာပါပဲ။ အဲဒါကြောင့် သူတို့ရဲ့နှောင့်ယှက်မှုတွေကို ကျွန်တော်တို့ဘဝထဲ ဝင်ခွင့်မပေးဖို့ပဲလိုတာပါ။ ပြောချင်တာက ပတ်ဝန်းကျင်က အဆိပ်အတောက်လိုလူတွေရဲ့ရိုက်ခတ်မှုကို ဦးနှောက်ထဲအဝင်မခံပါဘူး။
၄) နယ်မြေကန့်သတ်ထားတတ်ပါတယ်။
Smart people တွေက သူတို့ရဲ့လုပ်ကိုင်နိုင်စွမ်းတွေ၊ အကျိုးသက်ရောက်မှုရှိအောင် လုပ်နိုင်ပါတယ်။ သူတို့ရဲ့စွမ်းရည်ကို ထိခိုက်မခံတတ်ပါဘူး။ သူတို့ရဲ့လုပ်ဆောင်ချက်တွေအတွက် ကန့်သတ်နယ်မြေအဖြစ်သတ်မှတ်ထားကြပါတယ်။ သူတို့ရဲ့စွမ်းရည်ကို လာရောက်စွက်ဖက်တာထိခိုက်တာမျိုးလုံးဝအဖြစ်မခံတဲ့သူတွေဖြစ်ပါတယ်။ အဆိပ်အတောက်လိုလူတွေအတွက် နယ်မြေကန့်သတ်ထားတတ်ပါတယ်။
၅) သူတို့စွမ်းရည်ကိုလည်း ကောင်းစွာအသုံးချတတ်သူဖြစ်ပါတယ်။
အဆိပ်အတောက်လိုလူတွေက အခြားသူတွေရဲ့ စွမ်းရည်ကိုပါ အောက်ကိုဆွဲချနိုင်ပါတယ်။ အဲဒီ့အချက်ကို smart people တွေက နားလည်ကြပါတယ်။ သူတို့ရဲ့စွမ်းရည်ကို အထိခိုက်မခံတတ်ကြပါဘူး။ သူတို့စွမ်းရည်ကို အလကားမဖြစ်စေဘဲ ဘယ်လိုအကျိုးရှိရှိ ထိရောက်စွာအသုံးချစီမံရမလဲဆိုတာကို နားလည်ကြသူတွေဖြစ်ပါတယ်။
အဆိပ်အတောက်လိုလူတွေက ကျွန်တော်တို့ရဲ့ တန်ဖိုးရှိတဲ့စွမ်းရည်တွေကို အလကားဖြစ်စေဖို့ရည်ရွယ်ချက်နဲ့ အနှောင့်အယှက်ပေးလာရင် ထိုအရာကို ကျွန်တော်တို့အတွက် ခွန်အားအဖြစ်ပြန်ယူပြီး ပြောင်းလဲပစ်ရမယ်ဆိုတာ smart people တွေက နားလည်ကြပါတယ်။
၆) လက်ရှိလုပ်ဆောင်ရမှာတွေကိုသာ အာရုံစိုက်တတ်ကြပါတယ်။
အဆိပ်အတောက်လိုလူတွေကြောင့် ကိုယ်လက်ရှိလုပ်ဆောင်ရမှာတွေမှာ မလုပ်ဆောင်နိုင်လောက်အောင် အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ Smart people တွေက ထိုအချက်ကို သဘောပေါက်ကြပြီး ခုလက်ရှိကိုယ်လုပ်ရမယ့် လုပ်ဆောင်ရမယ့်အရာပေါ်မှာသာ အာရုံစိုက်ပြီး အဆိပ်အတောက်လိုလူတွေရဲ့အနှောင့်အယှက်ကို အာရုံထဲမထားပါဘူး။ ကိုယ်လုပ်စရာရှိတာသာ ဆက်လုပ်သွားတတ်ကြပါတယ်။

၇) သူတို့အတွက် အထောက်အကူဖြစ်စေတဲ့ပတ်ဝန်းကျင်ကိုရှာဖွေတတ်ပါတယ်။
ကိုယ့်ကိုအဆိပ်အတောက်ဖြစ်စေတဲ့ပတ်ဝန်းကျင်ကနေ ဘယ်လိုရုန်းထွက်မလဲ။ ကိုယ့်အတွက် အထောက်အကူဖြစ်စေတဲ့ပတ်ဝန်းကျင် ဒါမှမဟုတ် ကိုယ့်နဲ့ နေထိုင်မှုပုံစံခြင်း တူညီတဲ့ပတ်ဝန်းကျင်ကိုသာ ရှာဖွေတတ်ကြပါတယ်။ ကိုယ်နဲ့ TYPE တူတဲ့သူမျိုးတွေနဲ့သာ ဝန်းရံထားတတ်ပါတယ်။ အဲဒါက ကိုယ့်ကိုစိတ်ထွက်ပေါက်ရစေပြီး စိတ်ချမ်းသာစေတယ်ဆိုတာ နားလည်ကြပါတယ်။ အသင်းအဖွဲ ဒါမှမဟုတ် အပေါင်းအသင်းက အရေးကြီးတယ်ဆိုတာ နားလည်ကြပါတယ်။ အဆိပ်အတောက်လိုလူတွေကို ကိုယ့်ပတ်ဝန်းကျင်မှာ ဝန်းရံပါများလာတဲ့အခါ ထိုလူတွေရဲ့အဆိုးမြင်တဲ့စိတ်၊ အဆိုးမြင်တတ်တဲ့အတွေးတွေက ကိုယ့်အပေါ်လွှမ်းမိုးမှုရှိလာတတ်ပါတယ်။

၈) ကိုယ့်ကိုကိုယ်မကောင်းမြင်တဲ့အတွေးတွေကို လျင်မြန်စွာသိမြင်ပြီး ပြုပြင်တတ်ပါတယ်။
ကိုယ့်ကိုကိုယ်မကောင်းတဲ့ဘက်က အတွေးမျိုးတွေတွေးမိပြီဆိုတာနဲ့ ကိုယ့်ကိုကိုယ်သတိထားမိတတ်ကြပါတယ်။ ချက်ချင်းပြုပြင်တတ်ကြပါတယ်။ ကိုယ့်ကိုကိုယ်အဆိုးမြင်ခြင်းက ကိုယ့်ရဲ့စွမ်းရည်တွေကိုပါ ကျဆင်းစေတယ်ဆိုတာ သူတို့နားလည်ကြပါတယ်။ smart people တွေက ကိုယ့်ကိုကိုယ်လည်း သတိထားတတ်ကြသူတွေဖြစ်တာမို့ ကိုယ့်စိတ်တွင်းက ခံစားချက် အပြောင်းအလဲဖြစ်တာနဲ့ ချက်ချင်း သတိထားပြုပြင်တတ်ကြပါတယ်။ အဲဒါကြောင့်မို့လည်း အဆိုးမြင်သူတွေရဲ့လွှမ်းမိုးမှုကို မခံရတာဖြစ်ပါတယ။်

၉) ပြဿနာတိုင်းအတွက်အဖြေရှာနိုင်ပါတယ်။
smart people တွေမှာ ပြဿနာတိုင်းအတွက် အဖြေရှာဖို့ talent ပါပါတယ်။ ပြဿနာကိုဘယ်လိုဖြေရှင်းမလဲ ၊ ဒါမှမဟုတ် ဘယ်လိုအဆင်ပြေအောင် ဆောင်ရွက်နိုင်မလဲ ။ အကောင်းဆုံးနည်းလမ်းက ဘာလဲဆိုတာကို ရှာဖွေနိုင်စွမ်းရှိကြပါတယ်။ အဲဒါကြောင့်လည်း အဆိပ်အတောက်လိုလူတွေ၊ အဆိုးမြင်သူတွေကို ဘယ်လိုမျိုးရှောင်ရှားမလဲဆိုတဲ့နည်းလမ်းကို စဉ်းစားတတ်ကြပါတယ်။ ပညာရှိနည်းနဲ့လည်း ရှောင်ရှားတတ်ကြပါတယ်။
https://www.powerofpositivity.com/9-ways-smart-people-deal-toxic-people/လင့်မှ ဘာသာပြန်ဖော်ပြထားပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။