စကားပြောခြင်းအနုပညာအတွက် အချက် ၆ချက်

ဘဝရဲ့အရာအားလုံးမှာ စကာပြောခြင်းအနုပညာက မရှိမဖြစ်လိုအပ်တဲ့ စွမ်းရည်တစ်မျိုးပဲဖြစ်ပါတယ်။ စကားပြောဆိုတတ်ခြင်းက လူတွေနဲ့သင့်ကိုမိတ်ဆက်ပေးနိုင်ပြီး အရေးကြီးတဲ့လူတွေဖြစ်လာစေနိုင်ပါတယ်။ သင့်ရဲ့မိတ်ဆွေ၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေဖြစ်လာနိုင်ပါတယ်။ စကားပြောစွမ်းရည်က လူမှုဆက်ဆံရေးအခြေခံတစ်ခုပဲဖြစ်ပါတယ်။ လူမှုဆက်ဆံရေးကောင်းဖို့အတွက် စကားပြောစွမ်းရည်ကောင်းဖို့လိုပါတယ်။ စကားပြောစွမ်းရည်မကောင်းခြင်းက လူမှုပတ်ဝန်းကျင်မှာ၊ စီးပွားရေးမှာ ၊ သင့်ရဲ့အလုပ်ခွင်မှာလည်း အဆင်မပြေနိုင်ပါဘူး။


အဲဒါကြောင့် စကားပြောစွမ်းရည်ကောင်းဖို့အတွက် အောက်ပါအချက်လေးတွေလိုက်နာကြည့်ပါနော်။
၁) တဖက်လူကို ချီးမွမ်းစကားနဲ့စတင်ကြည့်ပါ။
ချီးမွမ်းစကားပြောခြင်းက စကားစတင်ပြောဖို့အတွက် အကောင်းဆုံးအဖြစ်နိုင်ဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ ကိုယ်နဲ့တဖက်လူ စကားစမြည်ပြောဖို့အတွက် လမ်းဖွင့်ပေးတာဖြစ်ပြီး တဖက်လူရဲ့စိတ်ထဲမှာလည်း ကောင်းမွန်တဲ့စိတ်ခံစားချက်ဖြစ်ပေါ်စေတာကြောင့် ကိုယ့်ကို ပြန်လည်စကားပြောဖို့ အကောင်းဘက်က ဖြစ်နိုင်ပါတယ်။
အဲဒါကြောင့် စကားကို အကောင်းဘက်က စတင်ပြောဆိုတတ်ခြင်းကလည်း စကားပြောခြင်းအနုပညာတစ်မျိုးပါပဲ။

၂) အာလာပသလာပ စကားမျိုးနဲ့ စတင်ကြည့်ပါ။
အချို့လူတွေက အာလာပသလာပစကားမျိုးနဲ့ စတင်စကားပြောလို့ရပါတယ်။ အာလာပသလာပကနေ တခြားသော ကိုယ်နဲ့ဆွေးနွေးနိုင်မယ့်အကြောင်းအရာဆီ စကားခေါ်ဆွေးနွေးနိုင်ပါတယ်။ အာလာပသပြောဖို့က အကြောင်းအရာပေါင်းစုံရှိပါတယ်။ ဒီနေ့ရာသီဥတုအကြောင်း၊ ဘတ်စ်ကားကြပ်တဲ့အကြောင်း၊ ဒီနေ့စားတဲ့အစားအစာတွေအကြောင်းစသဖြင့်ပေါ့။

၃) မေးခွန်းလေးတွေမေးကြည့်ရင်း စတင်ကြည့်ပါ။
အာလာပသလာပမပြောချင်တဲ့အခါ မေးခွန်းလေးတွေမေးကြည့်နိုင်ပါတယ်။ စားပြီးပြီလား…တို့၊ ဘယ်သွားမလဲ….တို့၊ စတဲ့မေးခွန်းလေးတွေနဲ့ စကားစရင်း ဆွေးနွေးနိုင်ပါတယ်။ မေးခွန်းလေးတွေမေးခြင်းက စကားပြောခြင်းမှာ အဆင်ချောစေပါတယ်။ အာရုံစိုက်ခြင်းကိုပြသနေပြီး စကားဆက်လက်ပြောဆိုနိုင်ဖို့ လွယ်ကူစေပါတယ်။

၄) နှစ်လိုဖွယ်ကောင်းသောစကားမျိုးပြောပါ။
အဲဒါက အရေးကြီးပါတယ်။ ရိုင်းစိုင်းကြမ်းတမ်းတဲ့စကားထက် နှစ်လိုဖွယ်ကောင်းပြီး ချိုသာတဲ့စကားမျိုးက ပိုပြီးတဖက်လူကို စိတ်ဝင်စားမှုရှိစေပါတယ်။ ဆက်ဆံရေးကိုလည်း အဆင်ချောစေပါတယ်။ အဲဒါကြောင့် ကိုယ်ပြောတဲ့စကားက နှစ်လိုဖွယ်ကောင်းတဲ့စကားမျိုးဖြစ်ဖို့လိုပါတယ်။ အပြုံးချိုချိုလေးပြုံးရင်း လက်ဟန်ခြေဟန်နဲ့ စကားပြောခြင်းက တဖက်လူအတွက် နှစ်လိုစရာမျိုးဖြစ်နေမှာပါ။ ယဉ်ကျေးတဲ့စကားလုံးမျိုးကလည်း တဖက်လူအတွက် သင့်အပေါ်စကားပြောချင်စိတ်ဖြစ်စေပါတယ်။ မျက်လုံးချင်းဆုံပြီး စကားပြောခြင်းကလည်း တဖက်လူအပေါ် အလေးထားခြင်းကို သိသာစေပါတယ်။

၅) တဖက်လူကိုလည်း စကားပြောဖို့အခွင့်အရေးပေးပါ။
ဒီတချက်ကလည်း အရေးပါပါတယ်။ ကိုယ်ပြောချင်တာချည်းပြောနေတာထက် တဖက်လူက ဘာပြန်ပြောချင်သေးလဲဆိုတာမျိုးကို ပြောဖို့အခွင့်အရေးပေးသင့်ပါတယ်။ သင်ပြောနေတဲ့စကားပေါ်မှာ ထင်မြင်ချက်၊ ဖြေရှင်းချက် စတာတွေကို ပြန်နားထောင်သင့်ပါတယ်။

၆) ရယ်စရာလေးတွေပြောပါ။
လူတွေက သင်နဲ့စကားပြောဖို့ရှောင်သွားကြတယ်ဆိုရင် သင်ကချည်းစကားတွေချည်းဖောင်ဖွဲ့နေတတ်ပြီး တဖက်လူနဲ့စကားပြောတာအဆင်မပြေလို့ဖြစ်နေတတ်ပါတယ်။ စကားပြောတဲ့အခါ မပျင်းသွားစေဖို့ ကိုယ်ပြောနေတဲ့အကြောင်းအရာပေါ်မူတည်ပြီး အရွှမ်းဖောက်ရယ်စရာလေးတွေပြောတတ်တာက တဖက်လူမှ သင့်အပေါ်စကားပြောဖို့စိတ်ဝင်စားစေပါတယ်။


အကောင်းမြင်စိတ်ရှိတဲ့သူနဲ့ ရံဖန်ရံခါ ရယ်စရာလေးတွေပြောတတ်ခြင်းက သင့်နဲ့စကားပြောရတာကို နှစ်လိုဖွယ်ကောင်းစေပါတယ်။
အထက်ကအချက်လေးတွေက လက်တွေ့လေ့လာပြီး ရေးသားထားတဲ့အချက်တွေဖြစ်ပါတယ်။ သင့်ပတ်ဝန်းကျင်မှာ ထိုအချက်လေးတွေကျင့်သုံးနိုင်ပါတယ်။ စကားပြောကောင်းခြင်းက သင့်ကို လူမှုဆက်ဆံရေးမှာ အဆင်ပြေတဲ့လူတစ်ယောက်အဖြစ်မြင်စေပြီး အပေါင်းအသင်းတိုးစေပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။