စိတ်ဖိစီးမှုကို လျော့ကျစေသော အလွယ်ဆုံးနည်းလမ်းများ

စိတ်ဖိစီးမှုဆိုတာ ဒီနေ့ခေတ်မှာပိုများလာပါတယ်။ ခေတ်နဲ့အညီပေါ်လာတဲ့အသုံးအဆောင်၊ လူနေမှုအဆင့်အတန်း၊ စားစရိတ်၊ နေစရိတ်စတာတွေက လူတွေကို ပိုပြီးဖိစီးမှုဖြစ်စေပါတယ်။ အဲဒါကြောင့် စိတ်ဖိစီးမှုလျော့ကျစေမယ်အ့လွယ်ဆုံးနည်းလမ်းတွေကိုလည်း သိကိုသိထားရပါလိမ့်မယ်။ ဒါမှသာ စိတ်ဖိစီးနေပြီလို့ ကိုယ့်ကိုယ်ကိုယ်သိတဲ့အခါ ပြေရာပြေကြောင်း တစ်ခုခုကို လုပ်ကြည့်ပြီး စိတ်ဖိစီးမှုပြေလျော့အောင် ကြိုးစားနိုင်မှာဖြစ်ပါတယ်။ ပြေလျော့အောင်မကြိုးစားဘဲ အမြဲအုံဖွဲ့ထားမယ်ဆိုရင် လူရဲ့စိတ်ကျန်းမာရေးကိုသာမက ကိုယ်ကျန်းမာရေးကိုပါ တစတစ ထိခိုက်လာနိုင်ပါတယ်။ အဲဒါကြောင့် အမြဲလို တင်ပြပေးနေတဲ့ အကြောင်းအရာတွေထဲက ကိုယ့်နဲ့အဆင်ပြေမယ်ထင်တဲ့ နည်းလမ်းတွေကို အသုံးချကြည့်ပါနော်။


၁) သီချင်းနားထောင်ခြင်း
ကိုယ်က ကိုယ်ပိုင်သီးခြားအခန်းနဲ့နေတဲ့သူမျိုးဆိုရင်တော့ အခန်းကိုအလုံပိတ်ပြီး အော်ဟစ်ပေါက်ကွဲပစ်နိုင်မယ့်သီချင်းမျိုးကို မောပမ်းတဲ့အထိ အော်ဟစ်ဆိုပစ်လိုက်ပါ။ အဲလိုမဟုတ်ဘူးဆိုရင်တော့ သီချင်းသံငြိမ့်ညောင်းပြီး relax ဖြစ်ေစမယ့်သီချင်းမျိုးကို အိပ်ခါနီးမှာဖြစ်ဖြစ် ၊ နားကြပ်နဲ့ဖြစ်ဖြစ် နားေထာင်လိုက်ပါ။

၂) လူရှင်းချိန် လမ်းထွက်လျှောက်ခြင်း
ကိုဗစ်ေကြာက်ရတဲ့အချိန်လည်းဖြစ်တာကြောင့် လူရှင်းတဲ့အချိန်မျိုး၊ လူမရှုပ်တဲ့နေရာမျိုးမှာ အတွေးပေါင်းစုံတွေးပြီး လမ်းထွက်လျှောက်လိုက်ခြင်းကလည်း စိတ်ထွက်ပေါက်ရစေပါတယ်။

၃) စားချင်တဲ့အစားအစာကို ကိုယ်တိုင်ပြင်ဆင်ချက်ပြုတ်ကြည့်ခြင်း
ကိုယ်ကချက်ပြုတ်ရတာ ဝါသနာပါတယ်ဆိုရင် စိတ်အာရုံအပြောင်းအလဲဖြစ်သွားအောင် စားချင်တဲ့အစားအစာကို ကိုယ်တိုင်ချက်ပြုတ်ဖို့ ပြင်ဆင်ကြည့်ပါ။

၄) အသက်ရှုလေ့ကျင့်ခန်းလုပ်ခြင်း
ယောဂကျင့်သလို၊ တရားထိုင်သလိုပါပဲ၊ ကိုယ်တိုင် စိတ်ဖိစီးနေချိန်မှာ အသက်ရှုလေ့ကျင့်ခန်းလုပ်ကြည့်ခြင်းက အသက်ရှုသွင်းရှုထုတ်ကိုသာ အာရုံစိုက်စေတာမို့ အာရုံပြောင်းစေပါတယ်။

၅) ရယ်မောပစ်လိုက်ခြင်း
ရယ်စရာတွေ ရှာဖတ်တာမျိုး ၊ ဗီဒီယိုဖိုင်တွေကြည်ပြီး ဟက်ဟက်ပက်ပက်ရယ်ပစ်လိုက်တာမျိုးလုပ်ကြည့်တာက စိတ်ဖိစီးမှုပြေလျောစေပါတယ်တဲ့

၆) ကိုယ့်အပေါ်အကောင်းမြင်တဲ့သူကို ရင်ဖွင့်ခြင်း
ကိုယ့်အပေါ် နောက်ကျောဓားနဲ့မထိုးမယ့်သူမျိုး၊ အကောင်းမြင်စိတ်နဲ့ အကြံပေးတတ်သူမျိုးကို ရင်ဖွင့်ပြောပြလိုက်ပါ။ ဒါကလည်း သင့်ကို အဖြေတစ်ခုရလာစေနိုင်ပါတယ်။

၇) ဂျာနယ်ချရေးလိုက်ခြင်း
အဲဒီလို ရင်ဖါင့်ရမယ့်ယုံကြည်သူမရှိရင်လည်း ဂျာနယ်ရေးတာ ဒိုင်ယာရီရေးတာမျိုး လုပ်ကြည့်လိုက်ပါ။ လက်ရှိသင်စိတ်ဖိစိးနေတဲ့ကိစ္စကို သိပ်မကြာခင်မှာပဲ သင်ဘယ်လိုကျော်လွှားနိုင်ခဲ့သလဲဆိုတာကို သင်ရေးထားတဲ့ဒိုင်ယာရီအရ ပြန်ဖတ်ပြီး ပြန်သိလာနိုင်တာပေါ့။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။