စိတ်ဖိစီးမှုကို လျော့ကျစေဖို့ စားသုံးသင့်သောအစားအစာများ

စိတ်ဖိစီးမှုနဲ့ ပူပန်မှုတွေက ကျွန်တို့တော်တို့ နေ့စဉ်ရှင်သန်မှုဘဝမှာ ခွဲခြားထားခဲ့လို့မရတဲ့ ပြဿနာပဲဖြစ်ပါတယ်။ အခုဖော်ပြပေးမယ် အစားအစာ ၆မျိုးစားသုံးခြင်းက စိတ်ဖိစီးမှုနဲ့ပူပန်မှုတွေကို လျော့ကျစေဖို့ အကူအညီပေးနိုင်ပါလိမ့်မယ်။


ထောပတ်သီး
ဗီတာမင်ဘီ က အာရုံကြောနဲ့ဦးနှောက်ဆဲလ်တွေအတွက် ကျန်းမာဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ ထောပတ်သီးမှာ ထိုဓာတ်ပေါများစွာပါဝင်ပါတယ်။ ပိုတက်ဆီယမ်ဓာတ်လည်း ပါဝင်တဲ့အတွက် သွေးဖိအားကို သဘာဝအတိုင်းလျော့ကျဖို့ ကူညီပေးနိုင်ပါတယ်။
ဘလူးဘယ်ရီသီးများ
ဘလူးဘယ်ရီသီးက သဘာဝအတိုင်း စိတ်ဖိစီးမှုကို တိုက်ဖျက်ဖို့အတွက် အကောင်းဆုံးအစားအစာဖြစ်ပါတယ်။ ဘလူးဘယ်ရီသီးမှာ ဗီတာမင်စီပါဝင်ပါတယ်။ ဗီတာမင်စီက စိုးရိမ်ပူပန်ခြင်းကို တိုက်ဖျက်နိုင်တဲ့ ဓာတ်တစ်မျိုးလည်းဖြစ်ပါတယ်။
နို့
နွားနို့ပူပူလေးတစ်ခွက်ကို အိပ်ရာဝင်ခါနီးမှာ သောက်သုံးခြင်းက သဘာဝအလျောက်စိတ်ဖိစီးမှုကို တိုက်ဖျက်နိုင်တာပါပဲ။ အိပ်စက်ချိန်မမှန်ခြင်းနဲ့ အိပ်မပျော်တဲ့ဝေဒနာတွေကို သဘာဝအတိုင်း ကုသပေးနိုင်ပါတယ်။ နို့မှာ Antioxidants ၊ vitamins B2 ၊ B12 ၊ ပရိုတင်းနဲ့ ကယ်လဆီယမ်ဓာတ်တွေပါဝင်ပါတယ်။ ခန္ဓာကိုယ်မှ သွေးဖိအားကို သဘာဝအတိုင်းလျော့ကျစေနိုင်ပါတယ်။
ဗံဒါစေ့
ဗံဒါစေ့မှာ ဗီတာမင် ဘီတူး၊ ဗီတာမင်အီး ပါဝင်တဲ့အတွက် ခုခံစွမ်းအားတိုးစေပြီး စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်ပါတယ်။
လိမ္မော်သီးများ
ဗီတာမင်စီကြွယ်ဝတဲ့အစားအစာတွေက စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို တိုက်ဖျက်နိုင်ပါတယ်။ အဲဒါအပြင်သွေးဖိအားကိုလည်း လျော့ကျစေပြီး စိတ်ဖိစီးမှုကြောင့်ထွက်ပေါ်လာတဲ့ဟော်မုန်းကို လျော့ကျစေနိုင်ပါတယ်။
https://fitfluential.com/6-powerful-foods-that-fight-stress/ လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။