စိတ်ပိုင်းဆိုင်ရာပြဿနာများကိုညွှန်ပြနေသော ရုပ်ပိုင်းဆိုင်ရာနာကျင်မှု ၁၀မျိုး

ခန္ဓာကိုယ်၊ စိတ်နဲ့ ဝိဉာဉ်ဆိုတဲ့ ၃မျိုးပေါင်းစပ်ပြီး လူသားတစ်ယောက်ဖြစ်တည်နေတာဖြစ်ပါတယ်။ အဲဒါကြောင့်ကိုပဲ စိတ်ခံစားချက်တိုင်းက အံ့အားသင့်စရာ ခန္ဓာကိုယ်ကို တိုက်ရိုက်ပတ်သတ်နေတာဖြစ်ပါတယ်။ ဆေးဝါးဆိုင်ရာအရ အချို့သောလက္ခဏာတွေ ရောင်ရမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ နောက်ကျောနာကျင်ခြင်း၊ နာတာရှည်မောပန်းလွယ်ခြင်းစတဲ့လက္ခဏာတွေကို မရှင်းပြနိုင်တာတွေရှိပါတယ်။ သူတို့ဖော်ပြချက်တွေအရတော့ ပတ်ဝန်းကျင်က အကြောင်းအရာတွေ၊ စိတ်ဖိစီးမှုတွေ၊ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ဝမ်းနည်းမှုနဲ့စိတ်ပျက်မှုတွေကြောင့်ဖြစ်နိုင်ပါတယ်တဲ့။ သင့်ရဲ့စိတ်နဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့် မတူညီတဲ့နာကျင်မှုတွေနဲ့ တုံ့ပြန်မှုရှိပါတယ်။ ဖြစ်လေ့ရှိတဲ့နာကျင်မှုအချို့ကိုဖော်ပြပေးလိုက်ပါတယ်။


၁) ခေါင်းကိုက်ခြင်းနဲ့ ခေါင်းတခြမ်းကိုက်ရောဂါ (Migraines)
စိတ်ရှုပ်ထွေးနေခြင်းက သင့်ခေါင်းကို ထိခိုက်အောင်လုပ်နိုင်ပါတယ်။ သင့်အတွေးတွေကို ဆန်းစစ်ပါ၊ တရားထိုင်ခြင်းနဲ့ ကုသကြည့်ပါ။ စိတ်ပူပန်မှုတွေဖယ်ရှားပစ်ပါ။

၂) ဇက်ကြောနာကျင်ခြင်း
ခွင့်လွှတ်ပေးဖို့သင်ယူလိုက်ပါ။ လူတစ်ယောက်ရဲ့ကောင်းတဲ့ဘက်ကိုပဲတွေးပေးပြီး ခွင့်လွှတ်ပေးဖို့ လေ့ကျင့်သင့်ပါတယ်။ သင်တို့ကြားက ဆက်ဆံရေးဟာ သင့်အတွက်အဆိပ်အတောက်လိုဖြစ်နေတယ်ထင်ရင် သင့်ဘဝထဲက သူတို့ကိုထုတ်ပစ်လိုက်ပါ။ အဲဒီလို သူတို့ကိုသင့်ဘဝထဲကဖယ်ထုတ်ခြင်းက သင့်အမှားမဟုတ်ဘူးဆိုတာ သင်မမေ့ပါနဲ့

၃) ပခုံးနာကျင်ခြင်း
သင့်မှာ တာဝန်ယူစရာတွေများတဲ့အခါမျိုးမှာ ပခုံးနာကျင်တာမျိုးဖြစ်တတ်ပါတယ်။ သင်တာဝန်ယူနိုင်သလောက်ပဲ တာဝန်ယူကြည့်ပါ။ သင့်ထံက အရာအားလုံးတော့ ဘယ်လိုမှမျှော်လင့်ထားလို့မရနိုင်ပါဘူး။ သင်က စွမ်းအားရှင်မှမဟုတ်တာ။

၄) နောက်ကျောအထက်ပိုင်းနာကျင်ခြင်း
သင်ကချစ်နေတဲ့သူက သင့်ကိုပြန်မချစ်တာမျိုး သင့်တို့ဆက်ဆံရေးကြားမှာတစုံတယောက်က အနှောင့်အယှက်ပေးနေတာမျိုး ၊ အထီးကျန်နေတယ်လို့ သင်ခံစားရတဲ့အခါမျိုးမှာ ဖြစ်ပေါ်တတ်ပါတယ်။ အဲဒါကြောင့် သင့်နှလုံးသားကို အပွင့်လင်းဆုံးဝန်ခံသင့်တာဝန်ခံပြီး ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်ပါ။

၅) နောက်ကျောအောက်ဘက်နာကျင်ခြင်း
ပြဿနာပေါင်းများစွာနဲ့ အလုပ်အတွက် စိုးရိမ်ပူပန်ခြင်းက ခန္ဓာကိုယ်ရဲ့နောက်ကျောအောက်ဘက်နာကျင်စေတဲ့လက္ခဏာပြသနိုင်ပါတယ်။ အဲဒါဆိုရင်တော့ သင့်ရဲ့အလုပ်ခွင်ဆိုင်ရာစိတ်ဖိစီးမှုတွေကို ပြန်လည်ပြီးဆန်းစစ်သင့်ပါတယ်။ ကိုယ့်အတွက်ဖိစီးမှုနည်းစေတဲ့အလုပ်ခွင်နေရာကိုရှာဖွေသင့်ပါတယ်။

၆) တံတောင်ဆစ်နဲ့ဒူးနာခြင်း
ကျွန်တော်တို့ရဲ့အသက်ရှင်နေထိုင်မှုပုံစံပြောင်းလဲပစ်ဖို့ စိတ်မရှည်ခြင်းနဲ့ပတ်သက်နေပါတယ်။ တံတောင်ဆစ်နာကျင်ခြင်းနဲ့ ဒူးနာခြင်းနှစ်မျိုးလုံးမှာ အပြောင်းအလဲတွေကိုစိတ်မရှည်ခြင်းကြောင့်ဖြစ်ပေါ်လာပါတယ်။

၇) လက်နာကျင်ခြင်း
လက်နာခြင်းက ပိုပြီးလူမှုဆက်ဆံရေးကောင်းဖို့လိုအပ်နေတယ်လို့ဆိုလိုတာဖြစ်နိုင်ပါတယ်။ အပြင်ထွက်ပြီး သူငယ်ချင်းအသစ်တွေရှာဖွေပါ။ စကားများများပြောပေးပါ။ ထိတွေ့ဖို့အချိန်ပိုယူပါ။ တစ်ယောက်တည်းအထီးကျန်နေခြင်းက သင့်ကိုဝမ်းနည်းနိုင်စေပါတယ်။

၈) မျက်လုံးနဲ့ဆက်စပ်နေတဲ့အကြောတွေနာကျင်ခြင်း
သင့်ရဲ့နေ့စဉ်ပြဿနာတွေနဲ့ဆက်စပ်နေပါတယ်။ အဲဒါကြောင့် သင့်ကမ္ဘာကြီးကို တဖန်ပြောင်းလဲသင့်ပါတယ်။ အဲဒါက သင့်ကို introvert တွေလို ပြင်ပကမ္ဘာက လူတွေနဲ့ဆက်သွယ်ဖို့မလုပ်ချင်ဘူးဆိုတဲ့အဓိပါ္ပယ်ဖြစ်လာနိုင်ပါတယ်။ သင့်ကမ္ဘာထဲမှာသင့်ဟာသင်အတွေးနယ်ချဲ့ရင်းစိတ်ကျေနပ်မှုရနိုင်ပါတယ်။

အထက်ကလက္ခဏာတွေခံစားနေတယ်ဆိုရင် သင့်ရဲ့စိတ်ပိုင်းဆိုင်ရာမှာ ပြဿနာတခုခုကြောင့်ဖြစ်ပေါ်လာတာဖြစ်နိုင်ပါတယ်။ သတင်းကောင်းကတော့ ထိုပြဿနာတွေက သင့်စိတ်ကိုသင်ကိုယ်တိုင်ကုစားပြီး သက်သာလာနိုင်တယ်ဆိုတာပါပဲ။ ကိုယ့်စိတ်ကို ကိုယ်သာကုစားနိုင်တာမို့ စိတ်ဖိစီးမှုတွေကို အတတ်နိုင်ဆုံးလျော့ချနိုင်ကြပါစေ။
https://themindsjournal.com/10-types-of-physical-pain-indicating-emotional-problems/လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။