ရဲယိုသီးရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ

ရဲယိုသီးကို အရည်ပုံစံနဲ့ ရောင်းချတာအတွေ့များပါတယ်။ အချိုလျှော့၊ အချို၊ အခြားသော ဘယ်ရီသီးနဲ့ စပျစ်သီးကဲ့သို့ အသီးမျိုးနဲ့ရောစပ်ပြီး အချိုရည်အဖြစ် ထုတ်လုပ်တတ်ကြပါတယ်။ ဒါမှမဟုတ်ရင်လည်း ရဲယိုအမှုန့်ကိုရေနဲ့ရောပြီး ဖျော်သောက်ကြပါတယ်။ အချို့မပါတဲ့ဖျော်ရည်ကတော့ ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။ ရဲယိုဖျော်ရည်က သင့်ခန္ဓာကိုယ်ခုခံအားကို မြင့်တင်ပေးနိုင်ပြီး နာကျင်မှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။


၁) နာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။
ရဲယိုသီးကို နာကျင်မှုတွေကိုသက်သာစေတဲ့ဆေးဝါးတစ်မျိုးအဖြစ် တင်စားကြပါတယ်။ ခေါင်းကိုက်ခြင်းအတွက် ဆေး ဒါမှမဟုတ် “Painkiller Tree” လို့ တင်စားကြပါတယ်။ လေ့လာချက်တွေအရ နာကျင်မှုတွေကို သက်သာစေနိုင်ပြီး အဆစ်အမြစ်ကိုက်ခဲခြင်းနဲ့ အဆစ်အမြစ်နာကျင်ခြင်းတွေကို သက်သာစေတဲ့ဆေးဝါးရဲ့အာနိသင်နဲ့ တထပ်တည်းပါပဲ။

၂) ခုခံအားကောင်းစေနိုင်ပါတယ်။
ခုခံအားကောင်းစေတဲ့ ဓာတ် lymphocytes ကိုထုတ်လုပ်ပေးပါတယ်။ ထိုဓာတ်ကြောင့် ဘက်တီးရီးယားကူးစက်မှုတွေကို တိုက်ဖျက်နိုင်ပြီး ကူးစက်ရောဂါတွေကို ခံနိုင်ရည်ရှိပါတယ်။

၃) စိတ်ဓာတ်ကျခြင်းကို ကုစားနိုင်ပါတယ်။
ရဲယိုသီးကိုစားသုံးခြင်းကြောင့် serotonin နဲ့ melatonin ဓာတ်တွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။ ထိုဓာတ်နှစ်မျိုးက အရေးကြီးတဲ့ဟော်မုန်းတွေဖြစ်ပါတယ်။ serotonin ဆိုတဲ့ဓာတ်က အိပ်စက်ခြင်း၊ ခံစားချက်နဲ့ စိတ်သဘောထားပေါ် သက်ရောက်မှုရှိနေပါတယ်။ serotonin မမျှတခြင်းက စိတ်ဓာတ်ကျခြင်းကို ဖြစ်ပေါ်ဖို့လွယ်ကူစေပါတယ်။
Melatonin ဓာတ်က ကိုယ်တွင်းက ဇီဝကမ္မဖြစ်စဉ်တွေကို ထိန်းညှိုပေးတယ်။ အဲဒါကြောင့် အိပ်ပျေ်ာဖို့ကူညီပေးပါတယ်။ သင့်ရဲ့စိတ်ခံစားချက်၊ စိတ်သဘောထားတွေကိုလည်း ကောင်းမွန်စေပါတယ်။
၄) အရေပြားနဲ့ ဆံသားကျန်းမာစေပါတယ်။
ရဲယိုရဲ့အစွမ်းသတ္တိကို အရေးပြားနဲ့ဆံသားအတွက် အသုံးပြုနိုင်ပါတယ်။ သင့်အရေပြားကို ရဲယိုသီးနဲ့ပွတ်တိုက်ပေးခြင်း၊ ဆံသားကို သုတ်လိမ်းပေးခြင်းဖြင့် သင့်အရေပြားကို နူးညံနုပျိုစေပြီး သင့်ဆံသားအက်ကွဲခြင်းကိုလည်း ပြုပြင်ပေးနိုင်ပါတယ်။ ၁၅မိနစ်ခန့်ထားပြီး ရေဆေးချလိုက်လို့ရပါတယ်။ သင့်လက်သည်းခြေသည်းတွေ ကျိုးပဲ့လွယ်ခြင်းကိုသက်သာစေပါတယ်။

၅) ကင်ဆာရောဂါဖြစ်ပွားမှုအန္တရာယ်ကို လျှော့နည်းစေပါတယ်။
nitric oxide ထုတ်လုပ်ပေးတဲ့အတွက် ကင်ဆာအကြိတ်တွေဖြစ်ပွားခြင်း၊ ကြီးထွားခြင်းကို တိုက်ဖျက်နိုင်ပါတယ်။ အဲဒါကြောင့် ကင်ဆာဆဲလ်တွေဖြစ်ပွားခြင်းကို လျှော့ကျစေနိုင်ပါတယ်။
ကင်ဆာကိုတိုက်ဖျက်နိုင်ဖို့ ခုခံအားကောင်းခြင်းကလည်း အကျိုးသက်ရောက်မှုရှိစေပါတယ်။
၆) သွေးဖိအားလျှော့ကျဖို့ကူညီနိုင်ပါတယ်။
Phytonutrients၊ selenium နဲ့ vitamin C ပါဝင်မှုကြောင့် သွေးကြောနံရံတွေမှာ ဖရီးရယ်ဒီကယ်တွေကို တိုက်ဖျက်နိုင်ပါတယ်။ သွေးဖိအားကျဆင်းစေတဲ့ scopoletin ဆိုတဲ့ဓာတ်ပေါင်းပါဝင်ပါတယ်။ ဖရီးရယ်ဒီကယ်တွေကို တိုက်ဖျက်နိုင်ပါတယ်။
xeronine.ဆိုတဲ့ဓာတ်ကြောင့် သွေးဖိအားနဲ့ ဖိစီးမှုတွေကို လျှော့ကျစေနိုင်ပါတယ်။ tryptophan ဆိုတဲ့ဓာတ်ပါဝင်ပြီး ထိုဓာတ်ကြောင့် သွေးစီးဆင်းလှည့်ပတ်မှုကောင်းမွန်ပြီး သွေးဖိအားလျှော့ကျစေပါတယ်။

၇) ကိုလက်စထရော လျှော့ကျစေပါတယ်။
ရဲယိုက မကောင်းတဲ့ကိုလက်စထရောတွေ စုပ်ယူမှုကိုတားဆီးပေးတဲ့အတွက် သင့်ကျန်းမာရေးနဲ့ အသက်ရှည်စေဖို့အထောက်အကူဖြစ်စေပါတယ်။

၈) မှတ်ဉာဏ်ကောင်းစေပါတယ်။
Phytosterols ဆိုတဲ့ဓာတ်ပါဝင်မှုကြောင့် သင့်ဦးနှောက်မှတ်ဉာဏ်ကိုကောင်းမွန်စေပါတယ်။ ရဲယိုစားသုံးခြင်းကြောင့် ဦးနှောက်ထဲ အောက်ဆီဂျင်ရောက်ရှိမှုကို ထိန်းထားပေးနိုင်ပါတယ်။ သွေးကြောတွေ သွေးခဲခြင်းကို ကာကွယ်ပေးပြီး ဦးနှောက်ကျန်းမာရေးအတွက် ကူညီပေးနိုင်ပါတယ်။

၉) ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။
Soluble fiber မြင့်မားစွာ ပါဝင်မှုကြောင့် သင့်အူထဲမှာ အစာကြေလွယ်စေပြီး ဝမ်းချု့ပ်ခြင်းကို သက်သာစေပါတယ်။ လိုအပ်တဲ့ဗီတာမင်နဲ့ သတ္တုဓာတ်တွေကိုလည်း အူကျန်းမာစေဖို့ ထိန်းသိမ်းပေးပါတယ်။

၁၀) ဘက်တီးရီးယားတွေကို သေစေပါတယ်။
Anthraquinones ၊ scopoletin နဲ့ terpenes ဆိုတဲ့ဓာတ်တွေပါဝင်မှုကြောင့် ဘက်တီးရီးယားတွေကို သေစေတဲ့အတွက် ကူးစက်ရောဂါတွေကို တိုက်ဖျက်နိုင်ပါတယ်။

https://healthiersteps.com/10-amazing-health-benefits-of-noni/ လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။