နေကြာစေ့ရဲ့ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ

နေကြာစေ့မှာ polyunsaturated နဲ့ monounsaturated fats တွေပါဝင်တဲ့အတွက် ကျန်းမာရေးအတွက်ကောင်းမွန်စေပါတယ်။ နေကြာစေ့ရဲ့ကောင်းကျိုးတွေကို ဖတ်ကြည့်လိုက်ပါအုံး။


၁) ရောင်ရမ်းမှုကို သက်သာစေခြင်း
နေကြာစေ့မှာ ဗီတာမင်အီ ကြွယ်ဝစွာပါဝင်မှုကြောင့် ရောင်ရမ်းခြင်းကို လျော့ကျစေပါတယ်။ ရင်ကြပ်ခြင်း၊ အရိုးအဆစ်ရောင်ခြင်းနဲ့ အရိုးပွရောဂါတွေကိုဖြစ်ပွားနိုင်ချေကို လျော့ကျစေပါတယ်။
၂) ကင်ဆာဖြစ်ပွားနိုင်ချေလျော့နည်းစေခြင်း
ခုခံအားမြင့်စေတဲ့အတွက် ကင်ဆာဆဲလ်တွေဖြစ်ပွားခြင်းကို လျော့ကျစေပါတယ်။ အမျှင်ဓာတ်နဲ့ ဗီတာမင်အီးကြောင့် အူမကြီးကင်ဆာဖြစ်ပွားနိုင်ချေလျော့ကျစေပါတယ်။ Selenium ဓာတ်ကြောင့် ပျက်စီးနေတဲ့ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။ ကင်ဆာဆဲလ်တွေပြန့်ပွားခြင်းကိုလည်း တားဆီးပေးနိုင်ပါတယ်။
၃) ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ခြင်း
အမျိုးသမီးတွေရဲ့သွေးဆုံးခါနီးအချိန်တွေမှာ ဖြစ်တတ်တဲ့လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ ဆီးချိုရောဂါနဲ့ ပတ်သက်တဲ့နောက်ဆက်တွဲပြဿနာတွေကိုလည်း လျော့ကျစေနိုင်ပါတယ်။
၄) နှလုံးသွေးကြောကျဉ်းဆိုင်ရာ ရောဂါတွေကို သက်သာစေနိုင်ခြင်း
နှလုံးသွေးကြောကျဉ်းဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာချက်တွေအရ ဗီတာမင်အီးပါဝင်မှုကြောင့် နှလုံးရောဂါဖြစ်ပွားမှုအန္တရာယ်ကို လျော့ကျစေပါတယ်။ သွေးထဲက ကိုလက်စထရောပမာဏကိုလည်း လျော့ကျစေနိုင်ပါတယ်။ သွေးထဲမှာ ကိုလက်စထရောဓာတ်များခြင်းကြောင့် သွေးလွှတ်ကြောတွေပိတ်ဆို့ခြင်းဖြစ်ပွားနိုင်ပြီး နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကဲ့သို့ အန္တရာယ်ဖြစ်ပွားနိုင်ပါတယ်။
၅) အာရုံကြောကျန်းမာရေးအတွက် ကောင်းခြင်း
Migraine ခေါင်းကိုက်ရောဂါနဲ့ စိတ်ဖိစီးမှုတွေကို သက်သာစေပါတယ်။ မဂ္ဂနီဆီယမ်ပါဝင်မှုကြောင့် အာရုံကြောစနစ်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။ အာရုံကြောဆဲလ်တွေကို လှုံ့ဆော်နိုင်ပြီး အာရုံကြောဆဲလ်တွေပျက်စီးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အာရုံကြောတွေကို ပြေလျော့ဖို့လည်း ကူညီပေးနိုင်ပါတယ်။
၆) အရိုးကျန်းမာရေးအတွက် ကောင်းမွန်ခြင်း
ကယ်လဆီယမ်၊ ကော့ပါးနဲ့ မဂ္ဂနီဆီယမ်ကဲ့သို့ သတ္တုဓာတ်တွေပါဝင်တဲ့အတွက် အရိုးပွခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်အီး ပါဝင်ခြင်းက အဆစ်အမြစ်နာကျင်ခြင်းကို သက်သာစေပါတယ်။ အရိုးနဲ့အဆစ်အမြစ်တွေ အလိုက်သင့်ဖြစ်စေနိုင်ဖို့ ကော့ပါးက ကူညီပေးပါတယ်။
၈) အရေပြားကျန်းမာရေးအတွက် ကောင်းစေခြင်း
နေကြာစေ့မှာ အရေပြားကို တောက်ပစေတဲ့ဓာတ်တွေပါဝင်ပြီး UV rays တွေနဲ့ အရေပြားလှပပြီး အရွယ်တင်စေဖို့ ကူညီပါတယ်။ ကော့ပါးဓာတ်က မယ်လနင်တွေထုတ်လုပ်ပေးပြီး အရေပြားအတွက် လိုအပ်တဲ့ မယ်လနင်တွေထုတ်လုပ်ပေးပါတယ်။ အရေးအကြောင်းဖြစ်ပေါ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ palmitic, oleic နဲ့ linoleic acid တွေက အရေပြားကို ချောမွေ့စေပြီး နူးညံ့ပျော့ပြောင်းစေပါတယ်။
သတိထားဖို့ကတော့ နေကြာစေ့ကြောင့် ဓာတ်မတည့်မှုဖြစ်ပွားတာ ဖြစ်နိုင်ချေအရမ်းကိုနည်းပါတယ်။ ဒါပေမယ့် အချို့တွေမှာတော့ အော့အန်ခြင်း၊ အော်ဂလီဆန်ခြင်း မျက်စိယားယံခြင်းတွေလိုမျိုး အလာဂျစ်ဖြစ်နိုင်ပါတယ်။ ကျောက်ကပ်နဲ့ဆိုင်တဲ့ရောဂါတွေရှိတဲ့သူတွေအနေနဲ့တော့ နေကြာစေ့စားခြင်းကို ရှောင်သင့်ပါတယ်။ နေကြာစေ့အခွံကတော့ အစာခြေလမ်းကြောင်းမှာ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
https://www.healthbeckon.com/benefits-of-sunflower-seeds/ လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။