"သင့်အလုပ်ကို မထွက်သင့်မှန်းပြောပြနေသော အခြေအနေများ"

တခါတလေကျရင် စိတ်ခံစားချက်တွေနောက်ကိုလိုက်ရင်း အလုပ်ခွင်မှာ မွန်းကြပ်လာတဲ့အခါ အလုပ်ခွင်ထဲကနေ ထွက်ပြေးချင်စိတ်တွေပေါက်လာဖူးတာ ကြုံဖူးကြမယ်ထင်ပါတယ်။ အဲဒီ့အခါမျိုးမှာ ကိုယ့်ကိုယ်ကိုယ် အလုပ်ထွက်သင့်မထွက်သင့် ပြန်ပြီးသုံးသပ်သင့်တဲ့အချက်တွေရှိပါတယ်။ တချို့ကျပြန်တော့လည်း ကိုယ့်ခံစားချက်နဲ့ ဝင်ငွေကြားမှာတင် ဝေခွဲမရတာမျိုးဖြစ်လာနိုင်ပါသေးတယ်.။ အဲဒါကြောင့် လက်တွေ့ကျကျစဥ််််းစားနိုင်မယ့်အချက်အချို့ကိုဖော််််််ပြပေးလိုက်ပါတယ်‌နော််။


၁) သင့်ရဲ့အသုံးစရိတ်ထက် သင့်ဝင်ငွေ၂ဆမဖြစ်မချင်း အလုပ်မထွက်သင့်ပါဘူး။
အလုပ်တစ်ခုက ထွက်လိုက်ရတာလွယ်ပေမယ့် နောက်အလုပ်တစ်ခုကို ပြန်ရနိုင်ဖို့ကတော့ မလွယ်ကူပါဘူး။ စိတ်စောစွာနဲ့အလုပ်ထွက်လိုက်ပြီးကာမှ အလုပ်မရှိတုန်းခဏတော့ လွတ်လပ်နေသယောင်ခံစားနေရတတ်ပေမယ့် အချိန်တစ်ခုအရောက်မှာတော့ အလုပ်မရှိလို့ စိတ်ဓာတ်ကျလာနိုင်ပါသေးတယ်။ အဲဒါကြောင့် သင့်အသုံးစရိတ်ထက် သင့်ဝင်ငွေ ၂ဆမဖြစ်သေးဘူးဆိုရင် အလုပ်ထွက်ဖို့ ပြန်စဥ််််းစားသင့်ပါတယ်နော််။

၂) သင့်ရဲ့အရေးပေါ်စုငွေဟာ သင့်အသုံးစရိတ် ၆လစာခန့်မရှိမချင်း အလုပ်မထွက်သင့်ပါဘူး။
ဒါဟာလည်း ကိုယ်မမှန်းထားနိုင်တဲ့အရေးပေါ်ကိစ္စဆိုတာရှိလာနိုင်တာကြောင့် အရေးပေါ်အခြေအနေအတွက် ငွေလက်ဆုပ်လက်ကိုင်မရှိရင် အဆင်မပြေပြန်ပါဘူး။ အဲဒီ့အခါမှ ကိုယ်ပဲ အခါခါနစ်နာရပါလိမ့်မယ်။

၃) သင့်ရဲ့ကိုယ်ပိုင်စီးပွားရေးအတည်တကျမဖြစ်မချင်း သင့်အလုပ်ကိုမထွက်သင့်ပါဘူး။
တစ်ဖက်မှာ ကိုယ့်ရဲ့ကိုယ်ပိုင်စီးပွားရေးတစ်ခုကို စတင်ထားသင့်ပါတယ်။ အလုပ်ပိုလုပ်ရလေ အချိန်ကို သေချာအသုံးချတတ်လာစေပါတယ်။ ဘာမှမလုပ်ဘဲနေပြီး အချိန်ကုန်သွားမယ့်အတူတူ တစ်ဖက်မှာ ကိုယ်ပိုင်စီးပွားရေးကို စတင်ထားတဲ့အတွက် ဝင်ငွေတစ်ခုမတိုးရင်တောင် အနာဂတ်အတွက် မျိုးစေ့ချထားသလိုဖြစ်စေတာမို့ တဖက်က ကိုယ့်ပိုင်အလုပ်အတည်တကျမဖြစ်မချင်း အလုပ်မထွက်သင့်သေးပါဘူး။

၄) သင်မျှော်မှန်းထားတာတွေ ပိုအောင်မြင်ဖို့ ၂ဆကြိုးစားမယ်လို့မဆုံးဖြတ်မချင်း အလုပ်မထွက်သင့်ပါဘူး။
ဒီအတွေးကလည်းတွေးသင့်ပါတယ်။ ဘာမှမတွေးဘဲ ဖြစ်ချင်ရာဖြစ် ထွက်လိုက်မယ်လို့ တွေးလိုက်တာထက်၊ အချိန်တစ်ခုသတ်မှတ်ပြီး အဲဒီ့အချိန်အတွင်းမှာ ရည်မှန်းထားတဲ့ရည်မှန်းချက်ဖြစ်အောင်ကြိုးစားနိုင်မှ ထွက်မယ်လို့ဆုံးဖြတ်တာက သင့်အတွက် အများကြိးအကျိုးရှိလာစေပါတယ်။

၅) တစ်နေ့ကို ၁၂-၁၆နာရီကြား အလုပ်မလုပ်နိုင်မချင်း အလုပ်မထွက်သင့်ပါဘူး။
ဒါကတော့ သာမန်ဝန်ထမ်းဘဝမှာ တစ်နေ့ ၈နာရီပဲအလုပ်လုပ်ရရင်တောင် ကိုယ်ပိုင်အလုပ်နဲ့ဖြစ်လာတဲ့အခါ အလုပ်ချိန်ရယ်လို့မရှိတော့တာကိုပြောချင်တာပါ။ ကိုယ်ပိုင်အချိန်သီးသန့်တောင်မရှိနိုင်တော့ဘဲ ကိုယ့်စီးပွားရေးကို ပိုကြိုးစားလာရတာကြောင့် အလုပ်ချိန်ထက် ပိုလုပ်ရတာမျိုး မလုပ်နိုင်ရင် အလုပ်မထွက်သင့်ပါဘူး။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။