စိတ်ဓာတ်ခိုင်မာသူတွေလုပ်သင့်တဲ့အကျင့်များ
စိတ်ဓာတ်ခိုင်မာသူတွေဟာ အခြားသူတွေလို အရာအားလုံးခေါင်းထဲထည့်စဥ််းစားနေတာမျိုးမဟုတ်ဘဲ ကိုယ့်စိတ်နှလုံးနဲ့အာရုံထဲထည့်သင့်တာကိုထည့်ပြီး မထည့်သင့်တာကိုမထည့်သင့်မှန်းနားလည်ကြပါတယ်။ အဲဒါကြောင့်လည်း စိတ်ညစ်စိတ်ရှုပ်စ၇ာဆိုတာ မရှိတာမဟုတ်ပေမယ့် အခြားလူတွေထက်ကို တည်ငြိမ်နေတာပဲဖြစ်ပါတယ်။ အဲဒီ့အတွက် စိတ်ဓာတ်ခိုင်မာသူတွေရဲ့အမူအကျင့်တွေကို အတုယူသင့်တာယူရအောင်ဖော််််််ပြပေးလိုက်ပါတယ်။
သူတို့မအောင်မြင်ခဲ့တဲ့အရာတွေအတွက် စိတ်သောကရောက်ပူဆွေးနေတာမျိုးနဲ့အချိန်မဖြုန်းဘဲ လက်ခံသင့်တာပြီးအကောင်းဆုံးရှေ့ဆက်သွားဖို့ကြိုးစားတတ်ပါတယ်။
၂) အပြောင်းအလဲတွေကိုလက်ခံတတ်ပါတယ်။ အပြောင်းအလဲတွေကိုအလိုက်သင့်လက်ခံပြောင်းလဲဖို့ကြိုးစားတတ်ပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းတတ်ပါတယ်။
၃) သူတို့မထိန်းချုပ်နိုင်တဲ့အရာတွေအတွက် မပူဆွေးပါဘူး။
ဘယ်အရာကတော့ ထိန်းချုပ်နိုင်တယ်၊ ဆက်ကြိုးစားမယ်၊ ဘယ်အရာကတော့မထိန်းချုပ်နိုင်လို့ အာရုံထဲမထည့်ဘူးရယ်လို့ ခွဲခြားနးလည်သူဖြစ်ပါတယ်။
၄) ကြိုတင်မှန်းဆတတ်သူတွေဖြစ်ပါတယ်။
ဘယ်လိုအခြေအနေမှမဆိုဖြစ်လာနိုင်တဲ့အကျိုဆက်တွေကို ကြိုတွေးထားတတ်ပြီး ဖြေရှင်းနိုင်သူတွေလည်းဖြစ်ပါတယ်။
၅) အခြားသူတွေရဲ့အောင်မြင်မှုကိုလည်း မုဒိတာ ပွားတတ်ကြပါတယ်။
အခြားသူများရဲ့ အောင်မြင်မှုကိုကြည့်ပြီး မုဒိတာပွားနိုင်သလို အတုယူသင်ခန်းစာယူပြီး ကြိုးစားတတ်ပါတယ်။