စာကြမ်းပိုးတစ်ယောက်နဲ့ သင့်တော်မယ့်အလုပ်အကိုင်များ

ကိုယ်က တကယ်ကို စာဖတ်နာသူတစ်ယောက်၊ စာဖတ်ရတာကို ကိုယ်အကြိုက်ဆုံးဝါသနာတစ်ခုအဖြစ် နှစ်သက်စွဲလမ်းသူဆိုရင်တော့ ဒီဘက်ခေတ်မှာ သင့်တော်မယ့်အလုပ်အကိုင်အခွင့်အလမ်းတွေအများကြီးရှိပါတယ်။ တကယ်တမ်းက စာဖတ်နာသူတစ်ယောက်ဟာ အခြားသူထက်သာတဲ့ စွမ်းရည်နဲ့ ဗဟုသုတကိုရှိနေတတ်ပါတယ်။ ကိုယ်က အုဲါကိုသိပြီး ဖော်ထုတ်တတ်ဖို့နဲ့ ကောင်းကောင်းအသုံးချတတ်ဖို့သာ လိုတာပါ။ ကိုယ်ကစာဖတ်ရတာကို သာမန်က်ကို ပိုဝါသနာပါတယ်ထင်ရင် အောက်ပါအလုပ်အကိုင်တွေမှာ အသုံးချနိုင်ပြီး တကယ်လည်းအဆင်ပြေနိုင်မှာပါ။


၁) Content Writer
ခုနောက်ပိုင်း online ပေါ်ကနေ စာ‌‌ရေးခြင်းခေတ်စားလာတဲ့အခါမှာ သင်‌ရေးချင်သမျှကို အွန်လိုင်းပေါ်မှာ လွတ်လပ်စွာ‌‌ရေးနိုင်လာသလို ဖတ်တဲ့သူတွေဆီလည်း တိုက်ရိုက်ရောက်နိုင်ပါတယ်။ အဲဒါအပြင် ကုန်ပစ္စည်းအကြောင်းတွေကိုပါ သင်က တခမ်းတနား ဖွဲနွဲ့ရေးတတ်လာမယ်ဆိုရင်တော့ Content Writer အဖြစ် အသက်မွေးဖို့ သင့်စွမ်းရည်ကို အသုံးချနိုင်ပါတယ်။

၂) Blogger
ကိုယ်ပိုင်ပေ့ချ် ဒါမှမဟုတ် ဘလော့ တခုခု ဖန်တီးပြီး ကိုယ်မျှဝေချင်တာလေးတွေကို မျှဝေခြင်းကနေလည်း သင့်ဘလော့မှာဖြစ်ဖြစ်၊ သင့်ပေ့ချ်မှာဖြစ်ဖြစ် သင့်အတွက် ဝင်ငွေတစ်ခုဖြစ်လာအောင်ဖန်တီးနိုင်ပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့လက်ရည်ကို ကိုယ်ပိုင်ဘလော့မှာ သွေးနေဖို့လိုပါတယ်။

၃) သတင်းထောက်
သတင်းထောက်ဆိုတာကလည်း စာဖတ်နာပြီး အကြောင်းအရာအစုံကို သိနားလည်တဲ့သူတွေနဲ့မှကိုက်ညီတာမို့ စာဖတ်နာသူ စာကြမ်းပိုးလေးတွေက မသိတာမရှိသလောက်ဆိုရင်၊ သတင်းထောက်အလုပ်နဲ့အသက်မွေးဖို့လည်း ဝါသနာပါတယ်ဆိုရင် စာကြမ်းပိုးလေးတွေအတွက်ကိုက်ညီပါတယ်။

၄) interviewer
အင်တာဗျူးသမားတစ်ယောက်က စာဖတ်နာဖို့လိုပါတယ်။ ဒါမှသာ စကားလုံး ဝေါဟာရကြွယ်ဝပြီး ပညာသားပါပါနဲ့ ကိုယ်လိုချင်တဲ့မေးခွန်းမျိုးကို မေးတတ်မှာဖြစ်ပါတယ်.။ အဲဒါကြောင့် စာဖတ်နာတဲ့စာကြမ်းပိုးလေးတွေအနေနဲ့ လူအများနဲ့ဆက်ဆံရတာလည်းကြိုက်နှစ်သက်မယ်၊ စိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းတွေကိုလည်း ပညာရှိနည်းနဲ့မေးမြန်းနိုင်မယ်ဆိုရင် အင်တာဗျူးသူအလုပ်နဲ့အဆင်ပြေလောက်ပါတယ်။

၅) အယ်ဒီတာ
နောက်တစ်ခုကတော့ စာဖတ်နာပြီး စာတွေကို ဝေဖန်ရတာ၊ သုံးသပ်ရတာ၊ ရွေးချယ်ရတာ နှစ်သက်တယ်ဆိုရင် အယ်ဒီတာအလုပ်နဲ့လည်း အဆင်ပြေနိုင်ပါသေးတယ်။

၆) စာအုပ်ရောင်းဝယ်ဖြန့်ချီရေး
ဒီဘက်ခေတ်မှာ အွန်လိုင်းကနေ စာအုပ်‌ရောင်းဝယ်ဖြန့်ချီတဲ့လုပ်ငန်းအချို့လည်း ခေတ်စားလာပါပြီ။ ကိုယ်က စာအုပ်စာပေကို ကိုယ်တိုင်လည်း ဖတ်ချင်တယ်၊ အခြားသူကိုလည်း မျှဝေချင်တယ်ဆိုရင် ကိုယ့်ပေ့ချ်မှာ စာအုပ် အညွှန်းလေးတွေရေးပေး၇င်းကနေတဆင့် စာအုပ်ဖြန့်ချီ‌ရောင်းဝယ်ခြင်းကိုအစပြုလို့ရနိုင်ပါတယ်နော်။

၇) စာကြည့်တိုက်မှုး
ဒါကတော့ ကိုယ်တွေလို စာချည်းထိုင်ဖတ်ရတာကို အလုပ်တစ်ခုလို လုပ်ချင်တဲ့လူအတွက် ကိုက်ညီပါတယ်။ တခြားကိစ္စတွေနဲ့အာရုံမနောက်ချင်ဘူး။ စာအုပ်တွေကြားထဲမှာပဲ အလုပ်လုပ်ချင်တယ်၊ စာဖတ်တာကို အလုပ်တစ်ခုလို လုပ်ချင်တယ်ဆိုရင် စာကြည့်တိုက်မှုးသင်တန်းတက်ပြီး စာကြည့်တိုက်မှုးအဖြစ်လုပ်နိုင်ပါတယ်။

ကိုယ်ဖြစ်ချင်တာကိုသိပြီး ထိုဖြစ်ချင်တာကို ရဲရဲဝင့်ဝင့်ပုံဖော်ရဲဖို့ကလည်း သတ္တိလိုပါတယ်။ ဒါပေမယ့် ကိုယ်ဖြစ်ချင်တဲ့ဘဝအတိုင်းရှင်သန်နေထိုင်နိုင်သွားရင်လည်းဘာနဲ့မှမတူတဲ့ အေးချမ်းသာယာတဲ့ဘဝပုံစံကိုပိုင်ဆိုင်ရမှာပါ။ ကိုယ့်ဘဝမှာ စာပေနဲ့ပတ်သက်တဲ့အလုပ်တစ်ခုခုကို တကယ်လုပ်ကိုင်ရပြီး ဘဝကိုအေးချမ်းစွာရှင်သန်ချင်တယ်ဆိုရင် အထက်ကဖေ်ပြထားတဲ့အလုပ်အကိုင်တွေထဲက ကိုယ့်စိတ်ပါဝင်စားရာနဲ့ကိုက်ညီတာကိုထပ်မံရွေးချယ်နိုင်ကြပါစေ။ ဒီဘက်ခေတ်မှာက တခုခုဆိုရင် ပွင့်လင်းမြင်သာစွာနဲ့ချပြလို့ရလာပြီမို့ အခွင့်အရေးကို ပုံဖော်တတ်မယ်ဆိုရင် ကိုယ်ဖြစ်ချင်တာဖြစ်လာဖို့လည်း မဝေးတော့ပါဘူး‌ေနာ််။ အများက ထလုပ်ကာမှ လစာကောင်းလို့၊ ဝင်ငွေကောင်းလို့ ထလုပ်တာမျိုးထက် ကိုယ့်ရဲ့ဝါသနာကို ချပြပြီး ကြိုးစားခြင်းက ပိုအောင်မြင်နိုင်ပါတယ်လို့တိုက်တွန်းလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။