ဆေးကု၍မရသော ရောဂါ ၅ ခု

ဆေးကုလို့မရသော ရောဂါတွေရှိပါတယ်။ အဲဒီ့ရောဂါမျိုးက ကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ်ပြုပြင်ဆင်ခြင်မှရနိုင်တဲ့ကုနိုင်မယ့်ရောဂါမျိုးဖြစ်ပါတယ်။ ကုရာနတ္ထိဆေးမရှိဆိုသလိုပေါ့။ သင့်မှာကော အောက်မှာဖော်ပြထားတဲ့ရောဂါတွေထဲက တစ်ခုခုရှိနေခဲ့ရင်အမြန်ကုသဖို့ တိုက်တွန်းလိုက်ရပါတယ်။


၁) အပျင်းကြီးခြင်း
အပျင်းကြီးတဲ့ရောဂါက ကိုယ့်ကိုယ်ကိုယ်မသိလိုက်ခင်မှာပဲ ကိုယ့်ဆီမှာ စွဲကပ်နေတတ်ပါတယ်။ နေပူနေတာကို…..၊ မိုးရွာနေလို့မလုပ်သေးဘူး…..၊ အေးလို့ဘယ်လိုလုပ်မလဲ……၊ အကြောင်းပြချက်များစွာနဲ့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ထားခြင်းက အပျင်းကြီးခြင်းတစ်မျိုးပါပဲ။ အလုပ်တစ်ခုခုကို လုပ်ရမှာနေပေမယ့် နေသာသလိုနေတာမျိုးက တဖြည်းဖြည်း စွဲလမ်းလာတတ်ပါတယ်။

၂) အကြောင်းပြချက်များခြင်း
“ငါက ကံကိုမကောင်းတာ” “ငါက တော်ပြီးသားမို့ သင်စရာမလိုဘူး” “သူကငါ့ထက်ကျောင်းကောင်းကောင်းတက်နိုင်တာကိုး….လစာကောင်းမှာပေါ့” “သူမိဘကထောက်ပံ့နိုင်တာကိုး အဆင်ပြေတာပေါ့” စသဖြင့် ကိုယ့်မအောင်မြင်မှာ ကိုယ့်အမှားကို မြင်အောင်မကြည့်ဘဲ အခြားသူကိုသာအပြစ်မြင်ပြီး အကြောင်းပြချက်များစွာရှိနေတဲ့လူမှာ ဘယ်သူကမှ မကယ်နိုင်ပါဘူး။

၃) စိတ်အပြောင်းအလဲများခြင်း
ခုလက်ရှိ ဆုံးဖြတ်လိုက်တာတစ်ခုဖြစ်ပေမယ့် ထိုတစ်ခုကိုပဲဖြစ်မြောက်အောင်မြင်အောင်လုပ်မယ်လို့မတွေးဘဲ အခြားသူတွေအောင်မြင်နေတဲ့အလုပ်ကို လုပ်ချင်စိတ်ဖြစ်လာတာမျိုးပေါ့။ ဥပမာ။ ကိုယ်က စာရင်းကိုင်သင်တန်းပြီးပြီ၊ ကျွမ်းလည်းကျွမ်းကျင်တယ်၊အတွေ့အကြုံလည်းရှိသင့်သလောက်ရှိတယ်။ ဒါပေမယ့် content wirter လုပ်နေတဲ့သူငယ်ချင်းက လစာကောင်းတယ်ဆိုပြီး content wirter ခုမှထလုပ်ဖို့ ဆုံးဖြတ်တာမျိုးပေါ့။ တခုခုကို ပြတ်သားစွာဆုံးဖြတ်ပြီး အောင်မြင်တဲ့အထိ ဇွဲရှိရှိကြိုးစားချင်တာမျိုးမဟုတ်ဘဲ trend ဖြစ်တိုင်း အောင်မြင်မလားဆိုပြီး ထလုပ်ချင်တဲ့စိတ်ပါ။ အဲဒီ့လို စိတ်အပြောင်းအလဲများခြင်းက ဘယ်တော့မှ မအောင်မြင်သလို၊ အဲဒီ့စိတ်ကို ကိုယ်တိုင်ပဲပြုပြင်နိုင်တာပါ။ ကိုယ်ဖြစ်ချင်တာကို သေချာရွေးချယ်ဆုံးဖြတ်ဖို့လိုပါတယ်။

၄) အချိန်ဆွဲခြင်း
တခုခုလုပ်ဖို့ရာကို အချိန်ဆွဲနေတာမျိုး၊ အနားကပ်မှထပြီး ကမန်းကတမ်းထလုပ်တာမျိုးထက် ပိုပြီးဆိုးပါတယ်။ နောက်နေ့မှလုပ်မယ်၊ ခဏနေမှလုပ်မယ် စသဖြင့် အချိန်ဆွဲခြင်းကနေမှ အချိန်ကိုအလကားဖြုန်းတီးလိုက်သလိုဖြစ်နေတာကနေ အချိန်ဆွဲနေရင်း အပျင်းရောဂါစွဲကပ်သွားတတ်ပါတယ်။ အချိန်ဆွဲခြင်းကိုကုသနိုင်တာက ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။

၅) လွယ်လွယ်အရှုံးပေးခြင်း
လောကမှာအလွယ်ရတာက မတည်မြဲပါဘူး။ ဘယ်အရာမဆို အလွယ်တကူနဲ့လည်း မအောင်မြင်နိုင်ပါဘူး။ အဲဒါကြောင့် လွယ်လွယ်အရှုံးပေးတတ်တဲ့အကျင့်ဆိုးရှိနေသရွေ့ ဘယ်အရာမှ အောင်မြင်စွာရယူနိုင်မှာမဟုတ်ပါဘူး။ နာမည်ကျော်အောင်မြင်နေသူတိုင်းက တစ်ခါတည်းနဲ့အောင်မြင်ကျော်ကြားလာတာမဟုတ်ပါဘူး။ အခါခါကျရှုံးမှုကို အလဲထိုးပြီးမှ အောင်မြင်လာတာဖြစ်ပါတယ်။ သင့်မှာသာ လွယ်လွယ်အရှုံးပေးတတ်တဲ့အကျင့်ဆိုးရှိနေရင် သင့်ကိုယ်သင်သာပြုပြင်မှဖြစ်နိုင်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။