ပိုပျော်ရွှင်တဲ့ဘဝဖြစ်ဖို့ အတိုဆုံးအကြံပေးချက် ၅ခု

ဒီအကြံပေးချက် ၅ခုကိုသာ ဘဝမှာ စိတ်ဆင်းရဲစရာပေါ််လာတိုင်းပြန်တွေးကြည့်ပါ။ အချက် ၅ချက်နဲ့ကိုက်ညီအောင် နေထိုင်သွားမယ်ဆိုရင် သင့်ဘဝရဲ့အာရုံနောက်စရာ၊ စိတ်ညစ်စရာအချို့က ကြက်ပျောက်ငှက်ပျောက်ဖြစ်စေမှာ သေချာသလောက်ပါပဲ။


၁) ကိုယ့်ကိုယ်ကိုယ်ချစ်ခင်ကြင်နာပါ။
အခြားသူတွေအတွက်ချည်း လုပ်ပေးနေ၇တယ်လို့ထင်လာတဲ့အခါမျိုး၊ အရမ်းပင်ပန်းလာတယ်လို့ထင်လာတဲ့အခါမျိုးမှာ ဒီနံပါတ်တစ်အချက်ကို သတိရပြီး ကိုယ့်ကိုကိုယ်အနားပေးပါ၊ အချိန်ပေးဂရုစိုက်ပါ။

၂) ကောင်းမွန်သောအရာတွေကိုသာလုပ်ပါ။
တခုခုလုပ်မယ်ကြံတိုင်း အခြားလူကိုထိခိုက်စေမလား, ကိုယ့်ကိုယ်ကိုယ်ထိခိုက်စေမလားတွေးပါ။ ကောင်းမှုတွေကို ငွေကုန်ကြေးကျခံစရာမလိုဘဲဲ စိတ်ကောင်းထားလိုက်ရုံနဲတင် ကောင်းမွန်တဲ့အရာတော််််တော််််များများလုပ်ဖြစ်လာပါလိမ့်မယ်။

၃) အမြဲခွင့်လွှတ်ပါ။
မုန်းတီးမှုဟာ သင့်ကိုပင်ပန်းစေပါတယ်၊ မောပန်းစေပါတယ်၊ အဲဲဲဒါကြောင့်ဘယ်လိုလူကိုဖြစ်ဖြစ် ခွင့်လွှတ်ပေးလိုက်တာက သင့်ကိုအေးချမ်းစေပါတယ်။ ခွင့်လွှတ်လို့မရရင် မေ့ပစ်လိုက်ပါ။ ခွင့်လွှတ်မရတဲ့လူကိုပါ သင့်ဘဝထဲကမေ့ပစ်လိုက်ပါ။

၄) ဘယ်သူ့မှ မထိခိုက်ပါစေနဲ့။
ဘယ်သူ့ကိုမှ စိတ်ပိုင်းရော၊ ရုပ်ပိုင်းအားဖြင့်ရော မထိခိုက်စေလေ သင့်ဘဝပျော်််််််််ရွှင်ရတာ ပိုအေးချမ်းလေပါပဲဲ။ သင့်ကိုထိခိုက်အောင်လုပ်လာရင်လည်း တုံ့ပြန်စရာမလိုပါဘူး။ သူ့တရားသူစီရင်မယ်လို့သာတွေးလိုက်ပါ။ အဓိကက သင်ပြုသမျှသင်ရမှာမို့ သင်အကောင်းဆုံးပြုမူနေထိုင်ဖို့သာပါ။

၅) အကောင်းဘက်တွေးလိုက်ပါ။
သူကငါ့အပေါfဘယ်လိုဆိုတဲ့ သံသယစိတ်မထားပါနဲ့။ သံသယစိတ်ဝင်လာရင် အကောင်းဘက်ကလှည့်တွေးပြီးလက်ခံလိုက်ပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။