သစ်ကြားစေ့ရဲ့ကောင်းကျိုးများ

သစ်ကြားသီးက လုံးဝန်းပြီး အစေ့တစ်လုံးထဲသာပါတဲ့ မာကြောသော အခွံရှိတဲ့အသီးတစ်မျိုးမှရတဲ့အစေ့ဖြစ်ပါတယ်။ သစ်ကြားစေ့မှာ ကောင်းမွန်တဲ့ကျန်းမာရေးုဆိုင်ရာ အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။ ပရိုတင်းနဲ့ အမျှင်ဓာတ်တွေလည်း ပါဝင်ပါတယ်။ နှလုံးကျန်းမာရေးနဲ့ အရိုးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပြီး ဝိတ်ထိန်းဖို့အတွက်လည်း အကျိုးသက်ရောက်မှုရှိပါတယ်။ အပင်ကနေရတဲ့အစားအစာအမျိုးအစားတွေက ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုရှိတာများပါတယ်။ သစ်ကြားစေ့ရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေထဲမှာ နှလုံးသွေးကြောစနစ်ကို ကောင်းမွန်စေပြီး အရိုးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။


၁) နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း
သစ်ကြားစေ့က နှလုံးကျန်းမာရေးကို မြင့်တင်ပေးနိုင်ပါတယ်။
monounsaturated နဲ့ polyunsaturated fatty acids ပါဝင်တဲ့အတွက် အန္တရာယ်ရှိတဲ့ ကိုလက်စထရောတွေနဲ့ triglyceride လို့ခေါ်တဲ့သွေးထဲက အဆီဓာတ်ကိုလည်း လျှော့ကျစေပါတယ်။
အဲဒါကြောင့် နှလုံးသွေးကြောကျဉ်းခြင်း၊ လေဖြတ်ခြင်း၊ နှလုံးရှော့ရခြင်းတွေကိုဖြစ်ပွားမှု အန္တရာယ်ကို လျှော့ကျစေပါတယ်။ British Journal of Nutrition က ဖော်ပြချက်တွေမှာ လေ့လာချက်အရ တစ်ပတ်မှာ လေးကြိမ်ထက်များအောင် စားသုံးခြင်းကြောင့် နှလုံးသွေးကြောကျဉ်းရောဂါများကို ၃၇ရာခိုင်နှုန်းခန့်လျော့ကျစေတာကို တွေ့ရှိရပါတယ်။

၂) ဝိတ်ထိန်းညှိုပေးနိုင်ခြင်း
Asia Pacific Journal မှာ ဖော်ပြချက်အရ အခွံမာသီးကို စားသုံးခြင်းက အနားယူနေစဉ်မှာ
စွမ်းအင်အသုံးပြုမှုပိုများလာစေပါတယ်။ သစ်ကြားသီးစားသုံးခြင်းနဲ့ မစားသုံးခြင်းကြားက ဝိတ်ကျမှုကို နှိုင်းယှဉ်ကြည့်တဲ့အခါ သစ်ကြားစေ့စားသုံးခြင်းကြောင့် ဝိတ်ကျခြင်းက ပိုများတယ်ဆိုတာကိုတွေ့ရှိရပါတယ်။
ပုံမှန် တပတ်ကို ၂ကြိမ်ခန့်အခွံမာသီးစားနေကျ အမျိုးသမီးထက် ပုံမှန်အခွံမာသီးအစားနည်းတဲ့ အမျိုးသမီးတစ်ယောက်က ဝိတ်များလာနိုင်ချေရှိတာကို ဖော်ပြခဲ့ကြပါတယ်။

၃) သည်းခြေအိတ်ကျောက်တည်မှုဖြစ်နိုင်ချေနည်းခြင်း
အခြားလေ့လာချက်တွေအရ သည်းခြေအိတ်ကျောက်တည်ခြင်းအန္တရာယ်ကိုလည်း လျော့ကျစေတာတွေ့ရပါတယ်။

၄) အရိုးကျန်းမာရေးကို အထောက်အကူဖြစ်ခြင်း
သတ္တုဓာတ်ပါဝင်မှုများပြားတဲ့အတွက် အရိုးသိပ်သည်းဆ အားနည်းခြင်းကို ကာကွယ်ပေးနိုင်ပြီး အရိုးပွခြင်းကို သက်သာစေနိုင်ပါတယ်။ အရိုးပွခြင်းက အရိုးတွေပါးလာပြီး သိပ်သည်းမှုအားနည်းလာမယ်၊ ကျိုးလွယ်အက်လွယ်လာပါတယ်။ ကော့ပါးဓာတ်ချို့တဲ့ခြင်းကြောင့် အရိုးပွခြင်းဖြစ်နိုင်တယ်လို့ လေ့လာချက်တွေအရသိရပါတယ်။
သစ်ကြားစေ့မှာ ကော့ပါးပါဝင်မှုကြောင့် အရိုးပွခြင်းကို ကာကွယ်ပေးပါတယ်။ ကော့ပါးက ကော်လိပ်ဂျင်တွေနဲ့ ကျုံ့နိုင်ဆန်နိုင်အားကိုလည်း ထိန်းသိမ်းပေးဖို့အရေးပါပါတယ်။
ကော့ပါးမလုံလောက်ခြင်းက ခန္ဓာကိုယ်က ပျက်စီးသွားတဲ့တစ်ရှုးတွေကို အစားမထိုးပေးနိုင်တော့ပါဘူး။ သစ်ကြားစေ့မှာ မဂ္ဂနီဆီယမ်ပါဝင်မှုကြောင့် အရိုးပွခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ ကယ်လဆီယမ်စုပ်ယူမှုကိုလည်း အားကောင်းစေပါတယ်။

၅)ဝက်ရူးပြန်ရောဂါ ဖြစ်နိုင်ချေနည်းခြင်း
ဝက်ရှုးပြန်ရောဂါရှိတဲ့လူတွေမှာ သွေးထဲက မဂ္ဂနီဆီယမ်ဓာတ်လျော့နည်းတာကို တွေ့ရပါတယ်။ မဂ္ဂနီစ်ချို့တဲ့ခြင်းက ဝက်ရူးပြန်ရောဂါကို မဖြစ်ပေါ်နိုင်စေပေမယ့် သွေးထဲမှာတော့ မဂ္ဂနီစ်ဓာတ်လျော့နည်းနေတတ်ပါတယ်။ အဲဒါကြောင့် သွေးထဲမှာ မဂ္ဂနီစ်ဓာတ်လျော့နည်းခြင်းက ဝက်ရူးပြန်ရောဂါနဲ့ဆက်စပ်မှုရှိနိုင်မလားလို့ သံသယဖြစ်စရာရှိပါတယ်။ ဒါပေမယ့် လေ့လာချက်တွေအရတော့ ဖော်ပြထားခြင်းမရှိသေးပါဘူး။
https://www.medicalnewstoday.com/articles/309834.php လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။