အသားအရေစိုပြေလှပစေရန်ပညာရှင်များကပြောပြသည့်လိုက်နာသင့်သော အကြံပြုချက် ၁၅ ချက်

စိုပြေလှပပြီး က ျန်းမာတဲ့ အသားအရေကို ထိန်းသိမ်းရတာက တကယ်မလွယ်တဲ့ အလုပ်တစ်ခုပါပဲနော်။ တစ်နေ့ထက်တစ်နေ့ ပူပြင်းနေတဲ့ ရာသီဥတု၊ အပူချိန်နဲ့ အပြင်သွားလာရတဲ့အခါ ထိတွေ့ရတဲ့ ပတ်ဝန်းက ျင်က ညစ်ညမ်းမှုတွေကြောင့် အသားအရေကို ထိခိုက်ပ ျက်စီးစေနိုင်ပါတယ်။ မောင်ကံကောင်း၊ မယ်ကံကောင်းတချို့ကသာ သဘာဝအလျောက် ကောင်းမွန်လှပတဲ့ အသားအရေမျိုးရှိတာ ဖြစ်ပြီးတော့ လူအများစုအတွက်တော့ ကျန်းမာစိုပြည်တဲ့ အသားအရေကို ရရှိဖို့ဆိုတာ နေ့စဉ်ပုံမှန် ဂရုစိုက်ပြီး ထိန်းသိမ်းနေရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အသားအရေစိုပြည်လှပစေဖို့ ပညာရှင်တွေ အကြံပြုပြောကြားထားတဲ့ လိုက်နာသင့်တဲ့ အချက် ၁၆ ချက်ကို ရှာဖွေပြောပြပေးလိုက်ပါတယ်။


၁။ ထိခိုက်လွယ်တဲ့ အသားအရေမျိုး ဟုတ်မဟုတ်အရင်ဆုံး စမ်းသပ်ကြည့်ပါ

ကိုယ့်ရဲ့ အသားအရေက ထိခိုက်လွယ်တဲ့ Sensitive skin မျိုးလားဆိုတာ အရင်ဆုံးသိထားရပါမယ်။ ဒီ့အတွက် အောက်က မေးခွန်းလေးတွေကို ဖြေကြည့်လိုက်ပါ။

• မျက်နှာသစ်ပြီးခါစမှာ အသားအရေတင်းနေတာမျိုး၊ သက်တောင့်သက်သာမရှိတာမျိုးကို သတိထားမိလား။
• သူများတွေထက် ပိုပြီးတော့ အနီစက်လေးတွေ အနီကွက်တွေ အသားအရေပေါ်မှာ ခဏခဏ ပေါ်လာတတ်လား။
• နေရောင်နဲ့အချိန်အနည်းငယ်ပဲ ထိတွေ့ရပေမယ့် နေလောင်တာမျိုး ဖြစ်လား။
• ဓာတုပစ္စည်းပါဝင်တဲ့ အလှကုန်တွေကို သုံးမိရင် ဆိုးဆိုးရွားရွားကို အသားအရေ ထိခိုက်မှုဖြစ်လား။
• ငယ်ငယ်ရွယ်ရွယ်နဲ့ အရေးအကြောင်းတွေပေါ်နေပြီလား။
• အသားအရည်ယားယံပြီး မွဲခြောက်ခြောက်အပေါ်ယံလွှာတွေ ကွာကျလေ့ရှိလား။

အပေါ်က အချက်အတော်များများနဲ့ ကိုက်ညီနေတယ်ဆိုရင်တော့ Sensitive skin ဆိုတာသေချာပါပြီ။ ဒါဆိုရင်တော့ သေချာကို ဂရိုက်စိုက်ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။

၂။ ကိုယ့်အသားအရေနဲ့ ကိုက်ညီမယ့် အလှကုန်ပစ္စည်းကိုသာ သုံးပါ

အလှကုန်ပစ္စည်းအားလုံးနဲ့ အဆင်ပြေတဲ့ အသားရေဆိုတာ တော်တော်ရှားပါမယ်နော်။ အထူးသဖြင့် ကိုယ့်အသားအရေက Sensitive skin ဆိုရင် ပိုဆိုးပါတယ်။ အလှကုန်ပစ္စည်းတွေ ဝယ်ထဲက သေချာရွေးချယ် ဝယ်ယူသင့်ပါတယ်။ ကိုယ့်အသားအရေနဲ့ ကိုက်ညီမယ့် အဆင်ပြေမယ့် အလှကုန်မျိုးကို သိထားပြီး အသုံးပြုရမှာဖြစ်ပါတယ်။ အလှကုန်သစ်တစ်ခုခုကို သုံးကြည့်တော့မယ်ဆိုရင်လဲ အရင်ဆုံး ကိုယ်နဲ့အဆင်ပြေမပြေသိဖို့ Skin test လုပ်ကြည့်ဖို့လိုပါတယ်။ ကိုယ်အသုံးပြုမယ့် အလှကုန်ပစ္စည်း ပမာဏအနည်းငယ်ကို မျက်နှာပေါ်မှာမဟုတ်ပဲ အခြားကိုယ်တစ်နေရာရာမှာ လိမ်းကြည့်ပါ။ ပြီးရင် ဘယ်လို သက်ရောက်မှုရှိလဲဆိုတာကို ၄၈ နာရီစောင့်ကြည့်ပေးပါ။ အဆင်ပြေတယ်ဆိုမှ ဆက်သုံးသင့်ပါတယ်။

၃။ Moisturizer

စိုပြည်လှပတဲ့ အသားအရေမျိုး ပိုင်ဆိုင်ဖို့ဆိုရင် အသားအရေ ထိန်းသိမ်းမှုနည်းစနစ်က အများကြီးစကားပြောပါတယ်။ အသားအရေစိုပြည်ဖို့အတွက် ရေဓာတ်လုံလုံလောက် ရှိရပါမယ်။ ရေဓာတ်မခမ်းခြောက်ဖို့အတွက် Moisturizer အလှဆီသုံးနိုင်ပါတယ်။ ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့ အလှဆီမျိုးကို ရွေးချယ်အသုံးပြုဖို့တော့ လိုပါလိမ့်မယ်။ ဓာတုပစ္စည်းတွေမပါဝင်တဲ့ သဘာဝ အလှဆီဆိုရင်တော့ အကောင်းဆုံးပါပဲ။ Sensitive skin သမားတွေအတွက်ဆိုရင် သီးသန့်ထုတ်လုပ်ထားတဲ့ Special moisturizing creams တွေရှိပါတယ်။ ကိုယ်နဲ့ အဆင်အပြေဆုံးဖြစ်မယ်ထင်တဲ့ တစ်မျိုးကို စမ်းသုံးကြည့်ပြီး အဆင်ပြေရင် ဆက်သုံးနိုင်ပါတယ်။

၄။ အစားအသောက်ကို ဂရုစိုက်ပါ

အစားအသောက်ဟာလဲ အသားအရေကို ထိန်းသိမ်းတဲ့နေရာမှာ အရေးပါ ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်မယ်ဆိုရင် တောက်ပတဲ့ အသားအရေကို ရရှိစေမှာပါ။ တစ်ဖက်မှာတော့ တချို့အစားအစာတွေက အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အစားအသောက်ကို ဂရုစိုက်ရပါမယ်။ ရေဓာတ်ပြည့်ဝနေစေဖို့အတွက် ရေနဲ့ လတ်ဆတ်တဲ့အသီးအရွက် ဖျော်ရည်တွေ များများသောက်ပေးရပါမယ်။

၅။ နေပူထဲ အရမ်းမထွက်ပါနဲ့

ပြင်းထန်တဲ့ နေရောင်ခြည်က အရေပြားဆဲလ်တွေကို ပျက်စီးစေနိုင်ပြီးတော့ အဖုအပိမ့်တွေထွက်လာစေပါတယ်။ အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ဖို့အတွက် အပြင်သွားရင် နေကာမျက်မှန်တပ်ပါ၊ SPF ပါဝင်မှုမြင့်မားတဲ့ နေဒဏ်ခံ လိုရှင်းတွေကို လိမ်းပေးပါ။ နေ့လည်နေ့ခင်း၊ နေအပူချိန်အရမ်းပြင်းတဲ့ အချိန်မျိုးမှာ အပြင်မထွက်တာတော့ အကောင်းဆုံးပါပဲ။

၆။ မျက်နှာမကြာခဏသစ်ပါ

အဆင်ပြေတာနဲ့ မျက်နှာသစ်ပေးပါ။ မျက်နှာသစ်ပေးခြင်းက အသားအရေကို ရေဓာတ်ပြန်လည် ဖြည့်တင်းပေးနိုင်တဲ့အပြင် မျက်နှာပြင်က ချွေးပေါက်တွေပိတ်ဆို့နေတာကိုလဲ သန့်စင်စေပါတယ်။ ပြီးရင် ခြောက်သွားအောင် သာသာယာယာလေး ပုတ်ပေးပါ။ ရေမြန်မြန်ခြောက်အောင် ပွတ်တာမျိုးကို ရှောင်ပါ။

၇။ မျက်ဝန်းကို ဂရုစိုက်ပါ

မျက်လုံးတစ်ဝိုက်နားက အသားအရေက မျက်နှာအခြားနေရာက အသားအရေတွေနဲ့ ယှဉ်ရင် ပိုပြီး နုပါတယ်၊ အထိအခိုက်မခံပါဘူး။ သင်အိပ်ရေးပျက်တဲ့ အခါအသိအသာဆုံးပဲမလား။ ဒါကြောင့် အရည်အသွေးကောင်းတဲ့ eyes creams တွေ cleansers တွေကိုညအိပ်ရာဝင်ခါနီးတိုင်း အသုံးပြုဖို့ အရေးကြီးပါတယ်။

၈။ အသားအရေကို ထိခိုက်စေမဲ့ အမူအကျင့်တွေကို ရှောင်ပါ

အသားအရေအတွက် အစားသောက်တစ်ခုထဲကို ဂရုစိုက်ဖို့ မလုံလောက်ပါဘူး။ ဆေးလိပ်သောက်တာမျိုး၊ ကြောင့်ကြစိတ်များနေတာမျိုးတွေက အသားအရေကို ထိခိုက်ပျက်စီးစေပါတယ်။ ဒါ့အပြင် အိပ်ရေးပျက်တာတွေ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကလဲ အသားအရေပေါ်မှာ အဖုအပိမ့်တွေထွက်လာစေကာ ပိုဆိုးတဲ့ အသားအရေပြသနာတွေကို ဖြစ်လာစေနိုင်တာမို့ သတိပြုနေထိုင်သင့်ပါတယ်။

၉။ Facial cleansing wipe

ခပ်ကြမ်းကြမ်းမျက်နှာသုတ်ပုဝါတွေနဲ့ မျက်နှာကို ပွတ်မယ့်အစား နူးညံ့တဲ့ facial wipes လေးတွေကိုသုံးပြီး မျက်နှာကို ပုတ်ပေးပါ။

၁၀။ ခန္ဓာကိုယ်အနှံ့က အသားအရေကို ထိန်းသိမ်းပါ

အသားအရေထိန်းသိမ်းတာက မျက်နှာပြင်တစ်ခုထဲနဲ့ မလုံလောက်ပါဘူးနော်။ ခန္ဓာကိုယ်တစ်ခုလုံးကိုပါ ဂရုစိုက်ထိန်းသိမ်းဖို့ လိုပါတယ်။ အသားအရေလေး နူးညံ့ပြီး ပျော့ပျောင်းစေဖို့အတွက် အရည်အသွေးကောင်းမွန်ပြီး ကိုယ့်အသားအရေနဲ့ အဆင်ပြေတဲ့ ရေချိုးဆပ်ပြာရည်နဲ့ အလှဆီတွေကို သုံးပေးပါ။

၁၁။ အလှကုန်ပစ္စည်းတွေကို သေချာရွေးချယ်ပါ

အနံ့မပါတဲ့ “Fragrance free” အလှကုန်တွေကိုသာ ဖြစ်နိုင်ရင် အသုံးပြုတာကောင်းပါတယ်။ ဘာလို့လဲဆိုတော့ သင်းရနံ့ပါဝင်တဲ့ အလှကုန်တွေက အသားအရေနဲ့ ဓာတ်မတည့်တာမျိုးတွေ ဖြစ်စေနိုင်လို့ပါ။ “No artificial colors” လို့ရေးသားထားတဲ့ အလှကုန်တွေကို အသုံးပြုသင့်ပါတယ်။

၁၂။ စိတ်ချရမှ သုံးပါ

အရေးကြီးတဲ့ ပွဲ၊ အခမ်းအနားတွေသွားခါနီးမှာ ဘယ်တော့မှ ကိုယ်နဲ့မရင်းနှီးတဲ့ အသုံးမပြုဖူးတဲ့ အလှကုန်သစ်တစ်ခုကို စမ်းပြီးမသုံးကြည့်ပါနဲ့။ အသားအရေနဲ့ မတည့်ဘူးဆိုရင် ကိုယ်ပြင်ဆင်ထားရသမျှ အလကားဖြစ်သွားပါလိမ့်မယ်။ ပြီးတော့ အသားအရေကိုလဲ ထိခိုက်စေနိုင်ပါတယ်။ သုံးနေကြ ကိုယ့်အသားအရေနဲ့ အဆင်ပြေတဲ့ အလှကုန်၊ ဒါမှမဟုတ် အရေပြားအထူးကုဆရာဝန်က ညွှန်ကြားထားတဲ့ အလှကုန်ကိုသာ သုံးရင်းစွဲအသုံးပြုပါ။

၁၃။ Mild cleansing agents

ဓာတုပစ္စည်းတွေပါဝင်တဲ့ ဆပ်ပြာနဲ့ မျက်နှာသစ်ဆေးတွေကို အသုံးပြုတာက အသားအရေကို ခြောက်သွေ့ကာ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ၎င်းတို့အစား Mild hypoallergenic cleaners တွေကိုအသုံးပြုတာက ပိုမိုသင့်တော်ပါတယ်။

၁၄။ Toner

အရက်ပြန်ပါဝင်တဲ့ တိုနာတွေကို မသုံးပါနဲ့။ ထိရောက်တဲ့ တိုနာကတော့ သန့်စင်တဲ့ ဝါဂွမ်းဖတ်ကို သုံးပြီး လတ်ဆတ်တဲ့နှင်းဆီရေနဲ့ မျက်နှာပြင်အနှံ့ တို့ထိသုတ်ပေးတာပဲ ဖြစ်ပါတယ်။

၁၅။ ရေများများသောက်ပါ

အလွယ်ဆုံးနဲ့ အရေးကြီးဆုံးပါပဲ။ နေ့စဉ်ရေများများသောက်ပေးပါ။ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ပြည့်ဝနေတာက အသားအရေကို လှပစိုပြည်စေပြီး တောက်ပစေပါတယ်။

အခုပြောပြပေးသွားတဲ့ အချက်တွေကို ကောင်းမွန်စွာ လိုက်နာမယ်ဆိုရင်တော့ စိုပြည်လှပတဲ့ အသားအရေလေးကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

Source: “Must know beauty tips for sensitive skin,”stylecraze.com မှဘာသာပြန်ဖော်ပြထားပါသည်။
ပုံကိုအွန်လိုင်းမှကူးယူဖော်ပြထားပါသည်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။