ပိန္ဒဲသီးစားခြင်းရဲ့အကျိုးကျေးဇူးများ

ပိန္ဒဲသီးမှာ ကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရရှိုနိင်ပြီး ကယ်လိုရီ ပါဝင်မှုနည်းပါးပါတယ်။ အာဟာရဖြစ်စေတဲ့ဓာတ်တွေအများကြီးပါဝင်ပါတယ်။ ပိန္ဒဲသီးအစေ့မှာလည်း အာဟာရဓာတ်များစွာပါဝင်ပါတယ်။


အမျှင်ဓာတ်ပါဝင်ပါတယ်။
လေ့လာချက်တွေအရ ပိန္ဒဲသီးမှာ soluble နဲ့ insoluble fiber ကြွယ်ဝစွာပါဝင်ပါတယ်။ အမျှင်ဓာတ်နဲ့ laxative အစွမ်းသတ္တိတွေကြောင့် အူထဲမှာ အစားအစာတွေကို ချောမွေ့စွာသယ်ယူပို့ဆောင်ပေးနုငိပါတယ်။ အဲဒါကြောင့် အစာခြေစနစ်ကိုကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အူလမ်းကြောင်းကိုလည်း သန့်ရှင်းစေပါတယ်။

ဆီးချိုသမားများအတွက်အဆင်ပြေစေပါတယ်။
fructose နဲ့ sucrose သကြားဓာတ်ပါဝင်မှုကြောင့် ခန္ဓာကိုယ်မှာ အစာကြေလွယ်စေပါတယ်။ စွမ်းအင်တွေထုတ်လုပ်ဖို့ ကူညီပေးနိုင်ပါတယ်။ အားလုံးခြုံကြည့်လျှင် glycemic index နည်းပါးမှုကြောင့်
သွေးထဲကသကြားဓာတ်ကိုထိန်းညှိုပေးတဲ့အတွက် ဆီးချိုသမားတွေအတွက် အဆင်ပြေစေပါတယ်။

အမြင်အာရုံကောင်းမွန်စေပါတယ်။
Flavonoids ၊ phenols နဲ့ အခြား antioxidant compounds တွေပါဝင်မှုကြောင့် မျက်လုံးကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါတယ်။ ဗီတာမင်အေ ပါဝင်မှုကြောင့် အသက်အရွယ်ကြောင့်မျက်လုံးအာရုံချို့တဲ့ခြင်း၊ အတွင်းတိမ်ဖြစ်ခြင်းကဲ့သလို့ ရောဂါတွေကို သက်သာစေနိုင်ပါတယ်။ ခုခံအားကောင်းစေပါတယ်။ အာရုံကြောလုပ်ဆောင်ချက်တွေကိုလည်း ထိန်းသိမ်းပေးနိုင်ပါတယ်။

ဗီတာမင်စီကြွယ်ဝစွာပါဝင်ပါတယ်။
ပိန္ဒဲသီးမှာ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်ပါတယ်။ ရောဂါပိုးမွှားတွေကူးစက်မှုဒဏ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီက သွေးထဲကသွေးဖြူဥတွေရဲ့လုပ်ဆောင်မှု့ကိုလည်း အထောက်အကူဖြစ်စေပါယတ်။ အဲဒါကြောင့် ခုခံအားစနစ်ကိုပိုကောင်းစေပါတယ်။ phytonutrients တွေပါဝင်မှုကြောင့်လည်း ရောဂါတွေကို ဆန့်ကျင်နိုင်ပါတယ်။ isoflavones နဲ့ saponins ပါဝင်တာကြောင့် ကင်ဆာရောဂါဖြစ်ပွားမှုအန္တရာယ်နဲ့ အိုမင်းရင့်ရော်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

နှလုံးကျန်းမာရေးကိုကောင်းမွန်စေပါတယ်။
သွေးထဲက ဆိုဒီယမ်ပမာဏနဲ့ သွေးဖိအားကို ထိန်းညှိုပေးနိုင်တဲ့ ပိုတက်ဆီမ်ပါဝင်ပါတယ်။ အဲဒါကြောင့် ခန္ဓာကိုယ်မှာ ပိုတက်ဆီယမ်ချို့တဲ့ခြင်းမဖြစ်စေပါဘူး။ နှလုံးဆိုင်ရာသွေးကြောတွေ ပျက်စီးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အဲဒါကြောင့် နှလုံးရောဂါဖြစ်ပွားခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ပိုတက်ဆီယမ်က ကြွက်သားတွေရဲ့လုပ်ဆောင်ချက်ကိုလည်း ထိန်းသိမ်းပေးနိုင်ပါတယ်။ သွေးဖိအားကိုလည်း ပုံမှန်ဖြစ်အောင် ထိန်းပေးနိုင်ပါတယ်။
https://www.powerofpositivity.com/what-happens-when-you-e…/… လင့်မှာဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။