ညအိပ်ရာဝင်ချိန်မှာ ပျားရည်ဖြင့် ပြုလုပ်နိုင်တဲ့ အလှအပအတွက် အသုံးဝင်တဲ့နည်းလမ်းများ

ပျားရည်ကို သင့်ဆံသားနဲ့အရေပြား အလှအပထိန်းသိမ်းဖို့အတွက် မတူညီတဲ့နည်းလမ်းပေါင်းများစွာနဲ့ အသုံးပြုနိုင်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ညဘက်မှာပြုလုပ်နိုင်တဲ့ အလှအပဆိုင်ရာပြုပြင်ထိန်းသိမ်းနိုင်မယ့် နည်းလမ်းတွေဖြစ်ပါတယ်။ ပျားရည်ကိုအသုံးပြုခြင်းက သင့်ရဲ့အရေပြားတောက်ပစေပြီး သင့်ရဲ့ဆံသားတွေကိုလည်း လှပစေနိုင်ပါတယ်။ ပျားရည်က အရေပြားကို အစိုဓာတ်ထိန်းပေးဖို့ အသုံးဝင်ပြီး အရေပြားကိုချောမွတ်စေနိုင်ပါတယ်။


နှုတ်ခမ်းခြောက်သွေ့ခြင်း - အိပ်ရာမဝင်ခင် ပျားရည်ဖြင့် သင့်နှုတ်ခမ်းကို ခပ်ပါးပါးသုတ်လိမ်းပေးခြင်းက အိပ်ရာထချိန်မှာ သင့်နှုတ်ခမ်းသားကို ပျော့ပျောင်းနူးညံ့နေစေပါတယ်။ ချောမွေ့စေပါတယ်။ သင့်နှုတ်ခမ်းအစိုဓာတ်ပြန်လည်ပြည့်ဝစေဖို့ ပျားရည်ဖြင့် ထိန်းသိမ်းနိုင်ပါတယ်။

ဆံသားအဖျားနှစ်ခွဖြစ်ခြင်း - ပျားရည်ကိုအသုံးပြုပြီး သင့်ဆံသားအဖျားနှစ်ခွဖြစ်ခြင်းကို ဖြေရှင်းနိုင်ပါတယ်။ သံလွင်ဆီနှစ်ဇွန်းခန့်ကို ပျားရည်တစ်ဇွန်းနဲ့ရောသမပြီး သင့်ဆံသားအဖျားတွေကို သုတ်လိမ်းပေးခြင်းက သင့်ဆံသားတွေ ခြောက်သွေ့ပြီး အက်ကွဲကာ အဖျားနှစ်ခွဖြစ်ခြင်းကို သက်သာစေနိုင်ပါတယ်။

ဝက်ခြံထွက်ခြင်း - ပျားရည်မှာ antibacterial ဓာတ်နဲ့ antifungal အစွမ်းသတ္တိတွေရှိတဲ့အတွက်ကြောင့် ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး မှိုတွေကပ်ပါးတွေပေါက်ဖွားခြင်းမှလည်း ကာကွယ်နိုင်ပါတယ်။ ပျားရည်မှာပါတဲ့ အင်ဇီုင်းလ်တွေကြောင့် အရေပြားကို သန့်စင်စေပြီး ချွေးပေါက်တွေကို ကျဉ်းစေပြီး သန့်စင်စေပါတယ်။ ညအချိန်မှာ ဂွမ်းစလေးသုံးပြီး ပျားရည်ဆွတ်ကာ ဝက်ခြံတစ်ဝိုက်ကို သုတ်လိမ်းပြီး ညအိပ်လိုက်ပါ။ မနက်အချိန်မှ ရေနဲ့ဆေးကြောသန့်ရှင်းလိုက်တဲ့အခါ ဝက်ခြံကို ခြောက်ကပ်သွားစေတာတွေ့နိုင်ပါတယ်။

အစိုဓာတ်ထိန်းပေးခြင်း - ပျားရည်က သဘာဝအရ အစိုဓာတ်ထိန်းနိုင်ပါတယ်။ အရေပြားအစိုဓာတ်ကို ထိန်းထားနိုင်ပါတယ်။ ရေဓာတ်ပြည့်ဝနေစေပါတယ်။ အရေပြားတောက်ပနေစေဖို့အတွက် သင့်ရဲ့ညလိမ်းခရမ်ထဲကို ပျားရည်အနည်းငယ်ရောထည့်ခြင်း ဒါမှမဟုတ် ရှားစောင်းလက်ပတ်ဂျယ်ထဲကို ထည့်ပြီး သင့်အရေပြားကို ညမအိပ်မီ လိမ်းကျံထားနိုင်ပါတယ်။ ဝက်ခြံတွေ၊ အနီစက်တွေကို လျော့ကျစေနိုင်ပြီး ရောင်ရမ်းနေတာတွေကို သက်သာစေနိုင်ပါတယ်။

ဆားဝက်ခြံနဲ့ အမည်းစက်များ ကုသခြင်း - သံပုရာသီးက သင့်ရဲ့ ဆားဝက်ခြံတွေနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ပျားရည်နဲ့ သံပုရည်ဇွန်းတစ်ဝက်ခန့်ကိုရောမွေပါ။ ဆားဝက်ခြံနဲ့ အမည်းစက်ရှိတဲ့နေရာတွေကို ညမအိပ်မီ လိမ်းပေးပါ။ သင့်ရဲ့ အမည်းစက်တွေနဲ့ ဆားဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။

ဆံသားတောက်ပြောင်စေခြင်း - ပျားရည်မှာပါဝင်တဲ့ အင်ဇိုင်းလ်တွေက ဆံပင်အရောင်းကို ပိုပြီးတောက်ပြောင်စေပါတယ်။ ချာမိုမိုင်းလ်တီး (chamomile tea) ခြောက်ဇွန်းနဲ့ ပျားရည်တစ်ဇွန်းရောသမပြီး သင့်ဆံသားပေါ် ဖျန်းပေးပါ။ ပြီးရင် တဘက် သိုမဟုတ် ပလပ်စတစ်ခေါင်းပေါင်းတစ်ခုခုဖြင့် သင့်ဆံပင်ကို ခဏပေါင်းထားလိုက်ပါ။ နောက်နေ့မှာ ခေါင်းလျှော်ချလိုက်ပါ။ သင့်ဆံသားတွေ အရင်ကထက်ပိုပြီး တောက်ပြောင်လာပါလိမ့်မယ်။

အမာရွတ်များ ပျောက်စေခြင်း - ပျားရည်က အရေပြားကိုတောက်ပစေနိုင်တဲ့ အစွမ်းရှိပါတယ်။ ရောင်ရမ်းခြင်းတွေကို သက်သာစေနိုင်ပြီး ပိုးသေစေနိုင်တဲ့အတွက် အမာရွတ်ကျန်ခဲ့ခြင်းကို သက်သာစေနိုင်ပါတယ်။ ညအိပ်ရာမဝင်မီ အမာရွတ်ပေါ် ပျားရည်ကိုသုတ်လိမ်းပေးပါ။ သင့်အရေပြားကို ပိုပြီးနုပျိုလာစေနိုင်ပြီး ဝက်ခြံကြောင့်ဖြစ်တတ်တဲ့အမာရွတ်တွေကို သက်ာသာစေပါတယ်။ နေ့စဉ်လို ဝက်ခြံကြောင့်ဖြစ်တဲ့အမာရွတ်ပေါ် ဂွမ်းစလေးဖြင့် သုတ်လိမ်းပေးခြင်းဖြင့် အမာရွတ်တွေ လျော့ပါးလာတာကို တွေ့မြင်ရမှာပါ။

အရမ်းလွယ်တဲ့နည်းလမ်းလေးတွေကို ဖော်ပြပေးထားတာမို့ အားလုံးလည်း လုပ်ကြည့်ပြီး ဆံသားနဲ့အရေပြားကို ထိန်းသိမ်းနိုင်ကြမှာပါ။
http://theindianspot.com/overnight-beauty-with-honey/ လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။