ဒန့်ဒလွန်ရွက်ရဲ့ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ

ဒန့်ဒလွန်ရွက်မှာ အာဟာရပြည့်ဝပြီး အရသာရှိတဲ့အရွက်တစ်မျိုးဖြစ်ပါတယ်။ အသီးကော အရွက်ပါ အာဟာရပြည့်ဝပြီး ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေအများကြီးရနိုင်ပါတယ်။ ဗီတာမင်အေ၊ ဘီဆစ်၊ စီ၊ ပိုတက်ဆီယမ်၊ ကယ်လဆီယမ်၊ ဖော့စဖောရတ်၊ မဂ္ဂနီဆီယမ်၊ ဖောလိတ်စတဲ့အာဟာရဓာတ်တွေပါဝင်ပါတယ်။


၁) ဦးနှောက်လုပ်ဆောင်ချက်ကို မြင့်တင်ပေးပါတယ်။
ဗီတာမင်စီနဲ့အီး ပါဝင်မှုကြောင့် အာရုံကြောစနစ်ကိုလှုံ့ဆော်ပေးနိုင်ပါတယ်။ အသက်အရွယ်ကြီးသူတွေအတွက်သင့်တော်ပါတယ်။ အင်ဇိုင်းမားရောဂါဖြစ်ပွားမှုအန္တရာယ်ကိုယ်လျော့နည်းစေပါတယ်။ သတိမေ့ရောဂါကို သက်သာစေနိုင်ပါတယ်။

၂) အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။
အူထဲက လုပ်ဆောင်ချက်တွေကို မြင့်တင်ပေးနိုင်ပါတယ်။ အမျှင်ဓာတ်က အစာကြေစေပြီး အစာအိမ်မှာ ပိုလျှံနေတဲ့အက်စစ်ဓာတ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အဲဒါကြောင့် အစာခြေစနစ်ကောင်းမွန်စေပါတယ်။

၃) အဆိပ်အတောက်ကင်းစေပါတယ်။
ခန္ဓာကိုယ်တွင်းကို သန့်စင်ပေးနိုင်တဲ့ antioxidants တွေနဲ့ ဗီတာမင်တွေပါဝင်မှုကြောင့် ကျန်းမာရေးဆိုင်ရာအကျိုးများစေပြီး အစာအိမ်အဆိပ်သင့်ခြင်းကို သက်သာစေနိုင်ပါတယ်။

၄) ရောင်ရမ်းခြင်းကိုလျော့ကျစေပါတယ်။
Alkaloids ဓာတ်ပါဝင်မှုကြောင့် ဘက်တီးရီးယာတွေကို သေစေပြီ အပူလောင်ခြင်း၊ ထိခိုက်ရှနာတွေကို ကုသပေးနိုင်ပါတယ်။

၅) ဆီးချိုရောဂါကိုထိန်းညှိပေးနိုင်ပါတယ်။
ascorbic acid ပါဝင်တာကြောင့် အင်ဆူလင်ဖြစ်ပေါ်ခြင်းကို တိုးမြင့်ပေးနိုင်ပါတယ်။ သွေးထဲက သကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်တာကြောင့် ဆီးချိုရောဂါဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၆) Antioxidant တွေ ပါဝင်ပါတယ်။
လေ့လာမှုတွေအရ မတူညီတဲ့ Antioxidant များစွာပါဝင်မှုကြောင့် သင့်ခန္ဓာကိုယ်တွင်းကို သန့်စင်စေပြီး အဆိပ်အတောက်ဖယ်ရှားပေးနိုင်ပါတယ်။ သွေးကိုသန့်စင်စေပြီး အသည်းကိုကျန်းမာစေပါတယ်။

၇) အိပ်မပျော်ခြင်းကိုသက်သာစေပါတယ်။
မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ်ဓာတ် Tryptophan ပါဝင်မှုကြောင့် အိပ်စက်ခြင်းသံသရာကို ပုံမှန်ဖြစ်စေပါတယ်။ အမိုင်နိုအက်ဆစ်က ပျော်ရွှင်စေတဲ့ဟော်မုန်းတွေထုတ်လုပ်ခြင်းကို မြင့်တင်ပေးနိုင်ပါတယ်။

၈) စွမ်းအင်တိုးစေပါတယ်။
ကာဗွန်ဟိုက်ဒရိတ်ပါဝင်မှုကြောင့် သင့်စွမ်းအင်ပမာဏကို စီမံပေးနိုင်ပြီး မဂ္ဂနီဆီယမ်နဲ့ သံဓာတ်ပမာဏများစွာပါဝင်မှုကြောင့် မောပန်းလွယ်ခြင်း၊ ခြေကုန်လက်ပန်းကျခြင်းတွေကို သက်သာစေပါတယ်။

၉) ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။
ဝက်ခြံထွက်လို့စိတ်ညစ်နေတယ်ဆိုရင် အေးဆေးမေ့ထားလိုက်နိုင်ပါပြီ။ ဒန့်ဒလွန်ရွက်က ဝက်ခြံကိုကုသနိုင်ပြီး ရောင်ရမ်းခြင်းကို လျော့ကျစေနိုင်ပါတယ်။

၁၀) ဝိတ်ကျစေနိုင်ပါတယ်။
အမျှင်ဓာတ်ကြွယ်ဝတာကြောင့် သင့်ကိုအချိန်အတန်ကြာအောင် ဗိုက်ပြည့်နေစေပါတယ်။ chlorogenic acid ပါဝင်မှုကြောင့် ပိုလျှံနေတဲ့အဆီတွေကို လောင်ကျွမ်းစေပါတယ်။ အဲဒါကြောင့် အဆီပိုတွေကို လောင်ကျွမ်းစေပြီး ဝိတ်ကိုထိန်းထားနိုင်ပါတယ်။
https://m.dailyhunt.in/news/india/english/careguru+english-epaper-creguru/10+benefits+of+drumstick+leaves+you+should+know-newsid-78408082 လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။