ထန်းသီးနုနုလေးစားခြင်းရဲ့ကောင်းကျိုးများ

ထန်းသီးကို Palmyra fruit လို့ခေါ်သလို sugar palm fruits လို့လည်းခေါ်ကြပါတယ်။ ထန်းသီးမှာ ဗီတာမင်နဲ့သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ vitamins B နဲ့ C ၊ iron ၊ zinc ၊ potassium ၊ calcium ၊ phosphorus ၊ thiamine နဲ့ riboflavin.အစရှိတဲ့ အာဟာရဓာတ်တွေပါဝင်ပါတယ်။ ထန်းသီးမှာ အရေပြားရောင်ရမ်းခြင်းပြဿနာကို လျှော့ကျစေခြင်း၊ အနီစက်တွေလျှော့ကျစေခြင်း၊ စတဲ့အကျိုးတွေရှိတဲ့အပြင် အခြားကျန်းမာရေးပြဿနာတွေကိုလည်း ဖြေရှင်းနိုင်ပါသေးတယ်။


၁) အစာခြေလမ်းကြောင်းပြဿနာတွေကို သက်သာစေခြင်း
အစာခြေလမ်းကြောင်းဆိုင်ရာပြဿနာတွေကို သက်သာစေပါတယ်။ ဝမ်းချုပ်ခြင်းကိုသက်သာစေပြီး အူမကြီးလုပ်ဆောင်ချက်ကို ကောင်းမွန်စေပါတယ်။ အစာအိမ်နာခြင်း၊ အက်ဆစ်တွေထွက်ခြင်းကိုလည်း ကူညီနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်အော့အန်ခြင်းကိုလည်း သက်သာစေပါတယ်။

၂) အရေပြားပြဿနာတွေကို ကူညီနိုင်ခြင်း
နွေရာသီ အရေပြားမှာဖြစ်တတ်တဲ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ အနီစက်ထွက်ခြင်းတွေကိုလည်း သက်သာစေပြီး အရေပြားမှာ နီရဲရောင်ရမ်းခြင်းကိုသက်သာစေပါတယ်။

၃) ခန္ဓာကိုယ်ကိုအေးမြစေခြင်း
သဘာဝရေဓာတ်ပြည့်ဝတဲ့အသီးဖြစ်တာကြောင့်နွေရာသီမှာခန္ဓာကိုယ်ကိုအေးမြစေပါတယ်။ အဲဒါကြောင့်အပူဒဏ်ကြောင့် အရေပြားအပူဖုထွက်ခြင်း၊ အနီစက်ထွက်ခြင်းတွေကို သက်သာစေပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်း၊ အရေပြားခြောက်သွေ့အက်ကွဲခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းနဲ့ ဆံပင်ကျွတ်ခြင်းတွေကိုလည်း သက်သောစပါတယ်။ ရေငတ်ခြင်းကိုလည်း သက်သာစေပါတယ်။

၄) ဝိတ်ကျဖို့ကူညီနိုင်ခြင်း
ကယ်လိုရီနည်းပါးတာကြောင့် ခန္ဓာကိုယ်ကိုဝိတ်ကျဖို့ကူညီနိုင်ပါတယ်။ရေဓာတ်ကြွယ်ဝတာကြောင့် အစာအိမ်ကိုလည်း ပြည့်နေစေပါတယ်။ မကြာခဏအစာစားခြင်း၊ ဗိုက်ဆာခြင်းမဖြစ်စေတော့ဘဲ ဝိတ်ကိုထိန်းပေးနိုင်ပါတယ်။

၅) Migraines ခေါင်းကိုက်ခြင်းကိုသက်သာစေခြင်း
Migraines ခေါင်းတခြမ်းကိုက်ခြင်းနဲ့ ခေါင်းကိုက်ရောဂါတော်တော်များများကို သက်သာစေတဲ့သဘာဝဆေးဖြစ်ပါတယ်။

၆) ဆီးချိုရောဂါကို ကာကွယ်နိုင်ခြင်း
သကြားဓာတ်ပါဝင်မှုနည်းလွန်းတာကြောင့် ဆီးချိုရောဂါဖြစ်ပွားမှုကို လျှော့ကျစေပါတယ်။ သွေးထဲကသကြားဓာတ်ကိုလည်းလျော့ကျစေပါတယ်။

၇) အိမ်သုံးဆေးဘက်ဝင်ခြင်း
သံကောင်ကြောင့် ပျို့အန်ခြင်း၊ အော့အန်ခြင်းတွေကိုလည်း ကုသနိုင်ပါတယ်။ အသည်းမှာ အဆိပ်အတောက်ဖြစ်စေခြင်းအတွက်လည်း စားပေးနိုင်ပါတယ်။ အရေပြားရောင်ရမ်းခြင်းအတွက်လည်း ကူညီပေးနိုင်ပါတယ်။

၈) phyto chemicals များပါဝင်ခြင်း
phyto chemicals အာဟာရဓာတ်များပါဝင်ခြင်းကြောင့် ရောင်ရမ်းမှုကိုလျော့ကျစေပါတယ်။ antioxidant ပါဝင်မှုကြောင့် အရွယ်မတိုင်ခင်ဖြစ်တတ်တဲ့ အရေပြားပြဿနာနဲ့ ကျန်းမာရေးပြဿနာတွေ၊ နှလုံး၊ ကင်ဆာရောဂါတွေဖြစ်ပွားနိုင်ချေကိုလည်း လျော့ကျစေပါတယ်။
https://www.healthbenefitstimes.com/palmyra-fruit/ လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။