နှစ်သစ်အတွက် ပြင်ဆင်ထားသင့်သောအကောင်းဆုံး ခံယူချက်များ
မကြာခင်မှာပဲ နှစ်ဟောင်းကုန်ဆုံးလို့ နှစ်သစ်တစ်ခုကို အစပြုရတော့မှာဖြစ်ပါတယ်။ အဲဒီလိုအချိန်မှာ ကိုယ့်ကိုယ်ကိုယ်ဘာတွေပြန်သုံးသပ်ဖြစ်သလဲ၊ ဘာတွေပြန်ပြီး စီစဥ်ဖြစ်လဲ၊ ဒါမှမဟုတ် ကိုယ်စီမံထားခဲ့တာတွေဖြစ်လာခဲ့ရဲ့လား။ ဒီနှစ်ကတော့ လူတိုင်းနီးပါး လူမှုရေး၊ စိးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အဖက်ဖက်ကနေ အထိနာကြတဲ့နစ်လို့ပြောရမယ်ထင်ပါတယ်။ ဒါပေမယ့်လည်း ကိုယ်တစ်ယောက် အခုချိန်ထိ လုပ်ချင်တာတွေကို ပြန်ပြီး သေချာစီမံကိန်းချနိုင်နေသေးတာကိုက ပြန်လည်အောင်မြင်နိုင်ဖို့ ခွန်အားအဖြစ် မှတ်ယူရမှာပါပဲ။ အရင်နှစ်ဟောင်းမှာဘာတွေဘယ်လို လုပ်မယ်လို့ရည်မှန်းပြီး ဖြစ်လာခဲ့သည်ဖြစ်စေ၊ မဖြစ်လာခဲ့သည်ဖြစ်စေ၊ အခုရောက်လာမယ့်နှစ်သစ်မှာတော့ စီမံကိန်းအသစ်တွေနဲ့ ပိုထိရောက်တဲ့ ကြိုးစားမှုနဲ့ အခုနှစ်ဟောင်းမှာ မဖြစ်မြောက်ခဲ့တာတွေကို နှစ်သစ်မှာ ပိုပြီး နှစ်ဆထိရောက်အောင်မြင်အောင်လုပ်ဖို့ အောက်ပါစိတ်ထားလေးတွေမွေးဖို့ လိုအပ်ပါတယ်။
၁) မရနိုင်တော့တာတွေအတွက် စိတ်သောကရောက်နေခြင်းဟာ အချိန်ပိုကုန်ပါတယ်။ အခုချိန်ကစပြီး လုပ်နိုင်တာကိုသာ အကောင်းဆုံးလုပ်ပါ။ ဒီစိတ်ထားကို နှစ်စမှာကတည်းက စွဲနေအောင်မှတ်ထားပြီးနှစ်သစ်မှာ ၂ ဆပိုကြိုးစားရမှာဖြစ်ပါတယ်။ မရနိုင်တော့တာတွေအတွက် တွေးလေလေ အချိန်ကုန်ပြီး အခုလက်ရှိလုပ်သင့်တဲ့အချက်တွေကို မလုပ်နိုင်ဘဲ ပိုပြီး စိတ်ဖိစီးရပါလိမ့်မယ်။
နောက်တစ်ပုံ၂) နာကျင်ခဲ့သမျှ ထားခဲ့မယ်၊ ခုလက်ရှိအချိန်ကနေစပြီး ပိုပျော်ဖို့ အာရုံစိုက်ပါ။ နှစ်ဟောင်းမှာတုန်းက နာကျင်သမျှကို ခံစားကြေကွဲရင်းအချိန်ကုန်ခဲ့တယ်ဆိုရင် အားလုံးကို ထားခဲ့လိုက်ပါတော့။ နာကျင်မှုတွေက ချက်ချင်း မကုစားနိုင်ဘူးဆိုတာမှန်ပေမယ့် ရင်ထဲမှာသာ သိမ်းထားပြီး လက်ရှိအချိန်မှာ ပိုပျော်ရွှင်ဖို့ရယ်၊ ကိုယ့်ကိုယ်ကိုယ်ပိုကြိုးစားမယ့်အရာတွေအတွက် အစီအစဥ်ချပြီး အကောင်းဆုံးပြင်ဆင်လိုက်ပါတော့နော်။
နောက်တစ်ပုံ၃) မဖြစ်မြောက်ခဲ့တဲ့ Plan ကိုထားခဲ့ပြီး၊ လက်ရှိကနေ နောက်ထပ်ဖြစ်နိုင်ချေရှိတဲ့ Plan အသစ်တွေဖြစ်လာဖို့အစွမ်းကုန်ကြိုစားပါ။ ဘာတွေက မဖြစ်မြောက်ခဲ့ဘူး၊ ဘာတွေကတော့ စတင်ခဲ့ပြီးသား၊ စသဖြင့် ကိုယ့်ကိုယ်ကိုယ်သုံးသပ်ပြီးရင် ရှေ့ဆက်သွားမယ့် အကောင်းဆုံးအစီအစဥ်ကိုသာ လက်ရှိအခြေအနေနဲ့ အကိုက်ညီဆုံးဖြစ်အောင် ဆက်စဥ်းစားပါ။ Plan ချပါ။ ၂ဆပိုကြိုးစားလိုက်ပါတော့။
နောက်တစ်ပုံ၄) ကိုယ့်ကိုယ်ကိုယ်ပိုချစ်ဖို့ကြိုးစားပါ။ ကိုဗစ်က အကောင်းဆုံးသင်ခန်းစာပါပဲ။ ဒီနှစ်ဟောင်းမှာ သင့်အတွက် ကိုဗစ်က အကောင်းဆုံးသင်ခန်းစာအဖြစ်မှတ်ယူပြီး သင်ခန်းစာကို ကောင်းကောင်းအသုံးချပါ။ ကျန်းမာရေးက နံပါတ်တစ်အရေးကြီးတယ်ဆိုတာ သင်နားလည်လာတဲ့နောက်တော့ သင်ဖြစ်ချင်တာတွေကို ပုံဖော်ဖို့ရာအတွက် သင့်ကျန်းမာရေးကို အထူးဂရုစိုက်ပြီး ကိုယ့်ကိုယ်ကိုယ်ပိုချစ်ခင်လိုက်ပါ။ သင့်ကိုယ်သင်ပိုချစ်တတ်လာလေလေ သင်လုပ်ချင်တာတွေကို ပိုပြီးအကောင်အထည်ဖော်လာနိုင်မှာပါ။
နောက်တစ်ပုံ၅) ဖြစ်လာသမျှကို အကေင်းဆုံးဖြစ်အောင် ရင်ဆိုင်ဖြတ်သန်းမယ်။ ဘာတွေပဲဖြစ်လာဖြစ်လာ အကောင်းဆုံးဖြစ်အောင် ရင်ဆိုင်ဖြတ်သန်းမယ်ဆိုတဲ့စိတ်က အောင်မြင်မှုအားလုံးရဲ့အခြေခံစိတ်ထားပါပဲ။ အဲဒါကြောင့် သင့်အတွက် ဒီစိတ်ထားကို ခိုင်မာစွာမွေးမြူထားဖို့လိုပါတယ်။ ဒါမှသာ ကိုယ်မမျှော်မှန်းထားသမျှတွေရော၊ မျှော်မှန်းထားသမျှတွေရော အားလုံးကို အဆင်ပြေအောင်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ အားလုံးလည်း နှစ်ဟောင်းက အဆင်မပြေမှုတွေ၊ မရေရာခြင်းတွေအားလုံးကိုထားနိုင်ဖို့ အကောင်းဆုံးစိတ်ထားတွေနဲ့ အကောင်းဆုံးအစီအစဥ်တွေကို ပြင်ဆင်ထားရင်း နှစ်သစ်မှာ ဖြစ်ချင်သမျှတွေကို ပုံဖော်နိုင်ကြပါစေနော်။