အသည်းအတွက်ကောင်းမွန်သောအစားအစာ ၁၁ မျိုး

အသည်းဟာ ကျန်းမာရေးအတွက် အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်ပါတယ်။ လူတစ်ယောက်က ျန်းမာဖို့ဆိုရင် အသည်းက ျန်းမာရေးကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အသည်းအတွက် ကောင်းမွန်တဲ့ အစားအစာ (၁၁) မ ျိုးကို ဖော်ပြပေးလိုက်ပါတယ်။


၁။ Coffee

ကော်ဖီက အသည်းထဲမှာရှိတဲ့ အင်တီအောက်ဆီဒင့် ပမာဏကို မြင့်တက်စေပြီးတော့ ယောင်ယမ်းမှုကို လေ ျာ့က ျစပါတယ်။ ဒါကြောင့် အသည်းအဆီဖုံးခြင်း၊ ကင်ဆာနဲ့ အသည်းရောဂါတွေဖြစ်နိုင်ခြေကို လေ ျာ့ခ ျပေးနိုင်ပါ
တယ်။

၂။ Tea

ရေနွေးကြမ်းသောက်သုံးခြင်းက အသည်းမှာရှိတဲ့ အင်ဇိုင်းနဲ့ အဆီပမာဏကို သင့်တင့်ကောင်းမွန်စေပါတယ်။ ဒါပေမယ့် ရေနွေးကြမ်းသောက်တဲ့အခါ လက်ဖက်ခြောက်ခပ်ရင်တော့ မှိုကင်းစင်မှု ရှိ၊ မရှိသတိထားဖို့လိုပါတယ်။

၃။ Grapefruit

စနစ်တက ျလေ့လာမှုတွေမပြုလုပ်ရသေးပေမယ့် ရှောက်ချိုသီးမှာလဲ အင်တီအောက်ဆီဒင့်တွေပါဝင်တာကြောင့် အသည်းယောင်ခြင်းကို လေ ျာ့ခ
ျပေးနိုင်ပြီး ကာကွယ်မှုကို ပိုမိုအားကောင်းစေတယ်လို့ ယူဆကြပါတယ်။

၄။ Blueberry and Cranberry

ဘယ်ရီသီးတွေမှာ အင်တီအောက်ဆီဒင့်များစွာပါဝင်တာမို့ အသည်းထိခိုက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။ အသည်းရဲ့ ခုခံအားစနစ်ကို တိုးတက်လာစေနိုင်ပါတယ်။

၅။ Grape

အထူးသဖြင့် အနီရောင်နဲ့ ခရမ်းရောင်ရှိတဲ့ စပ ျစ်သီးတွေဟာ အသည်းက
ျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်။ အသည်းထိခိုက်မှုကို ကာကွယ်ပေးနိုင်တယ်၊ အင်တီအောက်ဆီဒင့်ကို တိုးမြင့်စေတယ်၊ အသည်းယောင်ခြင်းကို လေ ျာ့က ျစေပါတယ်။

၆။ Prickly Pear

ရှားစောင်းပင် မ ျိုးစိတ်တစ်မ ျိုးကနေ သီးတဲ့ အခွံမှာဆူးလေးတွေပါတဲ့ အသီးတစ်မ ျိုးပါ။ အရက်ကြောင့် အသည်းထိခိုက်မှုကနေ ကာကွယ်ပေးနိုင်ပါတယ်။ အရက်နာက ျခြင်းကိုလဲ ပေ ျာက်ကင်းသက်သာစေပါတယ်။

၇။ Beetroot Juice

မုန်လာဥနီ (မြင်တွေ့နေကြ လိမ္မော်ရောင် မုန်လာဥနဲ့ မတူပါဘူး) ဖေ ျာ်ရည်ဟာလဲ အသည်းက ျန်းမာရေးကို ကောင်းမွန်စေပါတယ်။ အဆိပ်အတောက်တွေကို တိုက်ဖ ျက်ပေးနိုင်မယ့် အင်ဇိုင်းတွေကို တိုးမြင့်စေပါတယ်။

၈။ Cruciferous Vegetables

ပဲပင်ပေါက်၊ ပန်းဂေါ်ဖီစိမ်း နဲ့ ဆလပ်ရွက်လို ဟင်းသီးဟင်းရွက်တွေမှာ အသည်းရဲ့ အဆိပ်အတောက်ပြေစေတဲ့ အင်ဇိုင်းတွေကို တိုးပွားစေပါတယ်။ အသည်းထိခိုက်မှုကို ကာကွယ်ပေးပြီးတော့ အသည်းအင်ဇိုင်းတွေရဲ့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။

၉။ Nuts

အသည်းအဆီဖုံးသူတွေအနေနဲ့ အခွံမာသစ်သီးတွေ စားသုံးပေးခြင်းက အသည်းအင်ဇိုင်းတွေကို အားကောင်းစေပါတယ်။

၁၀။ Fatty Fish

Omega-3 ပါဝင်မှုများတဲ့ ငါးတွေကိုစားသုံးပေးခြင်းက အသည်းက ျန်းမာရေးကို မ ျားစွာအထောက်အကူပြုစေပါတယ်။Omega-6 နဲ့ Omega-3 ပမာဏကိုညီညွတ်မ ျှတအောင် စားသုံးပေးဖို့တော့ အရေးကြီးပါတယ်။

၁၁။ Olive Oil

လေ့လာတွေ့ရှိခ ျက်တွေအရ အိုလစ်ဆီဟာ အသည်းထဲက အဆီပမာဏကို လေ ျာ့က ျစေပါတယ်။ ပြီးတော့ သွေးလည်ပတ်မှုမြန်ဆန်စေကာ အသည်းအင်ဇိုင်းတွေကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။

? ( BaWa101 )

Source: “11 foods for you liver,” healthline.com
Photo Credit - Unknown Source from Internet

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။