"ကိုယ့်ကိုယ်ကိုယ်ပိုပြီးအကောင်းမြင်လာစေဖို့လုပ်သင့်တဲ့အချက် (၆) ချက်"

ကိုယ့်ကိုယ်ကိုယ်အကောင်းမြင်လာစေဖို့ဆိုတာက လူတစ်ယောက်ရဲ့ဘဝမှာ ရှင်သန်ရတာ ပျော်််််််််််ရွှင်ခြင်းမပျော်််််််််််််ရွှင်ခြင်းဆိုတဲ့အရာတွေဖြစ်လာဖို့အတွက်အရေးကြီီးပါတယ်။ ကိုယ့်ကိုယ်ကိုယ်အကောင်းမြင်နေတဲ့လူမှသာ ကိုယ့်ကိုယ်ကိုယ်ပိုချစ်တတ်မယ်၊ ကိုယ့်ဘဝကို ပိုချစ်မယ်၊ ကိုယ်ကိုယ်ကိုယ်ပိုဂရုစိုက်မယ်၊ စိတ်ချမ်းသာမယ်၊ အဲဒီ့အတွက် ကိုယ်ကျန်းမာမှုအားနည်းနေရင်တောင် နေပျော်််ပါလိမ့်မယ်။ အဲဒါကြောင့် ဘဝတစ်ခုလုံးအတွက်ကိုယ့်ကိုယ်ကိုယ်အကောင်းမြင်ခြင်းဟာ အင်မတန်အရေးကြီးပါတယ်.။ အဲဒါကြောင့် အောက်ပါအချက် ၆ချက်ကို လိုက်နာကြည့်လိုက်ပါ။ ကျင့်ယူကြည့်လိုက်ပါနော််။ ဘဝက စိတ်ပိုင်းဆိုင်ရာပြောင်းလဲခြင်းကနေ ဘဝကိုပါ အကောင်းဘက်ကိုအများကြီးပြောင်းလဲလာပါလိမ့်မယ်။


၁) ကိုယ့်ကိုယ်ကိုယ်အကောင်းမြင်တဲ့စကားမျိုးပဲပြောပါ။
ဥပမာ။ ငါလုပ်နိုင်ပါတယ်၊ ငါက မလှပေမယ့် အစွမ်းအစရှိတယ်လေ။ ငါကြိုးစားရင်ဖြစ်တာပေါ့့၊ ဖြစ်အောင်ကြိုးစားမယ်၊ ငါအောင်မြင်အောင်လုပ်နိုင်ခဲ့သားပဲ။

၂) ကိုယ့်စိတ်ကိုတက်ကြွလန်းဆန်းစေတဲ့သူတွေနဲ့သာပေါင်းသင်းပါ။
ဥပမာ၊ အမြဲတက်ကြွပျော်််််််််််််််ရွှင်ပြီး ဘဝကိုပျော်််််ပျော််််််််််််််နေတတ်သူတွေပေါ့။ စိတ်ညစ်နေရင်တောင် ရယ်စရာရှာကြံတွေးပြီးရယ်တတ်သူတွေ။

၃) ကိုယ်ကံကောင်းတဲ့ကောင်းကွက်ကိုရှာကြံတွေးပေးပါ။
ဥပမာ။ ကိုယ်ဆယ်တန်းမှာ အောင်မှတ်ကပ်လာခဲ့ပေမယ့် အောင်သွားတာကံကောင်းတာပဲလေဆိုတာမျိုး။ အလုပ်မရှိပေမယ့် ကျန်းမာနေသရွေ့အလုပ်အသစ်ရှာနိုင်တာမျိုး။

၄) ရည်မှန်းချက်အတွက်အမြဲကြိုးစားပါ။
ကိုယ့်ရည်မှန်းချက်ကို ဖြည်းဖြည်းချင်းအကောင်အထည်ဖော်််််နေပါ။ ချက်ချင်းမအောင်မြင်နိုင်ရင်တောင် မပုကြွယ်နဲ့ခရုငယ်လိုပေါ့။ အချိန်တစ်ခုအရောက်ှာအောင်မြင်ဖို့ ခုကတည်းက ကြိုတင်ပြင်ဆင်ကြိုးစားနေတာမျိုးက အောင်မြင်မှုအသေးလေးတွေရလာစေပြီး သင့်စိတ်ကို အကောင်းမြင်နိုင်လာစေပါတယ်။

၅) ကိုယ့်ကိုစိတ်ညစ်ညူးစေတဲ့ပတ်ဝန်းကျင်ကိုရှောင်ပါ။
ဥပမာ၊ အထင်သေးပြီး အပြစ်တင်ရှုံ့ချတဲ့ပတ်ဝန်းကျင်၊ အဆိုးမြင်တဲ့ပတ်ဝန်းကျင်၊ ကိုယ့်ကိုအကောင်းမပြောတဲ့ပတ်ဝန်းကျင်မျိုးကို ရှောင်လိုက်ပါ။

၆) ကိုယ်နှစ်သက်ပြီး စိတ်အပန်းပြေစေတဲ့ ဝါသနာပါရာလေးတွေလုပ်ဖို့ အချိန်သီးသန့်ပေးပါ။
ကိုယ်စိတ်ကို အပန်းပြေစေတဲ့ တခုခုကို တစ်နေ့တစ်ခါတော့့ လုပ်ကိုလုပ်ပါ။ ဥပမာ။ အပင်စိုက်တာ၊ တရားထိုင်တာ၊ ယောဂကျင့်တာ၊ ပုတီးစိပ်တာ၊ စာဖတ်တာ၊ သီချင်းနားထောင်တာ၊ ပန်းချီဆွဲတာ ၊ ကဗျာရေးတာပေါ့့။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။