နံနံပင်ရဲ့ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ

နံနံပင်က ခန္ဓာကိုယ်ရဲ့အဆိပ်အတောက်ဖြစ်စေတဲ့ပစ္စည်းတွေကို သန့်စင်ပေးနိုင်ပါတယ်။ သဘာဝအတိုင်းအဆိပ်ကင်းစင်စေတဲ့အစားအစာဖြစ်ပါတယ်။ နံနံပင်ရဲ့အရွက်တွေမှာပါဝင်တဲ့ ဓာတ်ပေါင်းတွေက အဆိပ်အတောက်ပစ္စည်းတွေမှ တစ်ရှုးတွေအပေါ်သက်ရောက်မှုကို ဖျက်ဆီးပစ်နိုင်ပါတယ်။ အဲဒါကြောင့် ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို သဘာဝအတိုင်းဖယ်ရှားပေးနိုင်တာဖြစ်ပါတယ်။


၁) Antioxidant တွေပါဝင်ပါတယ်။
နံနံပင်မှာ ခန္ဓာကိုယ်အတွက် စွမ်းအားပြည့်ဝတဲ့ antioxidant တွေပါဝင်ပါတယ်။

၂)နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။
နံနံပင်ကို စားသုံးခြင်းက နှလုံးသွေးကြောတွေပျက်စီးခြင်းမှ ကာကွယ်ပေးဖို့ အကူအညီပေးပါတယ်။

၃) စိတ်ခံစားချက်ကိုကောင်းမွန်စေပါတယ်။
နံနံပင်ကိုစားသုံးခြင်းကြောင့် စိတ်ခံစားချက်တွေကို ကောင်းမွန်စေပါတယ်။ စိတ်ဖိစီးခြင်း၊ စိတ်ရှု့ပ်ထွေးခြင်းတွေကို သက်သာစေပါတယ်။

၄) သွေးထဲက သကြားဓာတ်ပမာဏကို ပုံမှန်ဖြစ်စေပါတယ်။
အချို့သောလေ့လာချက်တွေအရ နံနံပင်ကိုစားသုံးခြင်းက သွေးထဲက သကြားဓာတ်ပမာဏကို ပုံမှန်ဖြစ်စေပါတယ်လို့ဖော်ပြထာကြပါတယ်။

၅) အိပ်ပျော်စေဖို့ အထောက်အကူဖြစ်စေပါတယ်။
ညအချိန်အိပ်စက်ခြင်းမှာ ကောင်းမွန်စွာအိပ်ပျော်စေဖို့ ကူညီပေးနိုင်ပါတယ်။

၆) ခန္ဓာကိုယ်တွင်းက ဆဲလ်တွေကို ကျန်းမာစေပါတယ်။
ခန္ဓာကိုယ်တွင်းမှာအောက်ဆီဂျင်မလုံလောက်ခြင်းကိုဖြစ်စေတဲ့ဖြစ်စဉ်ကို နည်းစေတဲ့အတွက် ခန္ဓာကိုယ်တွင်းက ဆဲလ်တွေအောက်ဆီဂျင်လုံလောက်မှုရစေပါတယ်။ အဲဒါကြောင့် ဆဲလ်တွေကိုကျန်းမာစေဖို့ အထောက်အကူဖြစ်စေပါတယ်။

၇) မှိုစွဲတဲ့ပြဿနာတွေကိုကူညီဖြေရှင်းပေးပါတယ်။
ဘရာဇီးနိုင်ငံရဲ့ The Dental School of Piracicaba ကျောင်းမှလေ့လာချက်အရ နံနံပင်က ရတဲ့အဆီမှာ အာခံတွင်းအတွင်းမှာဖြစ်စေတဲ့ မှိုတစ်မျိုးကို သက်သာစေတယ်လို့ဖော်ပြထားတာတွေ့ရပါတယ်။

၈) အန္တရာယ်ဖြစ်စေတဲ့ပစ္စည်းတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။
နံနံပင်မှာ အန္တရာယ်ဖြစ်စေတဲ့ပစ္စည်းတွေကို တိုက်ဖျက်နိုင်တဲ့ antioxidants တွေပါဝင်ပါတယ်။ အဲဒါကြောင့် ဆေးဖက်ဝင်အစားအစာဖြစ်တယ်လို့ ခေါ်ကြပါတယ်။

၉) ဦးနှောက်ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။
အာရုံကြောဆိုင်ရာကျန်းမာရေးကို အထောက်အကူဖြစ်စေပြီး ဦးနှောက်ထဲအောက်ဆီဂျင်ရရှိစေဖို့ အထောက်အကူပေးပါတယ်။

၁၀) ခန္ဓာကိုယ်ရဲ့အရည်တွေကို ထိန်းညှိုပေးနိုင်ပါတယ်။
နံနံစေ့မှာ ခန္ဓာကိုယ်ရဲ့အရည်တွေကို ပုံမှန်ဖြစ်အောင်ထိန်းညှိုပေးနိုင်ပြီး ဆီးသွားဖို့အကူအညီပေးပါတယ်။

၁၁) အရိုးကျန်းမာရေးကိုအထောက်အကူဖြစ်စေပါတယ်။
ဗီတာမင်ကေ ပါဝင်မှုက သင့်အရိုးတွေကိုသန်မာစေပြီး နံနံပင် ပမာဏအနည်းငယ်စားသုံးခြင်းကနေ ဗီတာမင်ကေ ရရှိနိုင်ပါတယ်။

၁၂) မျက်လုံးကျန်းမာစေတဲ့ အာဟာရဓာတ်တွေပါဝင်ပါတယ်။
ဗီတာမင်အေကဲ့သို့ အာဟာရဓာတ်တွေကြောင့် အမြင်အာရုံကောင်းမွန်စေပါတယ်။

၁၃) အစာခြေစနစ်ကို ကူညီပေးပါတယ်။
ပရော်ဖက်ဆာ James A. Duke (Ph.D) က "The CRC Handbook of Medicinal Herbs,"ဆိုတဲ့ဆေးဖက်ဝင်အပင်များစာရင်းမှာ ထည့်ရေးထားတာကိုတွေ့ရပါတယ်။ အစာခြေစနစ်ကိုအထောက်အကူပြုပါတယ်။ အရွက်ကို လက်ဖက်ရည်အဖြစ်ထည့်သွင်းသောက်သုံးသင့်ကြောင်း အကြံပေးထားပါတယ်။ သင့်အစာအိမ်မှာ အဆင်မပြေခြင်၊ သက်တောင့်သက်သာမရှိခြင်းတွေကို နံနံပင်အရွက်က ကူညီပေးပါတယ်။ အူမကြီးလုပ်ဆောင်ချက်တွေကိုလည်း ကောင်းမွန်စေဖို့ အထောက်အကူဖြစ်စေပါတယ်။
https://www.globalhealingcenter.com/natural-health/health-benefits-of-cilantro/လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။