နိုင်ငံတကာကုမ္ပဏီများမှအာဏာကြီးသောမိန်းမခေါင်းဆောင်များ

စီးပွားရေးနယ်ပယ်မှာ ယောကျ်ားသားတွေကြီးပဲ ဦးဆောင်နေတယ်လို့တော့ မထင်လိုက်လေနဲ့။ နိုင်ငံတကာ ကုမ္ပဏီတွေကို အောင်မြင်စွာ ဦးဆောင်နေတဲ့ ထိပ်ထိပ်ကြဲ အမျိုးသမီးစီးပွားရေးသမားတွေလဲ များစွာရှိပါတယ်။ Fortune ကရွေးချယ်ထားတဲ့ ၂၀၁၆ ခုနှစ် စီးပွားရေးနယ်ပယ်မှ ထိပ်တန်း အမျိုးသမီးခေါင်းဆောင် (၁၀) ဦးကို ရှာဖွေဖော်ပြပေးလိုက်ပါတယ်။ ၁။ Mary Barra (CEO and Chairman of GM) Fortune ရဲ့ထိပ်တန်းအမျိုးသမီးစီးပွားရေး ခေါင်းဆောင်များစာရင်းမှာ ၃ နှစ်ဆက်တိုင် ပထမနေရာမှာ ရပ်တည်နေတာကတော့ GM ကားကုမ္ပဏီရဲ့ CEO နဲ့ Chariman ဖြစ်တဲ့ Mary Barra ပဲဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်အတွင်းမှာဆိုရင် GM ရဲ့ဝင်ငွေကို 9% အထိမြင့်တက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါဟာ လတ်တလောနှစ်တွေအတွင်းမှာ ကုမ္ပဏီရဲ့ အရောင်းတိုးတက်မှုနှုန်း အမြင့်ဆုံး ဖြစ်ပါတယ်။ ၂။ Indra Nooyi (CEO and Chairman of PepsiCo) အာရှအမျိုးသမီးတွေဟာလဲ ထူးချွန်သူတွေဆိုတာ Pepsi ကုမ္ပဏီရဲ့ CEO နဲ့ Chairperson ဖြစ်တဲ့ Indra Nooyi ကသက်သေပါပဲ။ ကမ္ဘာ့အာဏာအရှိဆုံး အမျိုးသမီးများစာရင်းမှာ ၂၀၀၆ ခုနှစ်ထဲက ပါဝင်ခဲ့သူဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်အတွင်းမှာ Pepsi ကိုအမြတ်ငွေ 16% အထိတိုးမြင့်အောင် စွမ်းဆောင်ခဲ့ပါတယ်။ ၃။ Marillyn Hewson (CEO, Chairman and President of Lockheed Martin) Marillyn Hewson ဟာ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ လေယာဉ်တည်ဆောက်မှုဆိုင်ရာ လက်နက်ပစ္စည်းတွေထုတ်လုပ်လျက်ရှိတဲ့ Lockheed Martin ကိုဦးဆောင်နေသူဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ စတော့ဈေးကွက်ဟာ ပြီးခဲ့တဲ့နှစ်တွေမှာ 26% အထိမြင့်တက်လာခဲ့ပြီး ၂၀၁၆ ခုနှစ်အတွင်းမှာ ဝင်ငွေ 17% အထိမြင့်တက်လာအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ၄။ Ginni Rometty (CEO, Chairman and President of IBM) Ginni Rometty က ၂၀၁၁ ခုနှစ်မှာ နာမည်ကျော် IBM ကုမ္ပဏီရဲ့ CEO ဖြစ်လာခဲ့ပါတယ်။ ဝင်ငွေ $100 billion ကျော် ရာစုနှစ်သက်တမ်းရှိ နည်းပညာကုမ္ပဏီတစ်ခုကို ဦးဆောင်ခွင့်ရတဲ့ ပထမဆုံးအမျိုးသမီးစီးပွားရေးခေါင်းဆောင် တစ်ယောက်ပါ။ ၅။ Abigail Johnson (CEO and President of Fidelity Investments) ၂၀၁၆ ခုနှစ်မှာ Fidelity ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီရဲ့ Chairman နေရာကို သူမရဲ့ဖခင်ဆီက လွှဲပြောင်းရယူခဲ့တဲ့ Abigail Johnson ဟာ Fortune ရဲ့ ၂၀၁၆ ခုနှစ် ထိပ်တန်းအမျိုးသမီး စီးပွားရေးခေါင်းဆောင်များစာရင်းမှာ နံပါတ် ၅ နေရာမှ ပါဝင်လာခဲ့ပါတယ်။ ၆။ Sheryl Sandberg (COO of Facebook) ဒီနာမည်ကျော် Facebook ရဲ့ Chief Operating Officer ကတော့ အမျိုးသမီးစီးပွားရေးခေါင်းဆောင်တွေ အကြောင်းပြောတဲ့အခါ မပါမဖြစ်ပါပဲ။ Social Network’s board of directors အဖွဲ့ဝင်တစ်ဦးလဲ ဖြစ်ပါတယ်။ သူမရဲ့ခေါင်းဆောင်မှုအောက်မှာ ၂၀၁၆ ခုနှစ်အတွင်း Facebook ကြော်ငြာဝင်ငွေဟာ 57%, $26.9 billion အထိမြင့်တက်လာခဲ့ပါတယ်။ ၇။ Meg Whitman (CEO and President of Hewlett Packard Enterprise) eBay ရဲ့ CEO ဟောင်း၊ လက်ရှိ Hewlett-Packard Enterprise ရဲ့ CEO ဖြစ်တဲ့ Meg Whitman ဟာအမျိုးသမီးစီးပွားရေးခေါင်းဆောင်တစ်ဦးသာမက နိုင်ငံရေးသမားတစ်ဦးလဲ ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားမြို့တော်ဝန် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး သမ္မတရွေးကောက်ပွဲ မဲဆွယ်မှုတွေမှာလဲ ပါဝင်လှုပ်ရှားနေသူပါ။ ၈။ Phebe Novakovic (CEO and Chairman of General Dynamics) နိုင်ငံတကာ ကာကွယ်ရေးနဲ့ လေယာဉ်တည်ဆောက်မှုဆိုင်ရာ နည်းပညာပစ္စည်းတွေ ထုတ်လုပ်တဲ့ General Dynamics ရဲ့အရောင်းအားဟာ ၂၀၁၆ ခုနှစ်မှာ အနည်းငယ်ကျဆင်းလာခဲ့ပါတယ်။ ဒါပေမယ့် Phebe Novakovic ရဲ့ ဆိုက်ဘာလုံခြုံရေးစနစ်နဲ့ပတ်သတ်တဲ့ လုပ်ဆောင်ချက်တွေကတော့ အောင်မြင်ခဲ့တယ်လို့ ပြောရပါမယ်။ ကုမ္ပဏီအနေနဲ့ စာချုပ်သစ်ချုပ်ဆိုမှုတွေလုပ်နိုင်ဖို့ စွမ်းဆောင်ပေးခဲ့ပါတယ်။ ၉။ Irene Rosenfeld (Kraft, CEO and Chairman of Mondelez International) Kraft ကုမ္ပဏီရဲ့ အခွဲအဖြစ် သီးခြားရပ်တည်လည်ပတ်နေတဲ့ နာမည်ကျော် Oreo လိုမုန့်တွေကို ထုတ်လုပ်တဲ့ Mondelez Interanational ကုမ္ပဏီရဲ့ CEO ဖြစ်ပါတယ်။ Irene Rosenfeld အနေနဲ့ လာမယ့် နိုဝင်ဘာလမှာဆိုရင်တော့ လက်ရှိ CEO နေရာကနေ အနားယူတော့မယ်လို့ ကြေငြာထားပါတယ်။ ၁၀။ Sanfra Catz (Co-CEO of Oracle) နာမည်ကျော် နည်းပညာကုမ္ပဏီဖြစ်တဲ့ Oracle ရဲ့ ပူးတွဲ CEO ဖြစ်တဲ့ Sanfra Catz ဟာ ကုမ္ပဏီရဲ့ လုပ်ငန်းချဲ့ထွင်မှုကို ဦးဆောင်နေသူဖြစ်ပါတယ်။ ကုမ္ပဏီသမိုင်းမှာ အကြီးမားဆုံး အပေးအယူဖြစ်တဲ့ NetSuite ($9.3 billion) ကုမ္ပဏီကို ဝယ်ယူမှုကို ဦးဆောင်ခဲ့သူလဲဖြစ်ပါတယ်။ အခုစာရင်းထဲမှာမပါပေမယ့် အခြားနိုင်ငံအသီးသီးမှ အောင်မြင်ကျော်ကြား အမျိုးသမီးစီးပွားရေးခေါင်းဆောင်များစွာလဲ ရှိပါသေးတယ်။ စိတ်ဝင်စားဖို့လဲကောင်းတယ်၊ အားကျဖို့လဲကောင်းတာမို့ အချိန်ရမယ်ဆိုရင် တစ်ယောက်ချင်းစီရဲ့ အကြောင်းအသေးစိတ်ကို ရှာဖွေဖတ်ရှုကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။ ? ( BaWa101 ) Source: “Fortune most powerful women in business 2016,” time.com မှဘာသာပြန်ဖော်ပြထားပါသည်။ ပုံမ ျားကိုအွန်လိုင်းမှကူးယူဖော်ပြထားပါသည်။


အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။