မည်သည့်ပွဲလမ်းသဘင်အတွက်မဆို လက်ဆောင်ဘယ်လိုရွေးမလဲ။

ပွဲလမ်းသဘင်တွေ၊ အထိမ်းအမှတ်ပွဲတွေ၊ နှစ်ပတ်လည်ပွဲတွေအတွက် ပွဲတွေမတိုင်မီ၊ လက်ဆောင်တွေပေးတတ်ကြပါတယ်။ အခြေအနေအရမူတည်ပြီး သင့်ရဲ့လက်ဆောင်က ခြားနားမှုရှိနေတာ ပိုကောင်းပါတယ်။ စကားထက် ပေးလိုက်တဲ့လက်ဆောင်ပေါ်မူတည်ပြီး တစ်ခုခုမက်ဆေ့ပေးလိုက်သလိုဖြစ်သွားတာမျိုးက လက်ဆောင်ကို လက်ခံရတဲ့သူအတွက် အပြောင်းအလဲတစ်ခုဖြစ်နိုင်သလို အံ့သြဝမ်းသာမှုပေးနိုင်မှာပါ။ အဲဒါကြောင့် ဘယ်လိုပွဲလမ်းသဘင်မျိုးအတွက်မဆို လက်ဆောင်ဘယ်လိုရွေးချယ်မလဲဆိုတဲ့အကြောင်းလေး ရေးသားဖော်ပြပေးလိုက်ပါတယ်။ သင်ရွေးချယ်မယ့် လက်ဆောင်က အောက်ပါအချက်တွေနဲ့ ကိုက်ညီနေပါစေ။


၁) သက်ဆိုင်မှုရှိပါစေ။
သင်ပေးမယ့်လက်ဆောင်က ပွဲလမ်းသဘင်နဲ့ကိုက်ညီမှုရှိတဲ့လက်ဆောင်မျိုးကို စဉ်းစားပါ။ သင်သွားရမယ့်ပွဲနဲ့ ကိုက်ညီပြီး မြင်လိုက်တာနဲ့ ကောင်းတဲ့ထင်မြင်ချက်မျိုးရနိုင်တဲ့လက်ဆောင်မျိုးဖြစ်ဖို့လိုပါတယ်။ သင်သွားမယ့်ပွဲလမ်းသဘင်မှာ လက်ဆောင်လက်ခံမယ့်သူ အသုံးမဝင်မယ့်ပစ္စည်းမျိုးကိုမပေးမိဖို့လည်း လိုပါတယ်။ လက်ဆောင်လက်ခံမယ့်သူ အမှတ်တကယ်အသုံးဝင်တဲ့ပစ္စည်းမျိုးဖြစ်သင့်ပါတယ်။
၂) ကိုယ်ပိုင်အမှတ်အသားဖြစ်ပါစေ။
သင့်ရဲ့ကုမ္ပဏီအနေနဲ့သွားတယ်ဆိုရင်လည်း ကုမ္ပဏီအမှတ်အသားပါပါစေ၊ ဒါမှမဟုတ် သင်နဲ့ပတ်သက်တဲ့ပုဂ္ဂိိုလ်ရေးအမှတ်အသားပါတာမျိုးက အရမ်းကောင်းတဲ့အတွေးဖြစ်ပြီး သင့်ရဲ့လက်ဆောင်ကိုလက်ခံရသူကလည်း သူ့အပေါ်သင်တလေးတစားရှိတာမျိုးကို ခံစားရစေပါလိမ့်မယ်။
၃) သင်တတ်နိုင်တာဖြစ်ပါစေ။
ဈေးကြီးတဲ့လက်ဆောင်မျိုးပေးတာက ကောင်းပေမယ့် သင့်အတွက် အခက်အခဲဖြစ်စေမယ်ဆိုရင်တော့ သင်တတ်နိုင်တဲ့ဘတ်ဂျက်အတွင်းက လက်ဆောင်မျိုးပေးတာက ပိုအဆင်ပြေစေပါတယ်။
၄) သင့်တော်တဲ့အရွယ်အစားပမာဏဖြစ်ပါစေ။
သင့်ရဲ့လက်ဆောင်က အရွယ်အစားလည်း အရမ်းသေးမယ်၊ ဈေးလဲပေါမယ်ဆိုရင် လက်ခံမယ့်သူက စိတ်ပျက်သွားစေနိုင်ပါတယ်။ အရွယ်အစားက အရမ်းကိုကြီးမားနေပြန်ရင်လည်း အခမ်းအနားထဲမှာ နေရာအခက်အခဲနဲ့ သယ်ဆောင်သွားရမှာနဲ့ အဆင်ပြေမပြေထည့်စဉ်းစားသင့်ပါသေးတယ်။ အဲဒါကြောင့် အရွယ်အစားကလည်း အနေတော်ဖြစ်ပြီး ဈေးကလည်း သင်တတ်နိုင်တဲ့ပမာဏအတွင်းဖြစ်မယ်၊ လက်ခံမယ့်သူလည်း တကယ်လိုအပ်နေတဲ့ပစ္စည်းဖြစ်မယ်ဆိုရင် အကောင်းဆုံးပါပဲ။
၅) ဆွဲဆောင်မှုရှိပါစေ။
အမြင်အာရုံကနေ လက်ဆောင်ပစ္စည်းကို အရင်မြင်တာဖြစ်တဲ့အတွက် ဆွဲဆောင်မှုရှိတဲ့လက်ဆောင်ဖြစ်ဖို့လည်း အရေးကြီးပါသေးတယ်။ လက်ဆောင်မပေးခင်မှာ အချိန်ယူပြီး လက်ဆောင်လက်ခံမယ့်သူအတွက် ဆွဲဆောင်မှုရှိမရှိ တွေးပြီး ဝယ်ယူသင့်ပါတယ်။ လက်ဆောင်မှာ ဖဲပြားလှလှလေးတွေနဲ့ ဘူးကိုသေချာလေး လှပသပ်ရပ်အောင်ထုပ်ပိုးတာမျိုး ဒါမှမဟုတ် ဆုတောင်းပို့စကဒ်လှလှလေးထည့်ထားတာမျိုးပေါ့။
အခုလောက်ဆိုရင်တော့ ဘယ်ပွဲလမ်းသဘင်အတွက်မဆို လက်ဆောင်ဝယ်ဖို့ ထည့်စဉ်းစားသင့်တဲ့အချက်လေးတွေ သိလောက်ပါပြီနော်။
ပွဲတစ်ခုရှိရင် ဘာလက်ဆောင်ပေးလို့ပေးရမှန်းမသိတဲ့သူတွေအတွက် အထက်ကအချက်လေးတွေ ထည့်စဉ်းစားပြီး ဝယ်သင့်မဝယ်သင့်တွေးလို့ရသွားလောက်ပါပြီ။
https://blog.cvent.com/events/how-to-pick-the-perfect-post-event-attendee-gift/လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။