မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝသောအစားအစာများ၊ ကောင်းကျိုးနဲ့ဆိုးကျိုးများ

စာဖတ်သူတော်တော်များများကို အရင်က ဘာအစားအစာ စားရင် ဘာကောင်းကျိုးရမယ်ဆိုပြီးပဲ ဖော်ပြပေးခဲ့ပါတယ်။ ခုတပတ်တော့ မဂ္ဂနီဆီယမ်ဓာတ်က ဘာတွေကောင်းလဲ၊ ဘယ်အစားအစာတွေမှာ အဓိကပါဝင်သလဲ၊ ဆိုတာမျိုး ဖော်ပြပေးချင်ပါတယ်။ အဲဒါမှ မဂ္ဂနီဆီယမ်ဓာတ်ပါဝင်တဲ့အစားအစာတွေ တစ်ပြိုင်တည်းမှတ်သားလို့ရသွားမှာပါနော်။ ခန္ဓာကိုယ်အတွက် မဂ္ဂနီဆီယမ်ဓာတ်ကလည်း လိုအပ်တဲ့ဓာတ်တစ်မျိုးဖြစ်ပါတယ်။ မဂ္ဂနီဆီယမ်ဓာတ်ချို့တဲ့လာတဲ့အခါ ဘာတွေဖြစ်လာနိုင်သလဲဆိုတာ ဖတ်ကြည့်ပါအုံးနော်။


၁) မဂ္ဂနီဆီယမ်ဓာတ်က နှလုံးသွေးကြောရဲ့ကြွက်သားများလုပ်ဆောင်ချက်ကို ကူညီပေးနိုင်တဲ့အတွက် နှလုံးရောဂါနဲ့ပတ်သက်တဲ့ရောဂါများမဖြစ်ပေါ်ဖို့ကူညီပေးနိုင်ပါတယ်။ အဲဒါကြောင့် မဂ္ဂနီဆီယမ်ဓာတ်လျော့နည်းချို့တဲ့မယ်ဆိုရင် နှလုံးသွေးကြောဆိုင်ရာရောဂါများဖြစ်ပေါ်စေနိုင်ပါတယ်။
၂) ရုတ်တရက် ကြွက်သားနာကျင်ခြင်း၊ ကြွက်တတ်ခြင်းဖြစ်ပေါ်နိုင်ပါတယ်။
၃) သွေးဖိအားတိုးခြင်း၊ သွေးတိုးခြင်းဖြစ်ပေါ်နိုင်ပါတယ်။
၄) စိုးရိမ်ပူပန်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။
၅) မ ဟိုမုန်းဓာတ်မြင့်မားလာတဲ့အတွက် ဟိုမုန်းနဲ့ပတ်သက်တဲ့ ပြဿနာတွေဖြစ်ပေါ်နိုင်ပါတယ်။
၆) ကိုယ်ဝန်ဆောင်တွေမှာ သွေးတိုးခြင်း၊ ကြွက်တက်ခြင်းနဲ့ အခြားပြဿနာတွေဖြစ်ပေါ်နိုင်ပါတယ်။
၇) ကောင်းမွန်စွာအိပ်စက်ဖို့ မဂ္ဂနီဆီယမ်ဓာတ်လိုအပ်ပါတယ်။
၈) ကိုယ်စွမ်းအင်လျော့နည်းစေနိုင်ပါတယ်။
၉) အရိုးကျန်းမာရေးအတွက်လည်း လိုအပ်ပါတယ်။
၁၀) အခြားအာဟာရဓာတ်တွေလိုပဲ မည်မည်ရရ အသုံးပြုဖို့ လိုအပ်ပါတယ်။
အဲဒါဆိုရင် မဂ္ဂနီဆီယမ်ဓာတ်က အခြားအာဟာရဓာတ်တွေလိုပဲ လိုအပ်တာကို သိပြီဆိုတော့ မဂ္ဂနီဆီယမ်ပါဝင်တဲ့အစားအစာတွေကို စားသုံးနိုင်ဖို့ မှတ်ထားသင့်ပါတယ်။ အဲဒါတွေကတော့
- ဟင်းနုနွယ်ရွက်
- ဖရုံစေ့
- ဒိန်ချဉ်
- ဗံဒါစေ့
- ပဲစေ့နက်
- ငှက်ပျောသီး
- အနက်ရောက်ချောကလက်
- သဖန်းသီး
- ထောပတ်သီး
အထက်က ဖော်ပြထားတဲ့အသီးအနှံတွေကတော့ မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့အသီးအနှံတွေပဲဖြစ်ပါတယ်။ အားလုံးပဲ မျှတအောင် စားသုံးခြင်းဖြင့် ကျန်းမာရေးနဲ့ညီညွှတ်နိုင်ကြပါစေ။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။